Travel

Top 10 Hotels In Bagan

Top 10 Hotels In Bagan

ရှေးဟောင်းပုဂံ အငွေ့အသက်ကို ခံစားစေနိုင်ပြီး ဗိသုကာလက်ရာမြောက်တဲ့အပြင် ဂန္တဝင်ဆန်ဆန် လှပထည်ဝါနေတဲ့ ပုဂံဒေသက ဟိုတယ် (၁၀) ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခု ပြောပြပေးသွားမယ့် ဟိုတယ်တွေက ခရီးသွားဧည့်သည်တွေဆီက ကောင်းမွန်တဲ့ အသိအမှတ်ပြုချက်တွေကို ရရှိထားတဲ့ ဟိုတယ်တွေလည်း ဖြစ်ပါတယ်။

(၁) Amazing Bagan Resort

ပုဂံ-ညောင်ဦး ဂေါက်ကွင်းနဲ့ ရှေးဟောင်းဘုရားတွေ ခြံရံထားတဲ့ Amazing Bagan Resort ဟာ ညောင်ဦးလေဆိပ်ကနေ ကားစီးရင် (၅) မိနစ်လောက်ပဲ ကြာပါတယ်။

ဟိုတယ်ရဲ့ အတွင်းအပြင် ဒီဇိုင်းက ရှေးဟောင်းဘုရားစေတီတွေရဲ့ ဟန်တွေမူတွေကို ယူထားတာဖြစ်ပြီး တိတ်ဆိတ်အေးချမ်းလွန်းတဲ့ ပန်းဥယျာဉ်လည်းရှိပါတယ်။ ဟိုတယ်အခန်းတွေမှာလည်း ကျွန်းသစ်နဲ့ ကြိမ်ကိုသာ အသုံးပြုထားပြီး ရှေးဟောင်းဆန်ဆန် အလှဆင်ထားပါတယ်။ 

ဂေါက်ကွင်းနဲ့ နီးလို့ ထူးခြားလှပတဲ့ ရှုခင်းတွေကိုကြည့်ရင်း ဂေါက်ရိုက် အပန်းဖြေချင်တဲ့ ခရီးသွားဧည့်သည်တွေအတွက်ကတော့ Amazing Bagan Resort က နေချင်စဖွယ်ဖြစ်နေမှာ အမှန်ပါ။

(၂) Heritage Bagan Hotel

ပုဂံကို လာရောက်လည်ပတ်တဲ့အခါ ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကြောင့် နာမည်ကြီးတဲ့ Heritage Bagan Hotel မှာ အေးချမ်းစွာ အနားယူအိပ်စက်နိုင်ပါတယ်။ ပုဂံဒေသရဲ့ အချက်အချာကျတဲ့ နေရာမှာ တည်ရှိနေလို့ သွားရလာရ အဆင်ပြေလွယ်ကူပါတယ်။

ဟိုတယ်တွင် ဧည့်သည်တွေ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ အခန်းပေါင်း (၁၂၀) ပါရှိပြီး ဂေါက်ကွင်း၊ ရေကူးကန်၊ Spa နဲ့ အနှိပ်ခန်းတို့လည်း ပါရှိလို့ အပန်းဖြေအနားယူရန် အကောင်းဆုံးနေရာဖြစ်ပါတယ်။

(၃) Amata Garden Resort Bagan

Amata Garden Resort Bagan တွင် ပင်ပန်းနွမ်းနယ်နေတဲ့ ခရီးသွားတွေကို လန်းဆန်းတက်ကြွစေတဲ့ သာယာအဆင်ပြေမှုအားလုံးကို ဆောင်ရွက်ပေးထားပါတယ်။ 

ဟိုတယ်တွင် တည်းခိုနေစဉ် ဧည့်သည်တွေအတွက် အခန်းအတွင်းရော အပြင်မှာပါ သုံးလို့ရတဲ့ အခမဲ့ Wi-Fi၊ 24 နာရီ လုံခြုံရေး၊ ကားပါကင်တို့ကိုလည်း ပံ့ပိုးပေးထားပါတယ်။

ဟိုတယ်တွင် လှပစွာ ပြင်ဆင်ထားတဲ့ အခန်းပေါင်း (၇၂) ခန်း ပါရှိပြီး အခန်းတစ်ခုချင်းစီမှာလည်း Flat TV၊ အသင့်သောက်ကော်ဖီ၊ ရေနွေး၊ အဝတ်လဲခန်းတို့ ထည့်သွင်းပေးထားပါတယ်။

(၄) Ananta Bagan Hotel

အပန်းဖြေချင်သူတွေအတွက် အကောင်းဆုံးဖြစ်မယ့် Ananta Bagan Hotel က  ညောင်ဦးတွင် တည်ရှိပါတယ်။ 

Ananta Bagan Hotel က Wi-Fi၊ လက်မှတ်ဝန်ဆောင်မှု၊ 24 နာရီ Front Desk ဝန်ဆောင်မှု၊ Wake-up Service တို့လို ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးထားပါတယ်။ 

ဟိုတယ် အခန်းတစ်ခုချင်းစီတိုင်းတွင် LCD TV၊ အသင့်သောက်ကော်ဖီ၊ ရေနွေး၊ Wi-Fi၊ လေအေးပေးစက်တို့ကိုလည်း ထည့်သွင်းပြင်ဆင်ထားပါတယ်။ 

ဟိုတယ်တွင် စားသောက်ဆိုင်၊ Bar၊ ရေကူးကန်၊ Spa၊ အနှိပ်ခန်းနဲ့ ဥယျာဉ်တို့လို ထူးခြားတဲ့ အပန်းဖြေစရာ အခွင့်အရေးများကိုလည်း ပေးထားပါတယ်။ 

(၅) Myanmar Treasure Resort

ထင်ရှားတဲ့ ပုဂံရှေးဟောင်း ဘုရားစေတီများနဲ့ ငါးမိနစ်သာ ဝေးတဲ့ Myanmar Treasure Resort ဟာ လာရောက်တည်းခိုတဲ့ ဧည့်သည်တွေအတွက် သက်တောင့်သက်သာဖြစ်စေမှာပါ။

ပုဂံရိုးရာအုတ်တွေနဲ့ တည်ဆောက်ထားပြီး ဟိုတယ်အခန်းများကို မြန်မာ့အနုပညာလက်ရာမြောက်စွာ ကျွန်းထွင်းလက်ရာများနဲ့ ဂန္တဝင်ဆန်ဆန် အလှဆင်ထားပါတယ်။

ဟိုတယ်တွင် ထန်းပင်များနဲ့ တခြားအလှပင်များ ခြံရံထားတဲ့ အပန်းဖြေအနားယူစရာ ပန်းခြံတစ်ခုရှိတဲ့အပြင် ရေကန်နှင့် ရေကန် စားသောက်ဆိုင်တစ်ခုလည်း ရှိပါသေးတယ်။

ဖော်ရွေပျူငှာသော ဝန်ထမ်းတွေကလည်း လာရောက်တည်းခိုကြတဲ့ ဧည့်သည်တော်တွေအတွက် ပုဂံမြို့ဟောင်းက ရှေးဟောင်း အပျက်အစီးတွေကို ကြည့်ရှုလေ့လာနိုင်ဖို့ ခရီးတိုတစ်ခု စီစဉ်ပေးပါတယ်။

(၆) Aye Yar River View Resort

Aye Yar River View Resort သည် ပုဂံမြို့ဟောင်းတွင် တည်ရှိပြီး မြို့လယ်မှ (၄) မိုင်သာ ကွာဝေးပါတယ်။ ဧရာ၀တီမြစ်ဘေးမှာ တည်ရှိလို့ ဟိုတယ်ကနေ ရေပြင်ကျယ်ကို ငေးမောရင်း နေဝင်ဆည်းဆာအလှကို တ၀ကြီး ကြည့်ရှုခံစားနိုင်ပါတယ်။

Aye Yar River View Resort တွင် 24 နာရီ အခန်းဝန်ဆောင်မှု၊ Wi-Fi၊ 24 နာရီ လုံခြုံရေး၊ နေ့စဉ်အခန်းသန့်ရှင်းရေးနဲ့ တက်ဆီအငှားဝန်ဆောင်မှုတို့ကို ပံ့ပိုးပေးထားပါတယ်။

ဟိုတယ်တွင် ရွေးချယ်နိုင်တဲ့ အခန်းပေါင်း (၁၂၇) ခန်း ပါရှိပြီး ပုဂံကို လာရောက်လည်ပတ်သူများအနေနဲ့ စိတ်အေးလက်အေး အပန်းဖြေအနားယူချင်တယ်ဆိုရင် Aye Yar River View Resort က သင့်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်မှာပါ။

(၇) Bagan Lodge Hotel

သမိုင်းဝင်ဇုန်ရဲ့ အလယ်ဗဟိုတွင် တည်ရှိတဲ့ Bagan Lodge Hotel က မြို့လယ်မှ (၁၅) ကီလိုမီတာနဲ့ ညောင်ဦးလေဆိပ်မှ (၈) ကီလိုမီတာသာ ကွာဝေးတာကြောင့် အချက်အချာကျတဲ့နေရာ ဖြစ်ပါတယ်။

ဟိုတယ်မှ ရှစ်မျက်နှာဘုရား၊ ရှေးဟောင်းသုတေသနပြတိုက်နဲ့ အာနန္ဒာဘုရားတို့ကို သွားရောက်လည်ပတ်နိုင်ပါတယ်။ ဟိုတယ်တွင် တည်းခိုနေစဉ်အတွင်း ပြိုင်ဘက်ကင်းတဲ့ ဝန်ဆောင်မှုတွေနဲ့ သာယာအဆင်ပြေမှုတွေကိုလည်း အပြည့်အ၀ရယူနိုင်ပါတယ်။

ဟိုတယ်တွင် တည်းခိုစဉ် ဧည့်သည်တွေအနေနဲ့ စားသောက်ဆိုင်တွေ၊ ရေကူးကန်၊ Spa၊ Lobby Bar၊ Poolside Bar၊ ခရီးတို စီစဉ်ပေးမှု စတဲ့ ဝန်ဆောင်မှုတွေကို ရရှိနိုင်ပါတယ်။

(၈) Zfreeti Hotel

ပုဂံကိုလာရောက်လည်ပတ်တဲ့အခါ အရည်အသွေးကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကြောင့် နာမည်ကြီးတဲ့ Zfreeti Hotel ကိုလည်း မေ့ထားလို့မရပါဘူး။ 

ဟိုတယ်သည် မြို့လယ်မှ (၂) ကီလိုမီတာအကွာတွင် တည်ရှိပြီး ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားတဲ့ စိတ်ဝင်စားစရာနေရာတွေနဲ့လည်း နီးပါတယ်။

Zfreeti Hotel မှ ဝန်ဆောင်မှုတွေကတော့ အခန်းအားလုံးတွင် 24 နာရီ အခန်းဝန်ဆောင်မှု၊ နေ့စဉ်အခန်းသန့်ရှင်းရေး၊ စာတိုက်ဝန်ဆောင်မှု၊ တက္ကစီအငှားဝန်ဆောင်မှုတို့ကို ပံ့ပိုးပေးထားပါတယ်။

ဟိုတယ်အခန်းတွေမှာ ဧည့်သည်တွေ သက်တောင့်သက်သာရှိစေဖို့ LCD TV၊ Wi-Fi၊ လေအေးပေးစက်တို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။

ဟိုတယ်အတွင်းတွင် ရေကူးကန်နဲ့ ပန်းခြံတို့ကို ဧည့်သည်များ အပန်းဖြေရန်အတွက် ပြင်ဆင်ပေးထားပါတယ်။

(၉) Hotel Yadanarbon Bagan

ပုဂံမှာ သက်တောင့်သက်သာရှိတဲ့ ဟိုတယ်တစ်ခု ရှာနေတယ်ဆိုရင် Hotel Yadanarbon Bagan ကိုပဲ ညွှန်ရမှာ ဖြစ်ပါတယ်။ 

Hotel Yadanarbon Bagan မှ 24 နာရီ အခန်းဝန်ဆောင်မှု၊ Wi-Fi၊ တက္ကစီအငှားဝန်ဆောင်မှု၊ လက်မှတ်ဝန်ဆောင်မှုတို့ကိုလည်း ပံ့ပိုးပေးထားပါတယ်။

ဟိုတယ်တွင် အထပ် ၂ ထပ် ပါရှိပြီး အခန်းပေါင်း (၅၂) ခန်း ရွေးချယ်နိုင်ပါတယ်။ အိမ်နဲ့ ဝေးနေပေမဲ့ နွေးထွေးသာယာတဲ့ ဝန်ဆောင်မှုတွေပေးလို့ မိတ်ဆွေတစ်ယောက်ရဲ့အိမ် ရောက်နေသလိုကို ခံစားရစေမှာပါ။

ဟိုတယ်အခန်းတွေမှာ LCD TV၊ Wi-Fi၊ အဝတ်စင်၊ အသင့်သောက်ကော်ဖီ/လက်ဖက်ရည်တို့ကို ထည့်သွင်းပေးထားပါတယ်။ ဟိုတယ်အတွင်းမှာလည်း ရေကူးကန်နဲ့ သာယာအေးချမ်းတဲ့ ပန်းခြံရှိလို့ အေးမြလတ်ဆတ်တဲ့ လေကောင်းလေသန့်ကို ရှုရှိုက်ရင်း စိတ်အပန်းဖြေနိုင်ပါတယ်။

(၁၀) Popa Mountain Resort

အပျော်သဘော အပန်းဖြေရန်အတွက် အကောင်းဆုံးလို့ သတ်မှတ်နိုင်တဲ့ Popa Mountain Resort ဟာ ပုပ္ပားတောင်အနီးတွင် တည်ရှိပါတယ်။

Popa Mountain Resort မှ ပံ့ပိုးပေးထားသော ဝန်ဆောင်မှုတွေကတော့ လာရောက်တည်းခိုသော ဧည့်သည်တွေအနေနဲ့ 24 နာရီ လုံခြုံရေး၊ နေ့စဥ်အခန်းသန့်ရှင်းရေး၊ 24 နာရီ Front Desk ဝန်ဆောင်မှု၊ Wi-Fi တို့ကို ရရှိနိုင်ပါတယ်။

ဟိုတယ်မှ အရည်အသွေးမြင့်အခန်းများတွင် LCD TV၊  အသင့်သောက်ကော်ဖီ၊ အခန်းစီးဖိနပ်တစ်ရံ၊ မျက်နှာသုတ်ပုဝါတို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။

 

⇐ Previous Next

Read 2169 times