Travel

10 Hotels Near Yangon International Airport

10 Hotels Near Yangon International Airport

ကိုယ်က ရန်ကုန်မှာနေပေမဲ့ မနက်စောစော လေယာဉ်စီးရမယ့်အခါမျိုးမှာ လူရော၊ အချိန်ရောသက်သာအောင် လေဆိပ်နဲ့ နီးနီးနားနားက ဟိုတယ်တစ်ခုမှာပဲ အပန်းဖြေအနားယူရင်း သွားချင်တယ်။ ဒါမှမဟုတ် တခြားဒေသကလာပြီး လေကြောင်းခရီးသွားရမယ်ဆိုရင် ဝေးဝေးလံလံ ဟိုတယ်တွေ ရှာမနေတော့ဘဲ လေဆိပ်အနီးက ဟိုတယ်မှာပဲ တည်းချင်တဲ့သူတွေအတွက် အဆင်ပြေစေမယ့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးမှာရှိတဲ့ ဟိုတယ် (၁၀) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Myanmar Life Hotel

ဒီဟိုတယ်က ရန်ကုန်လေဆိပ်နဲ့ဆို ၁၅ မိနစ်လောက်ပဲ ဝေးပါတယ်။ ဟိုတယ်မှာ ရေကူးကန်၊ Gym နဲ့ စားသောက်ဆိုင်လည်း ရှိပါတယ်။ မနက်စာဘူဖေးကျွေးသလို လေဆိပ်ကို အကြို/အပို့ လုပ်ပေးတဲ့ ဝန်ဆောင်မှုလည်း ရှိပါတယ်။

41, Radio Station Road, Mingalardon Township, Yangon, Myanmar

09 503 8271

FB Link - https://www.facebook.com/myanmarlifehotel

၂။ Airport Inn

Airport Inn က ရန်ကုန်လေဆိပ်နဲ့ ၁ ကီလိုမီတာ ကွာဝေးပြီး လေဆိပ်ရိပ်သာလမ်းမှာ တည်ရှိပါတယ်။ ဟိုတယ်က ခြံဝန်းကျယ်ကျယ်ထဲမှာ ရှိပြီး ကားပါကင်နေရာလည်း အဆင်ပြေပါတယ်။ လေဆိပ်အကြို/အပို့အတွက် စိတ်ချရတဲ့ တက်ဆီ စီစဉ်ပေးပါတယ်။

အမှတ် 18/20၊ လေဆိပ်ရိပ်သာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့​​

09 798 882151

FB Link - https://www.facebook.com/profile.php?id=100057583953596

၃။ Royal Pavilion Hotel

Royal Pavilion ဟိုတယ်ကတော့ လေဆိပ်ကနေ ၁၀ မိနစ် ကားမောင်းရုံနဲ့ ရောက်နိုင်တဲ့ အကွာအဝေးမှာ ရှိပါတယ်။ ဒီဟိုတယ်က ဝီတိုရီယဆေးရုံ၊ အိုးရှင်း စူပါစင်တာ၊ ရန်ကုန်မြို့က အထင်ကရဘုရားတွေနဲ့ လည်း နီးပါတယ်။ မနက်စာဘူဖေး ကျွေးပါတယ်။ ဟိုတယ်ရဲ့ Rooftop မှာရှိတဲ့ Royal View Restaurant မှာလည်း ရန်ကုန်မြို့ပြကြီးရဲ့ ညနေခင်းအလှကို ကြည့်ရှုခံစားနိုင်ပါသေးတယ်။

No. ‪3B, Taw Win Road‬, 9 Mile, Mayangone Township

01 652 123, 01 652 752

FB Link - https://www.facebook.com/RoyalPavilionHotel

၄။ Hotel Prime

Hotel Prime ကတော့ လေဆိပ်နဲ့ နီးသလို ၁၅ မိနစ်လမ်းလျှောက်ရုံနဲ့ ရန်ကုန်ဂေါက်ကလပ်နဲ့ ရန်ကုန်နည်းပညာ တက္ကသိုလ်တို့ကို ရောက်နိုင်ပါတယ်။ ဒီဟိုတယ်မှာ အေးဆေးအနားယူလို့ရမယ့် စားသောက်ဆိုင်နှင့် ဘား၊ Spa တို့ ရှိပါတယ်။ Hotel Prime ရဲ့ Roof Restaurant မှာ ထိုင်းစာ၊ တရုတ်စာ၊ ကိုရီးယားစာနဲ့ မြန်မာစာတို့ကို မြည်းစမ်းနိုင်ပါတယ်။

No(3/A11), Taw Win Road, Mayangone Township, , Yangon

01 866 2431

FB Link - https://www.facebook.com/profile.php?id=100021298466302

၅။ City Golf Resort

City Golf Resort ကနေ ၁၀ မိနစ် ကားစီးပြီးရင် ရန်ကုန်လေဆိပ်ကို ရောက်နိုင်ပါတယ်။ YCDC ဂေါက်ကွင်းရဲ့ မျက်နှာချင်းဆိုင်မှာ ရှိပါတယ်။ ဒီဟိုတယ်က ရွှေတိဂုံဘုရား၊ ဆူးလေးဘုရားတို့နဲ့လည်း မနီးမဝေးပါပဲ။ အပန်းဖြေအနားယူဖို့ ရေကူးကန်၊ ဂေါက်ကွင်းနဲ့ စားသောက်ဆိုင်လည်း ရှိပါတယ်။

Thirimingalar (Japan) St, Saw Bwar Gyi Gone, (Opposite of YCDC Golf Course) Insein Township

09 899 619772

FB Link - https://www.facebook.com/citygolfresort

၆။ Rose Palace

Rose Palace ဟိုတယ်က လေဆိပ်ကနေ ၃ ကီလိုမီတာ ကွာဝေးပြီး ရန်ကုန်ဆေးတက္ကသိုလ် (၁)၊ မြန်မာဗဟိုဘဏ်တို့နဲ့ နီးပါတယ်။ ဟိုတယ်မှာ ကားပါကင်၊ စားသောက်ဆိုင်နှင့် ဘား၊ Spa တို့လည်းရှိပါတယ်။ ဟိုတယ် အခန်းတချို့မှာလည်း ဇိမ်ကျလို့ရမယ့် ဂျာကူဇီနဲ့ သီးသန့်ဘားကောင်တာ ပါဝင်တာကြောင့် အေးဆေး Chill လို့ရပါတယ်။

376(A), Shwe Hnin Si Street,Mayangone Township, 9 miles, Yangon,

09 965 088889

FB Link - https://www.facebook.com/RosePalaceHotelMyanmar

၇။ Hotel Scion

Hotel Scion ကတော့ ဟိုတယ်ကနေ လေဆိပ်ကို ၁၀ မိနစ် ကားမောင်းရုံနဲ့ ရောက်နိုင်ပါတယ်။ ဒီဟိုတယ်မှာ အလှအပအတွက် Hair Salon၊ အညောင်းအညာပြေဖို့အတွက် Spa နဲ့ ညနေခင်း Sunset အလှတွေကို ငေးရင်း Relax လုပ်ဖို့ Rooftop Bar လည်းရှိပါတယ်။

No.146(G), Shwe Hnin Si Street, 9 Mile , Mayangone Township, Yangon

09 887 788091

FB Link - https://www.facebook.com/HotelScionYGN

၈။ Seasons Hotel

Seasons Hotel က ရန်ကုန်လေဆိပ်ဝန်းထဲမှာပဲ ရှိနေတဲ့ ဟိုတယ်ဖြစ်ပါတယ်။ ဟိုတယ်ကနေဆို လေဆိပ်ကို လမ်းလျှောက်သွားရင် ရပါတယ်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဆူးလေးဘုရား၊ ရွှေတိဂုံဘုရားတို့နဲ့ နီးပြီး ရန်ကုန်ဂေါက်ကလပ်ကို ၅ မိနစ်ကားမောင်းရုံနဲ့ ရောက်နိုင်ပါတယ်။ ဟိုတယ်မှာ ရေကူးကန်နဲ့ တရုတ်အစားအေသာက်တွေရတဲ့ စားသောက်ဆိုင်လည်း ရှိပါတယ်။

Yangon Int’l Airport, Airport Complex, Mingalardon Tsp., Yangon

 01-533128,  01-533129

၉။ Holly Hotel Myanmar

အောင်မင်္ဂလာအဝေးပြေးကားဝင်းနဲ့ အနီးဆုံးမှာရှိတဲ့ Holly ဟိုတယ်ဟာ ရန်ကုန်လေဆိပ်နဲ့လည်း နီးပါတယ်။ ဟိုတယ်မှာ စားသောက်ဆိုင်၊ ဘား၊ ကဖေး၊ Spa၊ ကားပါကင်၊ လေဆိပ်အကြို/အပို့၊ ငွေလဲလှယ်ရေး ဝန်ဆောင်မှုတို့ကို စီစဉ်ဆောင်ရွက်ပေးပါတယ်။

Thiri Yadanar Wholesale Market, Thudhama Road, North Okkalapa Township, Yangon

09 790 988999

FB Link - https://www.facebook.com/HOLLYHOTELMM

၁၀။ Great Feel Hotel

Great Feel Hotel ကနေ ကားနဲ့ဆို ၁၃ မိနစ် မောင်းရင် လေဆိပ်ကို ရောက်နိုင်ပါတယ်။ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ တည်ရှိတဲ့အတွက် အောင်မင်္ဂလာကားဂိတ်နဲ့ နီးသလို စားသောက်ဆိုင်တွေ၊ ရှော့ပင်းစင်တာတွေ၊ ဆေးရုံ၊ဆေးခန်းတွေနဲ့လည်း သွားလာရ လွယ်ကူတဲ့ အကွာအဝေးမှာ ရှိပါတယ်။

No.384, Wireless lane 1, Mayangone Township, Kabaraye, Yangon

095088378 ,09795677993

FB Link - https://www.facebook.com/greatfeelygn

⇐ Previous Next

Read 4595 times