Travel

11 Mile River Resort

11 Mile River Resort

အားလပ်ရက်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေ စုပြီး ခရီးတိုလေးတစ်ခု သွားချင်ရင် ဒါမှမဟုတ် ရန်ကုန်မြို့နဲ့လည်း နီးရမယ်၊ မြို့ပြရဲ့ မွန်းကြပ်မှုတွေကနေလည်း အပန်းပြေချင်တယ်ဆိုရင် ကိုယ်ပိုင်ခြံလေးထဲမှာ ပျော်ပွဲစားထွက်သလိုမျိုး အနားယူလို့ရမယ့် အပန်းဖြေစရာနေရာလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ 

နေရာကတော့ ရန်ကုန်မြို့နဲ့ နီးတဲ့ လှည်းကူး အမြန်လမ်း (၁၁) မိုင် (၂) ဖာလုံမှာ ရှိပြီး နာမည်ကတော့ 11 Mile River Resort ဖြစ်ပါတယ်။ နေ့ချင်းပြန်ခရီးတိုအဖြစ် သွားလို့ရသလို ညအိပ် အနားယူချင်တယ်ဆိုရင်လည်း တန့်တွေ၊ ဘန်ဂလိုအိမ်လေးတွေ ရှိပါတယ်။ 

Day Room Rent (10AM - 6 PM)

၂ ယောက်ခန်း - ၃၀,၀၀၀ ကျပ်

၅ ယောက် မိသားစုခန်း - ၅၀,၀၀၀ ကျပ်

Night Room Rent (10AM - 9AM)

မနက်စာ ထမင်းကြော်နဲ့ လက်ဖက်ရည်/ကော်ဖီပါပြီးကို 

၂ ယောက်ခန်း - ၄၀,၀၀၀ ကျပ်

၅ ယောက် မိသားစုခန်း - ၆၅,၀၀၀ ကျပ် အသီးသီး ရှိပါတယ်။

ခြံထဲမှာ ပျော်ပျော်ပါးပါး လုပ်ဆောင်လို့ရမယ့် Activities တွေလည်း စီစဉ်ပေးထားပါတယ်။ 

- စက်ဘီး၊ ဆိုင်ကယ် ငှားပေးခြင်း

- လှေစီးခြင်း၊ ဖေါင်စီးခြင်း

- ရေကစားခြင်း

- ငါးမျှားခြင်း

- မီးပုံပွဲ

- ကာရာအိုကေ သီချင်းဆိုခြင်း

- သီးသန့် ပါတီပြုလုပ်ခြင်း

- မြင်းစီးခြင်း

- ဂေါက်ရိုက်ခြင်း

- Off-road Buggy မောင်းခြင်း

- သီးသန့်ရေကူးကန်မှာ ရေကူးခြင်း

မြင်းစီး - ၃,၀၀၀ ကျပ်

Buggy - ၅,၀၀၀ ကျပ်

ရေကူးကန် - ၅,၀၀၀ ကျပ်

ကာရာအိုကေ - တစ်နာရီ ၁၀,၀၀၀ ကျပ်

Special Package (10AM - 9AM)

အခန်းခအပါအဝင် 

Lunch set

Pool Bar Drinks & BBQ 

Breakfast ပါတဲ့ ပတ်ကေ့ချ်ကို 

For Couple - 60000 Ks 

For Family (Max 5 people) - 120000 Ks သတ်မှတ်ထားပါတယ်။ 

ဒီပတ်ကေ့ချ်မှာ သတ်မှတ်ထားတဲ့ ငါးယောက်ထက် အပိုလူ ထည့်ချင်ရင် (၁) ဦးကို 20000 Ks ထပ်ပေးရပါတယ်။ 

အစားအသောက် သီးသန့် မှာယူလိုပါကလည်း စီစဉ်ပေးပါတယ်။ အညာလက်ရာ အစားအသောက်တွေ၊ ထန်းရည်၊ ကော့တေး အကုန်ရပါတယ်။ 

Group Package (၃၀ ယောက်နှင့်အထက်) ဆိုရင် အခန်းခနှင့် အစားအသောက်ပါ တယောက်ကို အနည်းဆုံး ၂၀,၀၀၀ ကျပ်မှစ၍ အထူးသီးသန့်ဈေးနှုန်းဖြင့် စီစဉ်ပေးပါတယ်။

မီးပျက်ရင် နှစ်နာရီခြားတစ်ခါ မီးစက်နှိုးပေးပါတယ်။ အင်တာနာလိုင်း၊ ဖုန်းလိုင်း အကုန်မိပါတယ်။ ဝိုင်ဖိုင်ဖရီးတော့ မရသေးပါဘူး။ 

သွားရောက်လည်ပတ်ချင်တယ်ဆိုရင် ကြိုတင် Booking ဖြင့် လက်ခံပါတယ်။ Booking နဲ့ ပတ်သက်ပြီး သိလိုပါက Page Messenger ကနေ မေးမြန်းလို့ရသလို 09777070305, 09962042217 ကို ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်။

⇐ Previous Next

Read 2415 times