Travel

Eden Garden Resort & Floating Cafe in Shan State

Eden Garden Resort & Floating Cafe in Shan State

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ရှမ်းတောင်-ရှမ်းမြောက် ဆက်သွယ်ထားတဲ့ ရွှေညောင်-နောင်ချိုလမ်းပေါ် မှာရှိတဲ့ ဇော်ဂျီဆည်ကြီးရဲ့ ကမ်းနံဘေးမှာ Eden Garden Resort & Floating Cafe ကို အောက်တိုဘာလ (၂၈) ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

ရေမြေတောတောင် သဘာဝ အရသာကို အပြည့်ဝဆုံး ခံစားလို့ရနိုင်အောင် ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။ တောင်ကြီး-ကလောဘက်ကို ခရီးထွက်ဖြစ်ရင် Eden Garden က နောက်ထပ် လည်ပတ်စရာ နေရာအသစ်တစ်ခု ဖြစ်လာပါပြီ။ Eden Garden မှာ -

၁။ အပျော်စီးရေယာဉ်အမျိုးမျိုး (Lake Cruises)

၂။ ရေပေါ်တည်းခိုဆောင် (Floating Hotel)

၃။ ရေပေါ် ကစားနည်း အမျိုးမျိုး (Floating Water Park)

၄။ ရေပေါ်စားသောက်‌ဆိုင် (Floating Cafe)

၅။ တည်းခိုဆောင် (Lakeview Bungalows)

၆။ ရွက်ဖျင်တဲ (Lakeview Camping Tents) စတဲ့ အပန်းဖြေမှုအမျိုးမျိုးတို့ကို ဝန်ဆောင်မှုပေးသွားမှာပါ။

ညအိပ်ဝန်ဆောင်မှုတွေဖြစ်တဲ့ ရေပေါ်အိပ်ဆောင်၊ ကမ်းစပ် တည်းခိုဆောင်၊ ရွက်ဖျင်တဲတွေမှာ လာရောက် တည်းခိုမယ့်သူတွေအတွက် လိုအပ်တာ‌လေးတွေ ပြင်ဆင်နေဆဲ၊ ဝန်ထမ်းများ သင်တန်းပေးနေဆဲမို့ ဖြစ်တာမို့ ခုရက်ပိုင်းအတွင်းတော့ ဧည့်သည်လက်ခံနိုင်ခြင်းမရှိသေးပါဘူး။

Eden Garden အပန်းဖြေစခန်းရဲ့ ရေယာဉ်တွေဖြစ်တဲ့ M.V Avocado နဲ့ M.V Grape တွေကို ဖွင့်ပွဲအထိမ်းအမှတ် အထူးအစီအစဉ်အနေနဲ့ 29.10.23 ကနေ စတင်ပြီး 2.11.23 အထိ နေ့စဉ် မနက် ၁ဝ နာရီခွဲမှာ တစ်ကြိမ်၊ နေ့လည် ၂ နာရီမှာ တစ်ကြိမ် ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။

ဇော်ဂျီဆည် ပတ်ဝန်းကျင်က သဘာဝတောတောင် ရှုခင်းတွေကို တ၀ကြီး ကြည့်ရှုခံစားနိုင်မယ့်အပြင် လတ်ဆတ်တဲ့ လေကို ရှူရှိုက်ရင်း စိတ်ကူးတွေ ရွက်လွှင့်လို့ရမယ့် ဒီခရီးစဉ်လေးဟာ တစ်ကြိမ်ကို တစ်နာရီဝန်းကျင် ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွက် ခရီးသည် တစ်ဦးကို (၁၀,၀၀၀) ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

အပန်းဖြေဥယျာဉ်အတွင်း ဝင်ခွင့်လက်မှတ်ကတော့ တစ်ဦး ၃,၀၀၀ ကျပ် သတ်မှတ်ထားပြီး လက်မှတ်မှာ အအေးသုံးဆောင်ခွင့်နဲ့ ပေ ၁‌၀၀၀ ကျော် ရှည်လျားတဲ့ ရေပေါ်တံတားပေါ် အသက်ကယ်အင်္ကျီတွေ ဝတ်ဆင် တက်ရောက်ခွင့် (သတ်မှတ်လူအရေအတွက်အတိုင်းသာ) တို့ ပါဝင်မှာ ဖြစ်ပါတယ်။

ရပ်ဝေးကလာမယ်ဆိုရင် ရှမ်းတောင် အောင်ပန်း-ပင်းတယ-ရပ်စောက်လမ်းကဖြစ်စေ၊ ရွှေညောင်-ရပ်စောက်လမ်းကဖြစ်စေ ရပ်စောက်မြို့ကို အရင်သွားရောက်ရပါမယ်။ ပြီးရင် ရပ်စောက်-ဗထူး-ဇော်ဂျီဆည်လမ်းအတိုင်း မိုင် (၂၀) ဝန်းကျင် ဆက်သွားလိုက်ရင် Eden Garden ကို ရောက်ပါပြီ။ ရွှေညောင်၊ အောင်ပန်း ဘယ်ကသွားသွား ကြာချိန်ကတော့ နှစ်နာရီခွဲ ဝန်းကျင်လောက် အတူတူပဲ ကြာမှာပါ။

လိပ်စာနေရာ Google Map အညွှန်းကတော့ https://maps.app.goo.gl/9AAQVWdahpGQvfc17

ဖြစ်ပါတယ်။ 

အသေးစိတ် စုံစမ်းမှုတွေအတွက် Hotline ဖုန်း -

09453111181

09683111181 တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

Fb Page - https://www.facebook.com/profile.php?id=61552649140771

⇐ Previous Next

Read 736 times