Entertainment

An official Blackpink Experience Arrives in Roblox

An official Blackpink Experience Arrives in Roblox

“Blackpink In Your Area” ဆိုတဲ့အတိုင်း K-pop 3rd Generation ရဲ့ နာမည်ကြီး Girl Group တစ်ခုဖြစ်တဲ့ Blackpink ဟာ Roblox လို့ခေါ်တဲ့ 3D အွန်လိုင်းဗီဒီယိုဂိမ်း ပလက်ဖောင်းပေါ်ကို “Blackpink The Palace” နာမည်နဲ့ စတိုင်ကျကျ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဒီဂိမ်းကို ဩဂုတ်လ ၂၅ ရက်နေ့မှ စတင် ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

“Blackpink The Palace” ဂိမ်းဟာ ဘယ်လိုမျိုးလဲဆိုရင် ပန်းရောင်နန်းတော်ကြီးထဲကို ဝင်ရောက်ပြီး Blackpink ရိုက်ကူးခဲ့တဲ့ အထင်ကရ Music Video တွေထဲမှာ ပါတဲ့ စတူဒီယိုအခန်းတွေနဲ့ ပစ္စည်းတွေကို မြင်တွေ့ကြည့်ရှုရမယ့် ဂိမ်းဖြစ်ပါတယ်။

ဥပမာပြောရရင် Blackpink ရဲ့ ပေါ်ပြူလာအဖြစ်ဆုံး "DDU-DU DDU-DU" သီချင်းရဲ့ MV ထဲမှာ ပါတဲ့ ရာဇပလ္လင်၊ Jennie ကစားနေတဲ့ Chess Board၊ Jennie ထိုင်နေတဲ့ အနက်ရောင်တင့်ကားနဲ့ Lisa ရဲ့ ဘဏ်တိုက်ကြီး စတာတွေကို အနီးကပ်ကြီး မြင်တွေ့ရမှာဖြစ်ပါတယ်။

 photo_2023-02-02_22-49-09.jpg

Advertisement

Click Here > Htun Tauk Plastic & Printing

ကစားသမားတွေက နန်းတော်အောက်ဖက်က ဂူမှာရှိတဲ့ Crystals တွေကို တူပုံစံရှိတဲ့ BlackPink ရဲ့ Lightstick ကို အသုံးပြုပြီး တူးဖော်ရမှာ ဖြစ်ပါတယ်။ Crystals တွေကို များများ ရှာဖွေနိုင်လေလေ၊ ပိုက်ဆံများများရပြီး Blackpink Themed ပါတီတွေကို Decorate လုပ်စရာ အလှဆင်ပစ္စည်းတွေ ဝယ်နိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက ပန်းရောင်နဲ့ အနက်ရောင် ပူဖောင်းတွေ၊ ကုလားထိုင်တွေ၊ စားပွဲတွေနဲ့ တခြား အလှဆင်ပစ္စည်းတွေ တစ်ခုချင်းစီ ရလာမှာဖြစ်ပြီး ပါတီပွဲကို သူငယ်ချင်းတွေအတွက် အကောင်းဆုံး ပြင်ဆင်ရမှာဖြစ်ပါတယ်။ 

နောက်ပြီး ကစားသမားတွေက ဂိမ်းထဲမှာ ပါတဲ့ Blackpink အဖွဲ့ဝင် (၄) ယောက် Jisoo၊ Jennie၊ Rosé နဲ့ Lisa တို့ရဲ့ ဂိမ်းဇာတ်ကောင်တွေနဲ့ ဆယ်လ်ဖီရိုက်နိုင်သလို "Pink Venom" သီချင်း ဖျော်ဖြေရေးတွေမှာ Blackpink ဝတ်ဆင်ခဲ့တဲ့ Outfits တွေနဲ့ Emotes (ခံစားချက် သင်္ကေတ) တွေကို ကိုယ့်ရဲ့ ကိုယ်ပိုင်ဂိမ်းဇာတ်ကောင်မှာ ဝယ်ယူတပ်ဆင်နိုင်ဦးမှာဖြစ်ပါတယ်။ 

ဂိမ်းကစားရင်း Blackpink သီချင်းတွေ အတူတူဆို၊ အတူတူကရင်း နိုင်ငံအသီးသီးက Blinks တွေ အချင်းချင်း မိတ်ဆွေဖွဲ့လို့ရမယ့်အပြင် Blackpink အဖွဲ့နဲ့ ပတ်သတ်တဲ့ ဘယ်လိုအကြောင်းအရာမျိုးကိုမဆို ဆွေးနွေးဖလှယ်နိုင်မှာဖြစ်ပါတယ်။ ဂိမ်းစတင်ဖွင့်လှစ်ချိန် ၂၄ နာရီအတွင်း ၀င်ရောက်ကစားသူတွေဟာ Badge တစ်ခု ရရှိမှာဖြစ်ပြီး ကိုယ့်ရဲ့ Roblox ပရိုဖိုင်မှာ အဲဒီ Badge လေးက  ပေါ်နေမှာဖြစ်ပါတယ်။ 

ဒီဂိမ်းကို Karta ဆိုသူနဲ့ Blackpink အဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့ YG Entertainment ရဲ့ အခွဲ YG Plus တို့က ပူးပေါင်းဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ ဒီဂိမ်းကို ဩဂုတ်လ (၂၅) ရက်နေ့ကနေစပြီး အောက်ကလင့်ခ်မှာ စတင်ဝင်ရောက် ကစားနိုင်ပြီဖြစ်ကြောင်းကို Blackpink အဖွဲ့ရဲ့ အမာခံပရိသတ် Blinks တွေအတွက် သတင်းကောင်းပါးပေးလိုက်ပါတယ်။ ကိုယ့်သူငယ်ချင်း Blinks တွေ မသိသေးဘူးဆိုလည်း အချင်းချင်း လက်တို့ပြီး Blackpink ကမ္ဘာထဲ သွားလည်လိုက်ကြပါဦးနော်။ 

>> https://www.roblox.com/games/14198802909/BLACKPINK-THE-PALACE

⇐ Previous Next

Read 700 times