Travel

Bagan Budget Hotel "Cheri Land River House"

Bagan Budget Hotel "Cheri Land River House"

မိုးရာသီမှာ လည်ပတ်ဖို့ အကောင်းဆုံးနေရာတွေထဲက တစ်ခုက ပုဂံခရီးစဉ်ပါ။ ဒီတော့ ပုဂံကို မိုးမကုန်ခင်လေး လည်ပတ်ချင်သူတွေ၊ ခရီးစရိတ် သက်သက်သာသာနဲ့ ပုဂံကို သွားလည်ချင်သူတွေ၊ စျေးလည်း သက်သာရမယ် ဟိုတယ်ကလည်း လှရမယ်ဆိုသူတွေအတွက် ပုဂံဟိုတယ်လေးတစ်ခုကို ညွှန်းပေးချင်ပါတယ်။ 

ခရီးသွားတော့မယ်ဆို ဘာနဲ့ သွားရမလဲ စဉ်းစားပြီးရင် ဘယ်မှာ တည်းခိုအနားယူရမလဲဆိုတာ ရွေးချယ်ဖို့ ခေါင်းစားရပါပြီ။ ဒီလိုမဖြစ်ရအောင် စျေးချိုပြီး ရှုခင်းကောင်းကောင်း၊ ဝန်ဆောင်မှုကောင်းကောင်းနဲ့ တည်းခိုနိုင်မယ့် ဟိုတယ်ကို ပြောပြပေးပါမယ်။ 

ဟိုတယ်နာမည်ကတော့  Cheri Land River House  ဖြစ်ပါတယ်။ ဒီဟိုတယ်က အထင်ကရ ပုဂံဘုရားတွေရဲ့ အနီးမှာရှိလို့ ဘုရားဖူးအတွက် သွားရေးလာရေးကိုလည်း အဆင်ပြေစေမှာပါ။

ဟိုတယ်က စိမ်းစိမ်းစိုစိုနဲ့ ကျယ်ကျယ်ဝန်းဝန် ရှိတဲ့အတွက် ကားပါကင်အတွက်လည်း ပူစရာမလိုပါဘူး။ ဟိုတယ်က ဧရာ၀တီမြစ်ကမ်းနံဘေးမှာ ရှိတာကြောင့် ညနေခင်း မြစ်ကမ်းဘေးမှာ လေကောင်းလေသန့်ရှူရင်း နေဝင်ချိန်အလှကို ခံစားကြည့်ရှုနိုင်ပါတယ်။ ပြီးရင် ဧရာ၀တီမြစ်အလှကို နောက်ခံထားပြီး ဓာတ်ဖမ်းလို့ရပါသေးတယ်။

ဟိုတယ်အခန်းတွေကို ကျေးလက်အညာဆန်ဆန် ပြင်ဆင်ထားပြီး ထရံအကာလေးတွေ၊ ဓနိမိုးတွေနဲ့ သပ်သပ်ရပ်ရပ် ဖွဲ့စည်းထားပါတယ်။ အခန်းတိုင်းမှာ ရေချိုးခန်း၊ အိမ်သာ၊ ဝိုင်ဖိုင်၊ အဲကွန်း၊ ပန်ကာတို့ ပါရှိပါတယ်။ 

Advertisement

Click Here > Asia Power Quality Electric Co.Ltd.

ဟိုတယ်အခန်း စျေးနှုန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၄ ယောက်ခန်းကို 40000 (Breakfast ပါပြီး)

၅ ယောက် ခန်းကို 50000 (Breakfast ပါပြီး)

၆ ယောက် ခန်းကို 60000 (Breakfast ပါပြီး)

၇ ယောက် ခန်းကို 70000 (Breakfast ပါပြီး)

၈ ယောက် ခန်းကို 80000 (Breakfast ပါပြီး)

၉ ယောက် ခန်းကို 90000 (Breakfast ပါပြီး)

၁၀ ယောက်ခန်းကို 100000 (Breakfast ပါပြီး)

၄ ယောက်ခန်းက စပြီး ရှိတာမို့ သူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုတွေ စုပြီး သွားရင် တစ်ယောက်ကို တစ်သောင်းပဲ ကျမှာဆိုတော့ ပိုတန်ပါတယ်။  

နှစ်ယောက်ခန်း၊ သုံးယောက်ခန်း သီးသန့်မရှိလို့ ပုံမှန်လေးယောက်ခန်းကို ၂ ယောက်ခန်းအဖြစ် 30000၊ ၃ ယောက်ခန်းအဖြစ် 35000  နဲ့ စီစဉ်ပေးပါတယ်။

နံနက်စာ ဖရီးဆိုပြီးတော့ ဖြစ်သလို မလုပ်ပေးပါဘူး။ သန့်ရှင်းလတ်ဆတ်တဲ့ အညာဒေသ အစားအစာလေးတွေကို သေချာလေး ပြင်ဆင်ပေးပါတယ်။ နေ့လည်စာ၊ ညစာအတွက်လည်း မှာယူစားသောက်နိုင်ဖို့အတွက် စားသောက်ဆိုင် တွဲလျက်ပါရှိပါတယ်။ စားသောက်ဆိုင်မှာ အညာအသုပ်မျိုးစုံ၊ ထမင်းဆီစမ်း၊ မြန်မာအစားအစာနဲ့ တရုတ်အစားအစာတွေ မှာယူသုံးဆောင်နိုင်ပါတယ်။

ဧည့်သည်တွေ တောင်းဆိုရင် ရထားဂိတ်၊ ကားဂိတ်ကိုလည်း လာကြိုပေးပါတယ်။ ဝန်ဆောင်ခတော့ ပေးရပါတယ်။ ဒါ့အပြင် E bike၊ Car၊ TukTuk အငှားနှင့် Ticket Service တို့ကိုလည်း အကောင်းဆုံး ဝန်ဆောင်မှုပေးပါတယ်။

ဝန်ဆောင်မှုလည်းကောင်း၊ ရှုခင်းလည်းလှ၊ စျေးလည်းသက်သာတဲ့ ဟိုတယ်ကို သိသွားပြီဆိုရင် ပုဂံ အတူသွားမယ့် သူငယ်ချင်းတွေကို အခုပဲ လက်တို့လိုက်တော့နော်။

လိပ်စာ - ရွှေစည်းခုံ ဘုရားအနီး အမှတ် (၇) ဝက်ကြီးအင်းရပ်

ဖုန်း - 09-256117256, 09-5091350 

⇐ Previous Next

Read 1341 times