Health & Beauty

Barbiecore Fashion

Barbiecore Fashion

Barbiecore ဖက်ရှင်ကို Barbie ရုပ်ရှင်ကြောင့် ပြန်ပြီး Trend ဖြစ်လာတယ်လို့ မယူဆနိုင်ပေမဲ့ Barbie ရုပ်ရှင် ရုံတင်ရက်တွေမှာ ပန်းရောင်ဖက်ရှင်ကို ဝတ်ဆင်လာကြတဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေကြောင့် Barbiecore ဖက်ရှင်ကို လူတွေ ပိုစိတ်ဝင်စားလာကြပါတယ်။

တကယ်က Barbiecore ဖက်ရှင်ဆိုတာ Y2K ဖက်ရှင်လိုပဲ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းတွေမှာ စတင်ခေတ်စားခဲ့တဲ့ ဖက်ရှင် Trend တစ်မျိုးဖြစ်ပါတယ်။ ဒါတင်မကသေး ၂၀၂၂ ခုနှစ်ရဲ့ Trendy Color က Hot Pink ဖြစ်ခဲ့တဲ့အတွက် နိုင်ငံတကာမှာ Barbiecore ဖက်ရှင်တွေ ပြန်ပြီး ခေတ်စားခဲ့ပါတယ်။

Advertisement

Click Here > Capital Taiyo Life Insurance

၂၀၂၃ အတွက် ရွေးချယ်ထားတဲ့ Trendy Color တွေထဲမှာလည်း Peach Pink နဲ့ Crystal Rose အရောင်တွေ ပါပါတယ်။ Fashion Trend မှာ ဒီလို အကြီးအကျယ် နေရာယူထားတဲ့ Barbiecore ဖက်ရှင်ဟာ အခုရက်ပိုင်းအတွင်းမှာတော့ Barbie ရုပ်ရှင်နဲ့အပြိုင် လူစိတ်ဝင်စားမှု အများဆုံးဖြစ်နေတဲ့ Styling တစ်ခု ဖြစ်လာပါတယ်။ 

ဒါကြောင့် Barbiecore Aesthetic ဖက်ရှင်ကို စိတ်ဝင်စားလို့ဖြစ်ဖြစ်၊ ကိုယ်က ပန်းရောင်ကြိုက်လို့ဖြစ်ဖြစ် အမိုက်စား Outfit Style လေးတွေ လိုက်ဝတ်ကြည့်ချင်သူတွေအတွက် အတွဲအစပ်ပုံလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

 

 

⇐ Previous Next

Read 714 times