Things To Do

ကိုလိုနီခေတ်မှစကာ နှစ်ပေါင်း (၁၀၀)နီးပါး တည်ရှိနေတဲ့ ရန်ကုန်မြို့ရဲ့ သမိုင်းဝင် ဗိုလ်ချုပ်ဈေးကြီး

Bo Choke Market

ခမ်းနားပြီး ကြီးမားတဲ့ထုထည်နဲ့ ရန်ကုန်မြို့လယ်မှာ တည်ရှိနေတဲ့ တစ်ခုတည်းသော ဈေးဟာ ဗိုလ်ချုပ်အောင်ဆန်း ဈေးကြီးပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဈေးဟာ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်ရဲ့ ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ ခန့်ညားစွာ တည်ရှိပါတယ်။ 

ဗိုလ်ချုပ်ဈေးရဲ့ အဆောက်အအုံကြီး ရှိခဲ့တဲ့ နေရာဟာ ယခင် ကိုလိုနီခေတ်ဦးတုန်းက အယ်လီဖင့်စတုံး၊ အင်ပါရာဖာရစီ ကဇာတ်ရုံနဲ့ စီနီမာဒီပဲရစ် ရုပ်ရှင်ရုံများ တည်ရှိခဲ့တဲ့ နေရာဖြစ်ပါတယ်။ (၁၉၆၂)ခုနှစ်မှသာ အဲ့ဒီရုံတွေကို ဖျက်သိမ်းပြီး ဗိုလ်ချုပ်ဈေးကြီး စတင် ဖြစ်တည်ခဲ့တာပါ။ 

စတင်ဖွင့်လှစ်ခဲ့စဉ်က ဗိုလ်ချုပ်ဈေးဟာ မြူနီစပါယ်မင်းကြီး စကော့ကို ဂုဏ်ပြုတဲ့အနေနဲ့ စကော့ဈေးလို့ ခေါ်တွင်ခဲ့ပြီး ဂျပန်ခေတ်တုန်းက ရန်နိုင်ဈေးလို့ ခေါ်ဆိုခဲ့ကြပါတယ်တဲ့။ နောက်ပိုင်းမှာမှ ဗိုလ်ချုပ်အောင်ဆန်းကို အောက်မေ့သတိရသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းဈေးလို့ ခေါ်တွင်ခဲ့တာ ဖြစ်ပါတယ်။ 

တစ်ချိန်က ဗိုလ်ချုပ်ဈေးဟာ မြန်မာနိုင်ငံမှာသာမက အာရှနိုင်ငံတွေအထိပါ နာမည်ကြီး ကျော်ကြားခဲ့တဲ့ ဈေးကြီးတစ်ခုဖြစ်ပါတယ်။ ဂုဏ်ကြီး ဒြပ်ကြီး အသိုင်းအဝိုင်းတွေနဲ့ အာရှသားတွေဟာ မြန်မာနိုင်ငံကို ရောက်ရင် ဗိုလ်ချုပ်ဈေးကို မဖြစ်မနေ သွားရတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဈေးကြီးတစ်ခု ဖြစ်ပါတယ်။ 

ဗိုလ်ချုပ်ဈေးရဲ့ အဆောက်အအုံဟာ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံး တစ်ခုဖြစ်ပြီး (၂၀၁၇)ခုနှစ်မှာတော့ ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT)က မြို့ပြရဲ့ အမွေအနှစ်တစ်ခုအဖြစ် အပြာရောင်ကမ္ဗည်းပြားကို  တပ်ဆင်ခဲ့ပါတယ်။

⇐ Previous Next

Read 183 times