Travel

Make nature reserves 10% of the country's area

Make nature reserves 10% of the country's area

၂၀၀၀ ပြည့်နှစ်၌ ရေးဆွဲခဲ့သော အမျိုးသားသစ်တောကဏ္ဍ နှစ် (၃၀) ပင်မစီမံကိန်းတွင် သဘာဝထိန်းသိမ်းရေးနယ်မြေများအား နိုင်ငံဧရိယာ၏ (၁၀) ရာခိုင်နှုန်းထိ ဖြစ်လာစေရန် တိုးချဲ့ သတ်မှတ်ခဲ့သည်။ 

လက်ရှိတွင် မြန်မာနိုင်ငံ၌ သဘာဝထိန်းသိမ်းရေး နယ်မြေစုစုပေါင်း (၃၉) ခုကို တည်ထောင်ပြီးဖြစ်ကာ နိုင်ငံဧရိယာ၏ ၅.၇၅% ကို လွှမ်းခြုံထားပြီး ဖြစ်သည်။

သတ်မှတ်ထားသည့် ၁၀ ရာခိုင်နှုန်းသို့ ပြည့်မီနိုင်ရန်အတွက် နေရာ (၇) ခုအား သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် တည်ထောင်ရန် အဆိုပြုကြေငြာချက် ထုတ်ပြန်ထားပြီး အတည်ပြုဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။ 

အဆိုပါ နေရာ (၇) ခုမှာ  နိုင်ငံဧရိယာ၏ ၁.၀၉% ရှိပြီး ၎င်းတို့မှာ…

ကျောက်ပန်းတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ( ချင်းပြည်နယ် )
မဟာမြိုင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ( စစ်ကိုင်းတိုင်း )
တနင်္သာရီ အမျိုးသားဥယျာဉ် ( တနင်္သာရီတိုင်း )
လေညာ အမျိုးသားဥယျာဉ် ( တနင်္သာရီတိုင်း )
ရှင်ပင်ကြက်သောက် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ( ပဲခူးတိုင်း )    
ဗောဓိတစ်ထောင် သဘာဝထိန်းသိမ်းရေးနယ်မြေ ( စစ်ကိုင်းတိုင်း )
မြောက်ဇာမရီ ဆင်ထိန်းသိမ်းရေး သဘာဝနယ်မြေ ( ပဲခူးတိုင်း ) တို့ ဖြစ်သည်။

ထို့ကြောင့် သဘာဝထိန်းသိမ်းရေးနယ်မြေ (၄၅) ခု၊ နိုင်ငံဧရိယာ၏ ၆.၈၄% ထိရှိလာမည်ဖြစ်ပြီး အမျိုးသားသစ်တောကဏ္ဍ နှစ် (၃၀) ပင်မစီမံကိန်းပါ ရည်မှန်းချက် ပြည့်မီရန် ၃.၁၆% သာ ကျန်ရှိတော့မည် ဖြစ်သည်။ 

ကချင်ပြည်နယ်ရှိ အီမောဘွန်း အမျိုးသားဥယျာဉ်အားလည်း သဘာဝထိန်းသိမ်းရေး နယ်မြေတစ်ခုအဖြစ် တည်ထောင်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် ၁၉၉၆ ခုနှစ်အထိ သဘာဝထိန်းသိမ်းရေးနယ်မြေများမှာ နိုင်ငံဧရိယာ၏ ၁% အောက်တွင်သာ ရှိခဲ့ပြီး မြန်မာ့သစ်တောမူဝါဒ (၁၉၉၅) တွင် နိုင်ငံဧရိယာ၏ ၅% ဖြစ်စေရန် သတ်မှတ်ထားခဲ့သည်။ 

Next

Read 1231 times