Travel

Hidden And Instagrammable Places In Myanmar

Hidden And Instagrammable Places In Myanmar

ဖန်တီးထားတာ မဟုတ်ဘဲ သဘာ၀အတိုင်း လှပနေတဲ့ လည်ပတ်စရာ နေရာတွေ မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်။ အခုပြောပြပေးသွားမယ့် နေရာတွေက လူသိပ်မသိသေးတဲ့ မြန်မာနိုင်ငံရဲ့ ဓာတ်ဖမ်းလို့ကောင်းတဲ့ နေရာတွေဆိုလည်း မမှားပါဘူး။ သင်္ကြန်ပိတ်ရက် ခရီးထွက်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒီလို နေရာတွေ သွားပြီး ချစ်ရတဲ့ သူငယ်ချင်းတွေ၊ ဘ၀လက်တွဲဖော်နဲ့အတူ သဘာ၀ အလှအပ၊ ရှုခင်းတွေကို ခံစားရင်း အပန်းဖြေကြည့်ဖို့ အကြံပြုချင်ပါတယ်။ 

Advertisement

Click Here > Shwe Byain Phyu

၁။ ကရင်ပြည်နယ်၊ ဘားအံမြို့အနီးက တောင်ဝိုင်းတောင်ပေါ်ကနေ နေထွက်အလှကို ကြည့်ရင် သိပ်လှပါတယ်။

၂။ မြန်မာပြည် တောင်ဘက်အစွန်းမှာ ရှိတဲ့ မြိတ်ကျွန်းစုထဲက တစ်ခုဖြစ်တဲ့ ညောင်ဦးဖီးကျွန်းက ပင်လယ်ပြာပြာ၊ ကောင်းကင်ပြာပြာ အလှကို ခံစားပါ။

၃။ မြန်မာပြည်ရဲ့ Little New Zealand လို့ တင်စားကြတဲ့ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာရှိတဲ့ ဆင်ဖြူတောင်မှာ တောင်တန်းနဲ့ သဘာဝ အလှတရားကို ခံစားရင်း အပန်းဖြေပါ။

၄။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမှာရှိတဲ့ ဘန့်ဘွေးကျင်း ရေတံခွန်မှာ ရေစိမ်ရင်း အပန်းဖြေပါ။

၅။ အခွင့်ရမယ်ဆိုရင် မြန်မာပြည် မြောက်ဖျားစွန်း ပူတာအိုက ခါကာဘိုရာဇီတောင်ကို တက်ပြီး ဘဝရဲ့ စိန်ခေါ်မှုအသစ်ကို ဖန်တီးကြည့်ပါ။ 

၆။ ဂုတ်ထိပ်တောင်ပေါ်ကနေ သဘာဝကြားထဲမှာ ရှိနေတဲ့ ဂုတ်ထိပ်တံတားရဲ့ အလှကို အေးအေးဆေးဆေး ခံစားကြည့်ပါ။

၇။ ကယားပြည်နယ်၊ လွိုင်ကော်မြို့က စိန်မော့တောင်မှာ Camp ထိုးပြီး ကြယ်တာရာတွေကို ရေတွက်ရင်း ညအလှကို ခံစားပါ။

၈။ ညောင်ရွှေနားက Red Mountain Winery မှာ ရှမ်းပြည်တောင်ပိုင်းထွက် ဝိုင်တွေကို မြည်းစမ်းရင်း ရှမ်းပြည်ရဲ့ နေဝင်အလှကို ဝိုင်တစ်ခွက်နဲ့ ခံစားလိုက်ပါ။

၉။ မန္တလေး-ပြင်ဦးလွင်လမ်းက ဒီးဒုတ် ရေပြာအိုင်မှာ ရေကူးရင်း အနားယူအပန်းဖြေပါ။

၁၀။ ရှမ်းပြည်ရဲ့ အကြီးဆုံးနဲ့ အကျယ်ဆုံး ဟိုင်ပါ ရေတံခွန်မှာ ရိုးရာလှေစီးရင်း ရေစီးသံနဲ့ ရေတံခွန်အလှကို ခံစားကြည့်ပါ။

၁၁။ ရခိုင်၊ မြောက်ဦးက ဘုရားတွေဆီကို မဖြစ်မနေ ရောက်အောင် သွားဖူးပါ။ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခု ရောက်သွားသလို ခံစားရပါလိမ့်မယ်။

၁၂။ ပုဂံရဲ့ အလှဆုံးအချိန်က လိမ္မော်ရောင်သန်းနေတဲ့ နေလုံးကြီးဟာ ဘုရားတွေပေါ်က ဖြတ်ပြီး နေဝင်သွားတဲ့ အချိန်ပါ။ ဒီလို မြင်ကွင်းမျိုးကို ကမ္ဘာပေါ်ရဲ့ ဘယ်နေရာမှာမှ ခံစားလို့ မရတဲ့အတွက် ပုဂံရောက်တိုင်း နေဝင်ဆည်းဆာအလှကို မဖြစ်မနေခံစားပါ။

No photo description available.

၁၃။ မင်းကွန်းက မြသိန်းတန်စေတီမှာ ဘဝရဲ့ အထူးခြားဆုံးတွေထဲက အမှတ်တရ ဓာတ်ပုံတစ်ပုံကို စေတီရဲ့ ဗိသုကာလက်ရာနဲ့အတူ မှတ်တမ်းတင် ရိုက်ကူးပါ။

၁၄။ ကလောရောက်ရင် Trekking လုပ်ရင်း ပန်းနှမ်းအလှတွေ၊ စိုက်ခင်းအလှတွေကို ခံစားပြီး ဓာတ်ပုံရိုက်ပါ။

၁၅။ ဘားအံက လင်းနို့ဂူမှာ ညနေဆည်းဆာအလှကို သံလွင်မြစ်နဲ့အတူ ထောင်သောင်းချီမကတဲ့ လင်းနို့တွေ ဂူထဲကနေ ပျံထွက်လာတာကို တစ်ချိန်တည်း ခံစားကြည့်ပါ။

၁၆။ ရှမ်းပြည်တောင်ပိုင်း အင်းလေးက ရေပေါ်စိုက်ခင်းတွေဆီကို ဘဝမှာ အနည်းဆုံး တစ်ခေါက်လောက်ဖြစ်ဖြစ် အရောက်သွားပါ။

၁၇။ မြိတ်က ကျောက်စရစ်ခဲတွေနဲ့ ပြည့်နေတဲ့ Smart ကျွန်းမှာ အေးအေးဆေးဆေး ထိုင်ရင်း အန်ဒမန်ပင်လယ်အလှကို ခံစားပါ။

၁၈။ ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်မှာ ရှိတဲ့ ကျောက်ကလပ်ကမ်းခြေမှာ လှရက်လွန်းတဲ့ ရေညှိစိမ်းပြင်ကြီးကို တွေ့ရှိ ခံစားနိုင်ပါတယ်။ ရေညှိ အစိမ်းဆုံး အချိန်ကတော့ (၉) လပိုင်းနဲ့ (၁၁) လပိုင်းဖြစ်လို့ အဲ့အချိန်တွေကတော့ သွားဖို့ အသင့်ဆုံးပါ။

၁၉။ တောင်ကြီးမြို့ရဲ့ အလှတစ်နေရာဖြစ်တဲ့ ဂျာမနီလမ်းမှာ ချစ်သူလက်ကို တွဲရင်း စိမ်းစိုနေတဲ့ တောင်တန်းသွယ်သွယ်လေးတွေရယ်၊ သနပ်ဖက်ခင်းတွေရယ်ကို ခံစားကြည့်ရှုနိုင်ပါတယ်။ နွေရာသီထက် မိုးရာသီနဲ့ ဆောင်ရာသီသွားရင်တော့ ပိုသာယာပါတယ်။

၂၀။ ရေနံချောင်းက အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဖူးစာကုန်းမှာ ဧရာ၀တီမြစ်နဲ့ သဘာ၀ရှုခင်းအလှကို ခံစားလိုက်ပါ။

⇐ Previous Next

Read 1642 times