Travel

6 Campsites not far from Yangon where you can relax like a fighter

6 Campsites not far from Yangon where you can relax like a fighter

ကိုဗစ်ကူးစက်မှုကြောင့် ဒီကာလတွေဟာ ကျွန်တော်တို့တွေအတွက် အလွန်ခက်ခဲကြပါတယ်။ ကိုဗစ်နဲ့ပတ်သက်ပြီး ကျန်းမာရေးထုတ်ပြန်ချက်တွေကြောင့် Stay Homeရင်း အသွားအလာတွေ ရပ်တန့်ထားရပါတယ်။

ဒါပေမယ့် အိမ်ထဲမှာ အကြာကြီးနေကြရတဲ့ သူတွေက အချိန်ကြာလာတာနဲ့ အမျှငြီးငွေ့နေကြပြီး အပန်းဖြေအနားယူဖို့ စိတ်အားထက်သန်လာကြတဲ့ အတွက် ဟိုတယ်တွေမှာ မိသားစု/သူငယ်ချင်းတွေနဲ့ Staycation နေကြသလို Camp တွေလည်းနေကြပါတယ်။

The Science Behind Why Camping Makes You Happy | ACTIVE

ကိုဗစ်အေးကာလရောက်လာတဲ့ အခါမှာတော့ ရန်ကုန်တိုင်းဒေသကြီးထဲမှာရှိတဲ့ Camp ချပြီး အပန်းဖြေလို့ရတဲ့ နေရာတွေကို လူအများအပြား လာရောက်လည်ပတ်မှုက မြင့်တက်လာပါတယ်။

ဒါ့ကြောင့် ရန်ကုန်တိုင်းဒေသကြီးထဲမှာရှိပြီး မြို့ပြရဲ့ အငွေ့အသက်တွေကနေ ဝေးကွာစေမယ့် အကောင်းဆုံး Campsite (၆) ကို ဖော်ပြပေးလိုက်ပါတယ်။

Mother’s Village Campground

သစ်ပင်အကြီးကြီးတွေ အုပ်မှိုင်းနေတဲ့ ဒီ Campsite က စိမ်းလန်းစိုပြေနေပြီး လည်ပတ်လို့ ကောင်းတဲ့နေရာလေးတစ်ခု ဖြစ်ပါတယ်။ Camp မှာ စက်ဘီးစီးမလား? ဘောလုံးကန်မလား? ကြက်တောင်ရိုက်ကြမလား? နေဝင်ချိန်အလှလေး ခံစားရင်း ဂစ်တာတီးပြီး သီချင်းဆိုမလား? ညဘက်ဆိုကြယ်လေးတွေကြည့်မလား? ကြိုက်တာတွေကို လုပ်နိုင်တဲ့ outdoor လေး တစ်ခုဖြစ်ပါတယ်။

တစ်နေ့အတွက် Campခက (၁၅,၀၀၀) ကျပ် (နေ့လယ်စာပါပြီး)၊ နေ့လည် ၁၂ နာရီမှနံနက် ၁၀ နာရီထိဖြစ်ပါတယ်။ လူ (၅) ဦးနှင့် အထက်အဖွဲ့လိုက်ဆိုရင် လူတစ်ဦးကို (၃၂,၀၀၀) ကျပ် ကျသင့်မှာဖြစ်ပါတယ်။ (နံနက်စာ၊ နေ့လည်စာနှင့် ကြက်သား၊ ဝက်သားသို့မဟုတ်အမဲသားနဲ့ ညစာပါဝင်ပါတယ်၊ ခေါက်ဆွဲပြုတ်နဲ့ သစ်သီးတွေလည်း ပါဝင်ပါသေးတယ်) အကယ်၍ ကိုယ့်ဘာသာ ကိုယ်ပိုင်အစားအစာတွေကို ချက်ပြုတ်မယ်ဆိုရင်လည်း အများသုံးမီးဖိုတွေကို အသုံးပြုလို့ရပါတယ်။

ဒီ Campsite ကိုသွားချင်တယ်ဆိုရင်တော့ Booking ပြုလုပ်ပေးဖို့တော့ လိုအပ်ပါတယ်။ ရန်ကုန် - မန္တလေးအဝေးပြေးလမ်းမကြီး (၁၆ မိုင်) ရှိ ကွင်းနီမြို့အနီးမှာ Mother’s Village က သင့်ကို စောင့်မျှော်နေပါတယ်။

ဖုန်းနံပါတ်: 09 450 490 091/09 265 444 337

Facebook >> https://bit.ly/2MqeLhm

38 Miles Farm House

38 Miles Farm House ကို လူကြိုက်များစေတဲ့ အကြီးမားဆုံးဆွဲဆောင်မှုကတော့ ပဲခူးမြစ်ပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကလည်း သက်သာပြီး လူတစ်ဦးကို (၁၃,၀၀၀) ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။

ဒီ Camp က ရန်ကုန် - မန္တလေးအဝေးပြေးလမ်းမကြီးရဲ့ (၃၈) မိုင်အကွာမှာ ရှိတာကြောင့် 38 Miles Farm House ဆိုပြီးဖြစ်လာတာပါ။ တစ်နေ့လုံးတည်းခိုနိုင်တဲ့ အချိန်တွေကတော့ နံနက် (၁၀) နာရီမှ ညနေ (၂) နာရီထိ နံနက်စာအပါအ၀င် လူတစ်ဦးကို ကျပ် (၃၀၀၀၀) (သို့) နေ့လည်စာနဲ့ ညစာအပါအဝင် လူတစ်ဦးကို ကျပ် (၄၀၀၀၀) အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။ နေ့ချင်းပြန်ဆိုရင်တော့ နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိဖြစ်ပါတယ်။

ပဲခူးမြစ်ရဲ့ လေကောင်းလေသန့်တွေကို ရှူရှိုက်ရင်းနဲ့ မိသားစုတွေ/သူငယ်ချင်းတွေနဲ့ ပျော်ပါးချင်ရင်တော့ မဖြစ်မနေ သွားရောက်လည်ပတ်သင့်ပါတယ်။

ဖုန်းနံပါတ်: 09 988 293 221 သို့မဟုတ် 09 424 821 233

Facebook >> https://bit.ly/3sRLX2l

Green Leaves

ရေပတ်လည်ဝန်းရံနေပြီး စိမ်းစိုနေတဲ့ ကော်ဖီစိုက်ခင်းတွေရဲ့ ဘေးမှာ Camping Tent လေးထိုးပြီး အစားအသောက်တွေ ချက်ပြုတ်စားသောက်ရင်း ချစ်ရတဲ့ သူတွေနဲ့ အမှတ်တရကောင်းတွေကို ဖန်တီးချင်တယ်ဆိုရင်တော့ ရန်ကုန်မြို့ကနေ (၂)နာရီလောက်ဝေးတဲ့ Green Leaves ကို သတိရလိုက်ပါ။

အတွေ့အကြုံကောင်းတွေကို ဖန်တီးချင်တဲ့သူတွေအတွက် Green Leaves က စောင့်ကြိုနေပါတယ်။ နောက်ပြီး ကိုယ်နားထောင်ချင်တဲ့ သီချင်းအလန်းစားလေးတွေကို ကြို Download လုပ်ထားဖို့တော့ လိုအပ်ပါတယ်နော်။ ဘာလို့လဲဆိုတော့ Green Leaves မှာ အင်တာနက်က မသေချာလို့ပါ။

Booking အတွက်ကို အနဲဆုံး လူ (၅) ဦး (သို့) (၁၀) ဦး ရှိမှသာလက်ခံပြီး ကားလည်း စီစဉ်ပေးပါတယ်။ လူတစ်ယောက်ကို (၃၀,၀၀၀) ကျပ်သာ ကျသင့်မှာ ဖြစ်ပြီး မနက်စာနဲ့ နေ့လည်စာ ပါဝင်ပြီးသား ဖြစ်ပါတယ်။

ဖုန်းနံပါတ်: 09 262 491 121

Facebook >> https://bit.ly/3qMwqi8

Karen Farm

ဒီ Camp မှာတော့ ရိုးရာယဉ်ကျေးမှုတွေကို အများဆုံးခံစားရစေမှာ ဖြစ်ပြီး ရန်ကုန်ကနေ တစ်နာရီခွဲလောက် မောင်းနှင်ရမှာဖြစ်ပါတယ်။ ကရင်ကျေးရွာက လှည်းကူးမြို့အနီးရှိ နိုဖာထောကျေးရွာမှာ တည်ရှိပြီး ကရင်လူမျိုးတွေရဲ့ စိုက်ပျိုးရေးနှင့်ဓလေ့ထုံးတမ်းတွေကို သေချာလေ့လာနိုင်ပါတယ်။

အဖွဲ့တစ်ဖွဲ့အနေနဲ့ အများဆုံး လူ (၁၅) ဦးထိလက်ခံပြီး စုစုပေါင်းကို (၁)သိန်း ကျသင့်မှာ ဖြစ်ပါတယ်။

Facebook >> https://bit.ly/3cb6RDv

Rubber Village Campground

Rubber Village က ရန်ကုန်မြို့ကနေ တစ်နာရီခွဲခန့်လောက်သွားရပြီး မှော်ဘီမြို့နယ်မှာ တည်ရှိပြီး ဆွဲဆောင်မှုရှိတဲ့ Campground တစ်ခုဖြစ်ပါတယ်။ နောက်ထပ်ဆွဲဆောင်မှုတွေက Shwe Yamin Organic Farm၊ ပုအုန်းတော် တရားအားထုတ်ရေးစင်တာနဲ့ ဖူးခက်ရေလှောင်ကန်တို့ ဖြစ်ပါတယ်။

Rubber Village Campground မှာ နေ့ချင်းပြန် အနားယူလို့ရပြီး ညအိပ်မယ်ဆိုရင်တော့ မနက်စာနဲ့ နေ့လည်စာပါဝင်မှာ ဖြစ်ပြီး လူ(၈)ဦးကို (၂)ယောက်ဆီ (၁၁၈,၀၀၀) ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။ တစ်ဦးချင်းစီဆိုရင်တော့ (၆၅,၀၀၀) ကျပ်ဖြစ်ပါတယ်။ 

ဖုန်းနံပါတ်: 09 97 031 9594

Facebook >> https://bit.ly/2MsRfQM

Island of Adventure

Island of Adventure ရဲ့ ထူးခြားတဲ့အချက်ကတော့ ညဘက်ကောင်းကင်က ကြယ်တွေကို ကြည့်ရင်း အပန်းဖြေရတဲ့ ခံစားချက်ပဲဖြစ်ပါတယ်။ နောက်ပြီး ငါးဖမ်းမလား? ဖောင်စီးမလား? စက်ဘီးစီးမလား? ရေကူးမလား? မြင်းစီးမလား? ကြိုက်သလို သောင်းကျန်းနိုင်ပါတယ်။

လှည်းကူးမြို့နယ်မှာ တည်ရှိပြီး ညအိပ်ညနေ အပန်းဖြေမယ်ဆိုရင်တော့ (၂)ဦးကို (၈၅,၀၀၀) ကျပ် ကျသင့်မှာဖြစ်ပြီး tents၊ ခြုံစောင်၊ အိပ်ယာနဲ့ အစားအစာ (၃)မျိုး ပါဝင်မှာ ဖြစ်ပါတယ်။ လူ (၅) ဦးဆိုရင်တော့ (၁၉၅,၀၀၀) ကျပ်နဲ့ လူ (၈)ဦးကို (၂၉၅,၀၀၀) ကျပ် အသီးသီးကျသင့်မှာ ဖြစ်ပါတယ်။ နေ့ချင်းပြန်ဆိုရင်တော့ လူတစ်ယောက်ကို (၂၀,၀၀၀) ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။

ဖုန်းနံပါတ်: 09752966335

Facebook >> https://bit.ly/2Yeibqi

Photo Credit

⇐ Previous Next

Read 2973 times