Travel

Beaches in Rakhine and Mon State

Beaches in Rakhine and Mon State

ဒီတစ်ခါမှာတော့ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်ထဲမှာ ရှိတဲ့ ကမ်းခြေတွေကို ပြောပြပေးချင်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာဆိုရင် လူအများစုက ငပလီလောက်ပဲ သိကြပေမယ့် တကယ်က ရခိုင်ကမ်းရိုးတန်းတစ်လျှောက် (၅) ခုလောက် ရှိပါတယ်။ မွန်ပြည်နယ်မှာကတော့ လူသိပြီးသားဖြစ်တဲ့ စက်စဲကမ်းခြေနဲ့ နောက်ထပ် လူသိနည်းတဲ့ ကမ်းခြေတစ်ခု ရှိနေပါသေးတယ်။ 

 

ရခိုင်ပြည်နယ်ထဲက ကမ်းခြေများ

 

မြန်မာနိုင်ငံမှာ အလှဆုံးကမ်းခြေဖြစ်တဲ့ ငပလီကမ်းခြေ တည်ရှိရာ ရခိုင်ပြည်နယ်ထဲမှာ ငပလီနဲ့ ကမ်းသာယာကမ်းခြေ အပါအဝင် ညနေ နေဝင်ချိန်တွေ ကြည့်လို့ကောင်းတဲ့၊ လမ်းလျှောက်လို့ကောင်းတဲ့ စစ်တွေကမ်းခြေနဲ့ ကျောက်ဖြူကမ်းခြေတွေလည်း ရှိပါတယ်။

 

Advertisement

Click Here > KM Fashion Shop

 

ငပလီကမ်းခြေ

 

မြန်မာနိုင်ငံရဲ့ အလှပဆုံးနဲ့ အသာယာဆုံးကမ်းခြေလို့ ပြောလိုက်ရင် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာရှိတဲ့ ငပလီက ထိပ်ဆုံးကပါပဲ။ ရေပြင် ကျယ်ပြန့်တာကြောင့် Snorkeling, Scuba Diving နဲ့ Kayaking လုပ်လို့ အကောင်းဆုံး ကမ်းခြေတစ်ခုဆိုလည်း မမှားပါဘူး။ 

 

စိမ်းစိုနေတဲ့ အုန်းပင်တွေ၊ အဖြူရောင်သဲတွေနဲ့ ပြာလဲ့နေတဲ့ ရေပြင်တွေကြောင့် ကြည့်လိုက်ရုံနဲ့တင် စိတ်အပန်းပြေသွားမှာ အမှန်ပါပဲ။ ဒါကြောင့် ငပလီကို မရောက်သေးဘူးဆိုရင် တစ်ခေါက်လောက်တော့ သွားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 

 

ရန်ကုန်ကနေဆိုရင် ကားလိုင်းတွေနဲ့သာမက လေကြောင်းလိုင်းနဲ့လည်း မြန်မြန်ဆန်ဆန် သွားရောက် အပန်းဖြေလို့ ရပါတယ်။ လေယာဉ်နဲ့ဆိုရင် (၄၅) မိနစ်လောက်ပဲ ကြာမှာ ဖြစ်ပြီး ကားနဲ့ဆိုရင်တော့ (၁၄) နာရီလောက်ထိ ကြာပါတယ်။ ကားဂိတ် သို့ လေဆိပ်ရောက်ပြီဆိုရင် တုတ်တုတ်၊ တက္ကစီ အဆင်ပြေရာ ငှားသွားလို့ ရပါတယ်။

 

ငပလီမှာရှိတဲ့ ဟိုတယ်များ

 

 

ကမ်းသာယာကမ်းခြေ

 

ဒီကမ်းသာယာကမ်းခြေကလည်း ငပလီရဲ့ အနီးအနားမှာ တည်ရှိတဲ့ ကမ်းခြေလေးတစ်ခုပါ။ ငပလီကမ်းခြေကိုပဲ လူတွေ သိကြပေမယ့် ဒီကမ်းခြေလေးကတော့ သိပ်မသိကြတဲ့ထဲ ပါပါတယ်။ လူအများအပြား လာရောက်ခြင်း မရှိလို့ Private Beach Experience ကို လိုချင်ရင် အေးအေးဆေးဆေး ဒီကမ်းခြေမှာ သွားရောက် အပန်းဖြေကြည့်ဖို့ အကြုံပြုချင်ပါတယ်။

 

ဒါပေမဲ့ ကမ်းသာယာကမ်းခြေမှာ ဘာဟိုတယ်၊ ဘာစားသောက်ဆိုင်မှ မရှိတာမို့လို့ ကိုယ့်ရဲ့ တစ်ကိုယ်ရေ အသုံးအဆောင်တွေ၊ စားသောက်စရာတွေနဲ့ လိုအပ်နိုင်သမျှ ပစ္စည်းအားလုံးကို လိုလိုမယ်မယ် အကုန်ထည့်သွားကြဖို့တော့ လိုပါလိမ့်မယ်။

 

 

ကားလိုင်းတွေ၊ လေကြောင်းလိုင်းတွေ၊ လက်မှတ်အရောင်းဌာနတွေနဲ့ ခရီးသွားအေဂျင်စီတွေရဲ့ လိပ်စာ၊ ဖုန်းနံပါတ် စတဲ့ အချက်အလက်တွေကို အောက်ကလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။

 

Advertisement

Click Here > KM Fashion Shop

 

မွန်ပြည်နယ်ထဲက ကမ်းခြေများ

 

စက်စဲကမ်းခြေ

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မှာရှိတဲ့ စက်စဲကမ်းခြေကတော့ လူတော်တော်များများ သိပြီးသား ဖြစ်လောက်မှာပါ။ အညိုရောင်သဲသောင်ပြင်တွေနဲ့ အတော်ကျယ်ဝန်းပြီး သာယာတဲ့ ကမ်းခြေတစ်ခုပါပဲ။ ဒါပေမယ့် တစ်ခါတစ်လေ သံလွင်မြစ်က မုတ္တမပင်လယ်ကွေ့ မြောက်ဘက်ကို စီးဆင်းတဲ့ အချိန်တွေမှာဆိုရင်တော့ နုံးမြေတွေ ပို့ချတတ်တာမို့ ရေနောက်လေ့ ရှိပါတယ်။

 

အနီးအနားမှာ တံငါရွာလေးတွေလည်း ရှိတာမို့ ကမ်းခြေမှာ အပန်းဖြေရုံသာမက ငါးဖမ်းသမားတွေရဲ့ နေ့စဉ်ဘဝတွေကိုပါ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

 

စက်စဲမှာ ရှိတဲ့ ဟိုတယ်များ

 

 

ကဗျာဝကမ်းခြေ

 

ကဗျာဝကမ်းခြေက မွန်ပြည်နယ်၊ မော်လမြိုင်မြို့နားမှာ ရှိပြီး  ရေးကနေဆို (၅) မိနစ်လောက် ကားမောင်းရုံနဲ့ ရောက်ပါတယ်။ ကမ်းခြေက သိပ်အကြီးကြီး မဟုတ်ပေမယ့် လှပတဲ့ သဲသောင်ပြင်နဲ့ ရေပြင်ကျယ်က သင့်ရဲ့ စိတ်ကို လန်းဆန်းသွားစေမှာ အမှန်ပါပဲ။ ဒါပေမဲ့ စားသောက်ဆိုင်တွေ သိပ်မရှိတာကြောင့် နိုဝင်ဘာနဲ့ ဧပြီလအတွင်းပဲ သွားဖို့ အကြံပြုချင်ပါတယ်။

 

ရေးမှာရှိတဲ့ ဟိုတယ်များ

 

 

ကားလိုင်းတွေ၊ လေကြောင်းလိုင်းတွေ၊ လက်မှတ်အရောင်းဌာနတွေနဲ့ ခရီးသွားအေဂျင်စီတွေရဲ့ လိပ်စာ၊ ဖုန်းနံပါတ် စတဲ့ အချက်အလက်တွေကို အောက်ကလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။

 

 

Su Mon Oo

Photo credit goes to owners.

 

 

⇐ Previous Next

Read 1192 times