Travel

AK Art Village in Hmawbi

AK Art Village in Hmawbi

ရန်ကုန်မြို့နဲ့ မနီးမဝေး မှော်ဘီမှာရှိတဲ့ AK အနုပညာရွာလေးဟာဆိုရင် အပင်ချစ်သူတွေအတွက် အိုအေစစ်လေးဖြစ်သလို၊ မြို့ပြမှ ထွက်ပြီး အေးအေးဆေးဆေး အနားယူချင်တဲ့ မိသားစုတွေ၊ ခေတ္တခဏ စိတ်အပန်းဖြေချင်တဲ့ လူငယ်တွေနဲ့ ပန်းချီအနုပညာကို ချစ်မြတ်နိုးတဲ့ လူငယ်လူရွယ်တွေအတွက် လည်ပတ်ဖို့ ထည့်စဉ်းစားရမယ့် နေရာတစ်ခုပါပဲ။ 

AK Art Village တည်နေရာက ပြည်လမ်းမပေါ်က မှော်ဘီတိုးဂိတ်အကျော် လမ်းခွဲမှာ ဘယ်ဘက်ချိုးပြီး ဝင်သွားရင် တွေ့ရမယ့် စာသင်ကျောင်း အနီးလေးမှာပါ။ အပင်ကြီး၊ အပင်ငယ်တွေရဲ့ စိမ်းစိုလှပမှုနဲ့ အနုပညာဆန်တဲ့ အပြင်အဆင်တွေ ပေါင်းစပ်ထားတာကြောင့် တကယ်ကို အပန်းဖြေလို့ ကောင်းတဲ့နေရာတွေထဲက တစ်ခုအပါအဝင်ပါ။  

အနုပညာရွာလေးဆိုတဲ့အတိုင်း သူ့ဆီမှာ ဘာတွေ ရှိလဲဆိုရင် -

- ရှေးဆန်တဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ပြင်ဆင်ထားတဲ့ တောအုပ်ရွာလေးထဲက ကဖေးဆိုင် - `ရွာ’ ကဖေး 

- အညာမြေရဲ့ ညနေခင်းမှာ ထန်းတောထဲ သွားအနားယူသလို ခံစားရစေမယ့် `ရှိုင်း’ ခေါင်ရည်ဆိုင်

- အနားယူ အပန်းဖြေလို့ရမယ့် ဘန်ဂလိုအိမ်တွေ

- ကျောက်တုံးတွေကို အလှဖော်ထားတဲ့ Stone Garden

- ဓာတ်ဖမ်းလို့ ကောင်းတဲ့ ဝါးရုံ

ပန်းချီဝါသနာပါသူတွေအတွက် ပန်းချီဆွဲလို့ရမယ့်နေရာ

- အပင်ချစ်သူတွေအတွက် ဘွန်ဆိုင်းပန်းခြံနဲ့ Organic စိုက်ခင်း

- အရိပ်ရ ထိုင်စရာနေရာလေးတွေ၊ ဒန်းတွေ

- သစ်သားပန်းပုရုပ်ထုတွေအပြင် တခြား နေရာလှလှတွေ ထပ်ရှိသေးတာကြောင့် တစ်နေကုန် လည်ပတ်ပြီး ပုံလှလှလေးတွေ ရိုက်လို့ရပါသေးတယ်။  

AK Art Village မှ ရရှိနိုင်သော Package တွေကတော့ - 

Just Chilling Package

တစ်ယောက် - ၈,၀၀၀ ကျပ်

ကော်ဖီနဲ့ ပေါင်မုန့်မီးကင် Set ပါဝင်ပါတယ်။

Painting & Chill Package

တစ်ယောက် - ၁၈,၀၀၀ ကျပ်

၁၀×၁၂ လက်မ ကင်းဗတ်၊ ဆေးနဲ့ စုတ်တံတွေ

ကော်ဖီနဲ့ ပေါင်မုန့်မီးကင် Set ပါဝင်ပါတယ်။

ပန်းချီမဆွဲတတ်တဲ့ သူတွေလည်း ဒီပတ်ကေ့ချ်ကို Join လို့ရပါတယ်နော်။ ဘာလို့လဲဆိုရင် ပန်းချီဆရာကိုယ်တိုင် အနားမှာ Guide လုပ်ပြီး သင်ပေးမှာ ဖြစ်တဲ့အတွက်ကြောင့် ဝါသနာအရင်းခံနဲ့ ဆွဲချင်စိတ်ရှိရင်ကို အဆင်ပြေပါပြီ။ 

Bamboo Open-Tent A (သို့) C

၄ ဦးမှ စတင်လက်ခံပါတယ်။

တစ်ယောက် - ၁,၅၀၀၀ ကျပ်

နေစရာ တဲတစ်လုံး

Welcome Drinks နဲ့ 

နေ့လည်စာ "စကော" ထမင်း ပါဝင်ပါတယ်။ 

Bamboo Open-Tent B

 

၂ ဦးမှ စတင်လက်ခံပါတယ်။

တစ်ယောက် - ၁,၅၀၀၀ ကျပ်

နေစရာ တဲတစ်လုံး

Welcome Drinks နဲ့ 

နေ့လည်စာ "စကော" ထမင်း ပါဝင်ပါတယ်။ 

Bamboo Tent

၂ ဦးမှ စတင်လက်ခံပါတယ်။

နှစ်ဦးပေါင်း - ၅၀,၀၀၀ ကျပ်

မွေ့ယာ၊ စောင်၊ ခေါင်းအုံး၊ ပန်ကာပါ နေစရာ အလုံပိတ် တဲတစ်လုံး

Tent (၃) ခု မျှသုံးဖို့ အိမ်သာနဲ့ ရေချိုးခန်း

Welcome Drinks နဲ့ ရေသန့်ဘူးတွေ 

နေ့လည်စာ "စကော" ထမင်း ပါဝင်ပါတယ်။

Glamping Room

၂ ဦးမှ စတင်လက်ခံပါတယ်။

နှစ်ဦးပေါင်း - ၇၀,၀၀၀ ကျပ် 

အိမ်သာ၊ ရေချိုးခန်း သီးသန့်ပါတဲ့ အိမ်တစ်လုံး

မွေ့ယာ၊ စောင်၊ ခေါင်းအုံး၊ အဲကွန်း

Welcome Drinks နဲ့ ရေသန့်ဘူးတွေ 

နေ့လည်စာ "စကော" ထမင်း ပါဝင်ပါတယ်။

Honeymoon Suite

၂ ဦးမှ စတင်လက်ခံပါတယ်။

နှစ်ဦးပေါင်း - ၉၀,၀၀၀ ကျပ် 

အိမ်သာ၊ ရေချိုးခန်း သီးသန့်ပါတဲ့ အိမ်တစ်လုံး

မွေ့ယာ၊ စောင်၊ ခေါင်းအုံး၊ အဲကွန်း

Welcome Drinks နဲ့ ရေသန့်ဘူးတွေ 

နေ့လည်စာ "စကော" ထမင်း ပါဝင်ပါတယ်။

Family Room

၄ ယောက်စာ - ၁၂၀,၀၀၀ ကျပ်

အိမ်သာ၊ ရေချိုးခန်း သီးသန့်ပါတဲ့ အိမ်တစ်လုံး

နှစ်ယောက်အိပ် ကုတင် (၂) လုံး၊ မွေ့ယာ၊ စောင်၊ ခေါင်းအုံး၊ အဲကွန်း

Welcome Drinks နဲ့ ရေသန့်ဘူးတွေ 

နေ့လည်စာ "စကော" ထမင်း ပါဝင်ပါတယ်။ 

အချိန်ကတော့ မနက် (၉) နာရီကနေ ညနေ (၆) နာရီအထိ ဖြစ်တာကြောင့် Daycation သဘော နေ့ချင်းပြန် ခရီးတိုအဖြစ်ပဲ သွားလည်လို့ ရပါတယ်။ ဘန်ဂလိုအိမ်လေးတွေကို တစ်ခုနဲ့တစ်ခု ခပ်ဝေးဝေးမှာ ဆောက်ထားတာကြောင့် သီသန့်ဆန်ပြီး အေးဆေး အနားယူလို့ရပါတယ်။

နေ့လည်စာ စကောထမင်းမှာဆို ကြက်သောက်ဆမ်း၊ ကြက်ဥကြော်၊ ငပိထောင်း တို့စရာအစုံ၊ အသုပ်တစ်မျိုး၊ အရွက်ကြော်တစ်မျိုးနဲ့ ကြက်သွန်ကြော်လေးတွေ ပါဝင်ပါတယ်။ အအီပြေပီး ထမင်းစားမြိန်မယ့် မီနူးပါ။  

AK Art Village မှာ အနားယူတဲ့ ဧည့်သည်လေးတွေ UNO၊ ဒိုးဇက်၊ ဇယ်ခုံ၊ ကြက်တောင် စသဖြင့် ကစားချင်ရင် ရွာကဖေးမှာ သွားရောက်ယူနိုင်ပါတယ်

သတိပြုရမယ့်အချက်

လာရောက်လည်ပတ်သူတွေ အေးဆေး အနားယူနိုင်ဖို့ လူဦးရေ ကန့်သတ်ထားတာကြောင့် Package တွေအားလုံးအတွက် ၂ ရက် ကြိုတင် Booking လုပ်ပေးရပါမယ်။ Booking Confirm တာနဲ့ ၃၀% စရံငွေ ပေးချေရပါတယ်။

ကိုယ့်အိမ်က အချစ်တော် ခွေးလေးတွေကိုတော့ ခေါ်ဆောင်သွားလို့ မရပါဘူး။

AK Art Village က တနင်္လာနေ့တိုင်း ပိတ်ပါတယ်။

ဖုန်းလိုင်းကလည်း သိပ်မမိတာကြောင့် အလုပ်ကိစ္စ အရေးတကြီးရှိတဲ့သူတွေအတွက်တော့ အဆင်မပြေနိုင်ပါဘူးနော်။

 

⇐ Previous Next

Read 1393 times