Travel

5 Hotels in Yangon where you can go to Staycation at Mid Range Price

5 Hotels in Yangon where you can go to Staycation at Mid Range Price

မွန်းကြပ်နေတဲ့ စိတ်တွေကို အပန်းဖြေဖို့အတွက် နည်းလမ်းကောင်းတွေ အများကြီးရှိပါတယ်။ အိမ်တွင်းအောင်းပြီး စိတ်ညစ်နေမယ့်အစား ခဏတာလွတ်လပ်မှုကို ရှာဖွေသင့်ပါတယ်။ လေးလံနေတဲ့ စိတ်တွေကို ပေါ့ပါးသွားအောင် ခရီးသွားဖို့ကြတော့လည်း ရောဂါကူးစက်မှာ ကြောက်ရပါတယ်။

ဒါ့ကြောင့် ဒီလိုခက်ခဲတဲ့ နေ့ရက်တွေကို ဖြတ်ကျော်နိုင်ဖို့အတွက် မိသားစုတွေ၊ ချစ်ရတဲ့သူတွေနဲ့ အတူတူ ပျော်စရာရှာဖွေပြီး ခဏတဖြုတ် အနားယူချင်တဲ့သူတွေအတွက် ရန်ကုန်မြို့မှာရှိတဲ့ အတန်ဆုံးစျေးနှုန်းတွေနဲ့ အမိုက်စားဟိုတယ်တွေရဲ့ Staycation Deal တွေကို ပြောပြပေးပါမယ်။

Clover Suites Royal Lake Hotel & Serviced Apartments

ရန်ကုန်မြို့ထဲမှာပဲ နေချင်တယ် ပြီးတော့ Luxury ဆန်ဆန်လေးနဲ့ အေးဆေး Chill ချင်တဲ့သူတွေအတွက် အသင့်တော်ဆုံး Hotel ကတော့ Clover Suites Royal Lake ဖြစ်ပါတယ်။ Premier Deluxe  ၂ယောက်ခန်းကို တစ်နေ့တာ အတွက် ပေးရတဲ့ ဈေးနှုန်းကလည်း အနေတော်ပါပဲ။ 

Monday to Thursday ဆိုရင် (၅၀၀၀၀) ကျပ်ကျသင့်မှာ ဖြစ်ပြီး Friday to Sunday ဆိုရင် (၄၅၀၀၀) ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။ နောက်ပြီး Breakfast Buffet၊ Wifi၊ Rooftop Swimming Poolနဲ့ Gym စတာတွေကို စိတ်ကြိုက်သုံးစွဲခွင့်ရရှိမှာ ဖြစ်ပါတယ်။ အခန်းခကို ငွေသားအပြင် Visa / Master/ CB pay/ K pay/ MPU/ Mobile Banking (AYA, KBZ) တွေနဲ့လည်း ပေးချေနိုင်ပါတယ်။

Facebook Page - Link Here

ဆက်သွယ်ရန် - 01 8604680, 01 8604681 နဲ့ 01 8604682

လိပ်စာ - No.10, Ngar Htet Gyi Pagoda Street, Bahan Township, Yangon, Myanmar, 11201. (နတ်မောက်လမ်းပေါ်ရှိ ဂျပန်သံရုံး ဘေးကပ်လျက်လမ်း ဝင်္ဂဘာလမ်းမှဝင်ရန်) 

Yangon Great City Hotel

အင်းစိန်မြို့နယ်ထဲမှာရှိတဲ့ ဒီ Hotel က Staycation ဖို့အတွက် အကောင်းဆုံး Hotel တစ်ခုဖြစ်ပါတယ်။ Staycation နေမယ်ဆိုရင်တော့ ကြိုပြီး Booking လုပ်ထားဖို့တော့ လိုပါတယ်။ Day Cation မနက် (၉) နာရီမှ ညနေ (၆) နာရီထိကို Standard room - 35000 ကျပ်၊ Superior room - 40000k/50000 ကျပ်၊ Deluxe room - 60000 ကျပ် (Include Bathtub) ကျသင့်မှာ ဖြစ်ပြီး အချိန်ပိုင်းဆိုရင်တော့ (၃) နာရီကို 20000 ကျပ် ကျသင့်ပါမယ်။

Facebook Page - Link Here

ဆက်သွယ်ရန် - 09884453977၊ 09884453976

လိပ်စာ - အမှတ်( 7)၊ မဂ္ဂင်ကျောင်းလမ်း၊ အင်းစိန်မြို့နယ်၊ ဘိုကုန်းမှတ်တိုင်အနီး၊ ရန်ကုန်မြို့။

Hotel Parami Yangon

ဘော်ဒါတွေနဲ့ အေးဆေး Chill မယ်ဆိုရင်တော့ Hotel Parami ကို အရင်ဆုံး သတိရလိုက်ပါ။ သင့်တော်တဲ့ ဈေးနှုန်းတွေနဲ့ သာသာယာယာ အပန်းဖြေရုံပါပဲ။ Deluxe Room ကို 55000 ကျပ် (Without Breakfast)၊ 65000 ကျပ် ( With Breakfast ) ကျသင့်မှာ ဖြစ်ပြီး Premium Suite က်ု 89000 ကျပ် (Without Breakfast)၊ 99000 ကျပ် (With Breakfast ) ကျသင့်မှာ ဖြစ်ပါတယ်။

Facebook Page - Link Here

ဆက်သွယ်ရန် - 01 658 116 to 118 / 09 9779 55555

လိပ်စာ - No.2 Parami Rd, Mayangone Tsp , Yangon

Hotel Sincere Smile Yangon

Staycation လို့ကောင်းတဲ့ Hotel တစ်ခုဖြစ်ပြီး တိတ်ဆိိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်ကြောင့် အပန်းဖြေအနားယူဖို့ နေရာကောင်းတစ်ခုပါ။ တစ်နေ့တာ အခန်းခကတော့ 28,000 ကျပ် ( Monday to Thursday )၊32,000 ကျပ် ( Friday, Saturday and Sunday ) ဖြစ်ပါတယ်။ ဈေးနှုန်း အပြောင်းအလဲတော့ ရှိနေနိုင်ပါတယ်။

Facebook Page - Link Here

ဆက်သွယ်ရန် - 09961406000, 018551143, 018562489 

လိပ်စာ - Mya Yamon Riverbank Esplanade Villa, Nothern Kyeepwaryay Qtr., Thingangyun Tsp., Yangon, Myanmar

Esperado Lake View Hotel

မင်္ဂလာတောင်ညွှန့်မြို့နယ်မှာရှိပြီး Lake View Hotel ဖြစ်တဲ့အတွက် ပင်ပန်းနေတဲ့ စိတ်တွေကို အနားပေးဖို့ သင့်တော်ပါတယ်။ ဖုန်း 09 969 933377 ကို ဆက်သွယ်ပြီး Booking ပြုလုပ်နိုင်ပါတယ်။ ရန်ကုန်မြို့ထဲမှာ ဆိုပေမယ့်လို့ မြို့ပြအငွေ့အသက်ကို မခံစားရတဲ့အတွက် မဖြစ်မနေ သွား Chill ဖို့ အကောင်းဆုံးပါပဲ။

Facebook Page - Link Here

⇐ Previous Next

Read 2739 times