Travel

Rare bird habitats and other biodiversity habitats

Rare bird habitats and other biodiversity habitats

ငှက်မျိုးစိတ်များနှင့် အခြားဇီဝမျိုးစုံမျိုးကွဲများ နေထိုင်ကျက်စားရာ နေရာဒေသ (IBA) ဆိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသော ငှက်မျိုးစိတ်များနှင့် အခြားဇီဝမျိုးစုံမျိုးကွဲများ နေထိုင်ကျက်စားကြပြီး ထိန်းသိမ်းရန်အရေးကြီးသည့် နေရာများဖြစ်ပါသည်။

 

ကမ္ဘာပေါ်တွင် ငှက်မျိုးစိတ် များနှင့် အခြားဇီဝမျိုးစုံမျိုးကွဲများ နေထိုင်ကျက်စားရာ နေရာဒေသ (IBA)များ ပေါ်ပေါက်လာစေရန် Birdlife International အဖွဲ့အစည်းမှ (၁၉၈၅) ခုနှစ်တွင် ဥရောပနိုင်ငံများ၌ စတင်ခဲ့ပြီး (၁၉၉၅) ခုနှစ်တွင် ကမ္ဘာ့ညီလာခံမှ သဘောတူလက်ခံခဲ့ပါသည်။ကမ္ဘာပေါ်တွင် ငှက်မျိုးစိတ်များနှင့် အခြားဇီဝမျိုးစုံမျိုးကွဲများ နေထိုင်ကျက်စားရာ နေရာဒေသ (IBA) စုစုပေါင်း (၁၃,၀၀၀) ခန့်ကို နိုင်ငံ (၂၀၀) ကျော်တွင် တည်ထောင်သက်မှတ် နိုင်ခဲ့ပြီးဖြစ်ပါသည်။

 

 

မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ်များနှင့် အခြားဇီဝမျိုးစုံမျိုးကွဲများ နေထိုင်ကျက်စားရာနေရာဒေသ စုစုပေါင်း (၅၇) နေရာ တည်ထောင်သတ်မှတ်နိုင်ခဲ့ပါသည်။ ၎င်းတည်ထောင် သက်မှတ်နိုင်ခဲ့သော ဧရိယာအကျယ်အဝန်းမှာ (၅,၅၆၈,၂၀၀) ဟတ်တာ အကျယ်အဝန်းရှိပြီး မြန်မာနိုင်ငံ တစ်ခုလုံးအကျယ်အဝန်း၏(၈%)ခန့်ရှိပါသည်။အချို့သော ငှက်မျိုးစိတ်များနှင့် အခြားဇီဝမျိုးစုံမျိုးကွဲများ နေထိုင်ကျက်စားရာနေရာဒေသ (IBA) အဖြစ်သတ်မှတ် ထားသော နေရာများသည် မြန်မာနိုင်ငံ၏ ထိန်းသိမ်းကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများ ဖြစ်သည့်အပြင် နိုင်ငံတကာမှ အသိအမှတ်ပြုထားသော ရေဝပ်ဒေသ(ရမ်ဆာဆိုဒ်)များ ဖြစ်သည်။

 

 

ဥပမာ - ပဲခူးတိုင်းဒေသကြီးအတွင်းမှာ တည်ထောင်ထားသော မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ကချင်ပြည်နယ်မှ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိသော မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တို့သည် သဘာဝပတ်ဝန်းကျင်နှင့်သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေး ဦးစီးဌာန၊သစ်တောဦးစီးဌာနမှ စီမံအုပ်ချုပ်သည့် ကာကွယ်ထိန်းသိမ်းရေးနယ်မြေများလည်းဖြစ်သည်။ 

 

ဆောင်းခိုငှက်တွေအဓိကလာရောက်တဲ့ နေရာဒေသတွေကတော့ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ကိုးဆယ့်ခြောက်အင်း(၉၆အင်း)၊ အင်းလေးကန် ငှက်ဘေးမဲ့တော၊ ပုလိပ်အင်း၊ မြစ်သားအင်း၊ ကြေးနီအင်း၊ မိုးယွန်းကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ဧရာတီမြစ်ဝကျွန်းပေါ်ဒေသ၊ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်၊ မုတ္တမပင်လယ်ကွေ့နှင့် နံ့သာကျွန်း တွေပဲဖြစ်ပါတယ်။

 

 

ပင်လယ်ကမ်းခြေငှက်များသည် အဓိကအားဖြင့်ဧရာတီမြစ်ဝကျွန်းပေါ်ဒေသ၊ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်၊ မုတ္တမပင်လယ်ကွေ့နှင့် နံ့သာကျွန်းတို့၌ လာရောက်ဆောင်းခိုနေထိုင်ကြပြီး ထိုသို့လာရောက်ဆောင်းခိုနေထိုင်ကြသောငှက်များထဲတွင် ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီးပါးအခြေအနေရှိတဲ့ ငှက်မျိုးစိတ် ရေညှောင့်နှုတ်ဝိုင်းငှက်နှင့် ခြိမ်းခြောက်မှုအန္တရာယ်များဖြင့် ကြုံတွေ့နေရသော အခြားမျိုးစိတ်များလဲ ပါဝင်ပါသည်။

 

မုတ္တမပင်လယ်ကွေ့သည် ရွှေ့ပြောင်းဆောင်းခိုငှက်အကောင်အရေစုစုပေါင်း (၁၅၀,၀၀၀) မှ (၂၀၀,၀၀၀) အထိနှစ်စဉ်လာရောက်ဆောင်းခိုနေထိုင်ကြသောကြောင့် မြန်မာနိုင်ငံ၏အကြီးမားဆုံးသော  ရွှေ့ပြောင်းဆောင်းခိုငှက်များ ခိုလှုံရာနေရာဖြစ်ပါသည်။

⇐ Previous Next

Read 2533 times