Entertainment

5 Great TV Series to Improve Your English

5 Great TV Series to Improve Your English

အင်္ဂလိပ်စာကို လေ့လာတဲ့အခါမှာ တော်တော်များများ သုံးကြတဲ့ နည်းလမ်းကတော့ အင်္ဂလိပ်ဇာတ်ကားတွေ ကြည့်တာနဲ့ အင်္ဂလိပ်သီချင်းတွေ နားထောင်တာပါ။ ဒီလိုနည်းလမ်းနဲ့ အင်္ဂလိပ်စာအပြောအတွက်ရော၊ အကြားအတွက်ပါ တိုးတက်စေနိုင်ပါတယ်။ နောက်ပြီး ဇာတ်ကားတွေထဲမှာ သုံးသွားတဲ့ Idioms တွေ၊ အသံထွက်တွေ၊ လေယူလေသိမ်းတွေ၊ Vocab တွေ၊ ဝါကျတည်ဆောက်ပုံတွေကိုလည်း လေ့လာနိုင်ပါတယ်။ 

စိတ်ရှည်ပြီး အပင်ပန်းခံနိုင်ရင် ရုပ်ရှင်ကြည့်တဲ့အခါ ပထမတစ်ခေါက် စာတန်းမထိုးဘဲ အရင်ကြည့်ပါ၊ ပြီးမှ စာတန်းထိုး ပြန်ကြည့်ပြီး သူတို့ပြောတဲ့ စကားတွေကို ပြန်နားထောင်ကြည့်ပြီး ကိုယ့်ရဲ့ Listening Skill ကို တိုးတက်အောင် လေ့ကျင့်နိုင်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာ လေ့လာနေသူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတွေကို မျှဝေပေးသွားပါမယ်။  

၁။ Sherlock

Sherlock - Rotten Tomatoes

ဒီနာမည်ကတော့ ဗမာပရိသတ်တွေနဲ့ စိမ်းမှာမဟုတ်ပါဘူး။ ဒါကတော့ ဆရာကြီး Arthur Conan Doyle ရဲ့ နာမည်ကြီး စုံထောက်ဝတ္ထုဖြစ်တဲ့ Sherlock Holmes ဝတ္ထုတွေကို ကျောရိုးယူ ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Sherlock Holmes ကားတွေအများကြီးထဲမှာမှ ဘာလို့ဒီဇာတ်လမ်းတွဲကို ညွှန်းရသလဲဆိုရင်တော့ ဒီဇာတ်လမ်းဟာ မူရင်းဝတ္ထုတွေထဲကလို ၁၉ ရာစုပုံစံမျိုး ရိုက်ထားတာမဟုတ်ဘဲ အခုခေတ်ပုံစံရိုက်ထားတာဖြစ်လို့ပါပဲ။ 

ဒါကြောင့် စကားပြောဟန်ဆိုဟန်တွေကလည်း ခေတ်သုံးတွေဖြစ်လို့ အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် အဆင်ပြေစေမှာပါ။ ဒိတ်ဒိတ်ကြဲမင်းသားတွေကို သုံးထားတဲ့အပြင် စုံထောက်ကြီး Sherlock Holmes ရဲ့ အမှုတွေကလည်း စိတ်ဝင်စားဖို့ကောင်းတာကြောင့် ကြည့်ရင်းနဲ့ ပျင်းသွားရမှာ မဟုတ်ဘူးဆိုတာ အာမခံနိုင်ပါတယ်နော်။ ဒီဇာတ်လမ်းတွဲမှာတော့ Season ၄ ခုပါဝင်ပြီး Season တစ်ခုမှာ အပိုင်း ၃ ပိုင်း သို့မဟုတ် ၄ ပိုင်း ရှိပါတယ်။ တစ်ပိုင်းကို တစ်နာရီဝန်းကျင်ပဲ ကြာပါတယ်။

Rating ကလည်း iMDb မှာ 9.2၊ TV.com မှာ 8.9 နဲ့ Rotten Tomatoes မှာတော့ 83% ရထားတဲ့အတွက် Rating ကောင်းပြီး လူကြိုက်များတဲ့ ဇာတ်လမ်းတွဲပါပဲ။ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Benedict Cumberbatch၊ Martin Freeman၊ Amanda Abbington၊ Louise Brealey၊ Mark Gatiss၊ Andrew Scotts စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်ပါတယ်။

၂။ Black Mirror

Black Mirror Season 1 - watch full episodes streaming online

ဒီဇာတ်လမ်းတွဲကတော့ Science Fiction၊ Satire၊ Psychological thriller အမျိုးအစားဖြစ်ပါတယ်။ တစ်ပိုင်းမှာ ဇာတ်လမ်းတစ်မျိုးပါတဲ့အတွက် ဇာတ်လမ်းတစ်မျိုးကို အကြာကြီး ဆွဲမကြည့်ချင်တဲ့ ပရိသတ်တွေ အကြိုက်တွေ့မှာပါ။ ဇာတ်လမ်းပုံစံကတော့ သိပ္ပံနည်းပညာတွေ တအားဖွံ့ဖြိုးတိုးတက်နေတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ နေထိုင်နေကြတဲ့ လူသားတွေရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ 

ဒီဇာတ်လမ်းတွဲကလည်း အခုခေတ်ကိုပဲ အခြေတည်ရိုက်ကူးထားလို့ စကားပြောတွေကလည်း ခေတ်ဆန်နေမှာပါ။ သိပ္ပံဇာတ်ကားမို့ သိပ္ပံဆိုင်ရာ အသုံးအနှုန်းတွေကိုလည်း လေ့လာနိုင်မှာပါ။ Season 1 နဲ့ 2 မှာ သုံးပိုင်းစီ၊ Season 3 နဲ့ 4 မှာတော့ ခြောက်ပိုင်းစီ၊ Season 5 မှာ သုံးပိုင်းနဲ့ Season 6 မှ ၅ပိုင်းလောက် ရှိတာမို့ အပိုင်းတော့ နည်းနည်းများပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း The Help ထဲက Bruce Dallas Howard၊ Alice Eve၊ Gugu Mbatha-Raw၊ Tom Cullen နဲ့ Game of Thrones ဇာတ်လမ်းတွဲတွေထဲက Jerome Flynn စတဲ့ သရုပ်ဆောင်တွေ ပါဝင်ပါတယ်။

၃။ Downton Abbey

Prime Video: Downton Abbey - Season 1

၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အတွင်း UK မှာ နာမည်အကြီးဆုံး Series တွေထဲကတစ်ခုကို ပြောရမယ်ဆိုရင်တော့ Downton Abbey ကို ပြရမှာပါ။ ဒီဇာတ်လမ်းတွဲကတော့ ၁၉၁၂ ပတ်ဝန်းကျင်နှစ်တွေတုန်းက ဗြိတိန်နိုင်ငံမှာ နေထိုင်တဲ့ Crawley ဆိုတဲ့ လူကုံထံ မိသားစုအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ 

ဒီအိမ်က အမွေဆက်ခံမယ့် ယောကျ်ားသားနှစ်ယောက်ဟာ Titanic သင်္ဘောကြီး နစ်မြုပ်တဲ့အထဲ ပါသွားတဲ့အခါမှာတော့ Crawley အိမ်ကြီးမှာ အမွေဆက်ခံသူ ကင်းမဲ့သွားခဲ့ပါတယ်။ ဒါ့ကြောင့် အိမ်ကြီးရှင် Lord Grantham ဟာ ဆက်ခံသူအသစ်ကို ရှာဖွေရင်း ၁၉၁၄ ခုနှစ်အရောက်မှာတော့ ဗြိတိန်နဲ့ ဂျာမနီတို့ စစ်ဖြစ်ကြပြီး ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းဖြစ်တဲ့ ပထမကမ္ဘာစစ်ကာလကို ရောက်ရှိလာခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းတွဲမှာတော့ မိသားစုအရေးနဲ့ နိုင်ငံရေးကို အတွဲအစပ်ညီညီနဲ့ ခံစားရမှာဖြစ်ပြီး ၁၉၁၀ ကျော်က လူကုံထံတွေရဲ့ ပြောပုံဆိုပုံတွေကိုသာမက သမိုင်းအကြောင်းအရာတွေကိုပါ လေ့လာရမှာပါ။

Season ၆ ခုရှိပြီး Season တစ်ခုမှာ ၈ပိုင်း/၉ပိုင်းလောက်ရှိတာမို့ အပိုင်းတော့ တော်တော်များပါတယ်။ ဒါပေမယ့် သမိုင်းစိတ်ဝင်စားသူတွေအဖို့တော့ ကြည့်လို့ကောင်းစေမယ့် ကားလေးပါ။ Rating အနေနဲ့ကလည်း iMDb က 8.7၊ Rotten Tomatoes မှာ 86% နဲ့ TV.com မှာ 9 ရထားတဲ့အတွက် Rating လည်းကောင်းပါတယ်။ Maggie Smith, Michelle Dockery, Hugh Bonneville, Jim Carter, Matthew Goode နဲ့ Allen Leech စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေလည်း ပါဝင်ပါတယ်။

၄။ The Crown

Sección visual de The Crown (Serie de TV) - FilmAffinity

Peter Morgan ရဲ့ ဆုရ ပြဇာတ်ဖြစ်တဲ့ The Audience ကို အခြေခံရိုက်ကူးထားတဲ့ Netflix Series The Crown ဟာ ဘုရင်မကြီး Elizabeth 2 ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၁၉၄၀ ခုနှစ်တွေကနေ အခုခေတ်အထိ ဘုရင်မကြီး ဖြတ်သန်းလာရသမျှ နိုင်ငံရေးအခက်အခဲတွေ၊ လူမှုရေးကိစ္စတွေ၊ နှလုံးသားရေးရာကိစ္စတွေကို Biography ဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကနေ British English စစ်စစ်ကို လေ့လာနိုင်ပြီး ထီးသုံးနန်းသုံး အသုံးအနှုန်းတွေနဲ့ပါ ရင်းနှီးလာစေမှာပါ။ 

iMDb Rating 8.7 ရှိပြီး Rotten tomatoes 89% နဲ့ TV.com ကတော့ 8.5 အထိ ရရှိထားပါတယ်။ လောလောဆယ် Season ခြောက်ခုထွက်ထားပြီး အပိုင်း ၁၀ ပိုင်းစီ ပါရှိပါတယ်။ Matt Smith က ဘုရင်မကြီးရဲ့ ကြင်ယာတော် Prince Philip နေရာက သရုပ်ဆောင်ထားပြီး ဘုရင်မကြီး Elizabeth နေရာမှာတော့ Clarie Foy က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

၅။ Luther

Luther (TV Series 2010-2019) - Posters — The Movie Database (TMDB)

ရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းရင်း ဥပဒေရဲ့ တခြားတစ်ဖက်က ထိုးနှက်မှုတွေကို ခံနေရတဲ့ စိတ်မြန်လက်မြန်ရှိတဲ့ စုံထောက်တစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ စုံထောက်နဲ့ ရာဇဝတ်သားတို့ကြားက စိတ်ပိုင်းဆိုင်ရာ အားပြိုင်မှုတွေအကြောင်း ရိုက်ကူးထားတာမို့ စုံထောက်ကား ကြိုက်တဲ့ပရိသတ်တွေ အကြိုက်ဖြစ်မှာပါ။ 

အင်္ဂလိပ် အက်ရှင်မင်းသားကြီး Idris Elba ရဲ့ ပီသပြတ်သားတဲ့ British Accent ကို လေ့လာနိုင်သလို အခုခေတ်ဇာတ်ကားမို့ စကားအသုံးအနှုန်းတွေကလည်း လက်တွေ့ဘဝမှာ ပြန်သုံးနိုင်မှာပါ။ iMDb 8.5, TV.com 8.8 နဲ့ Rotten Tomatoes 90% အထိ ရထားပြီး Series ၅ ခုနဲ့ အပိုင်းစုစုပေါင်း ၂၀ ပိုင်း ရှိပါတယ်။ စုံထောက် Luther နေရာမှာတော့ မင်းသား Idris Elba သရုပ်ဆောင်ထားပြီး Ruth Wilson, Steven Mackintosh နဲ့ Indira Varma စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေ အများကြီးပါဝင်ထားလို့ ကြည့်သင့်တဲ့ Series တစ်ခုပါပဲ။

Ref - BBC 

⇐ Previous Next

Read 1175 times