Entertainment

Book Types Recommendation Based On Zodiac Signs

Book Types Recommendation Based On Zodiac Signs

ဒီတစ်ပတ်မှာတော့ စာဖတ်ဝါသနာရှင်တွေအတွက် စာအုပ်အမျိုးအစားတွေ အများကြီး ရှိတဲ့ထဲက ကိုယ့်ရဲ့ ရာသီခွင်အလိုက် ဘယ်စာအုပ်အမျိုးအစားကို ရွေးချယ် ဖတ်သင့်သလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ ရာသီခွင် တစ်ခုချင်းစီရဲ့ စိတ်နေသဘောထားအပေါ် မူတည်ပြီး ကိုက်ညီမယ့် စာအုပ်အမျိုးအစား‌တွေက ဘာဖြစ်မလဲ? ဘယ်ရာသီဖွားတွေက ဘယ်လို စာအုပ်အမျိုးအစားတွေကို ကြိုက်တတ်လဲ? ဆိုတာ အောက်မှာ ဆက်ကြည့်ရအောင်နော်။

၁။ Aries - မိဿရာသီဖွား (မတ်လ - ၂၁ မှ ဧပြီလ - ၁၉)

မိဿရာသီဖွားတွေက ပြတ်သားပြီး အကြောက်အရွံ့ကင်းမဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ မွေးရာပါ စွမ်းအားနဲ့ ကိုက်ညီနိုင်မယ့် စာအုပ်အမျိုးအစားကတော့ အက်ရှင်နဲ့ စွန့်စားခန်းတွေ အများကြီးပါတဲ့ စာအုပ်တွေဖြစ်ပါတယ်။ စိတ်သိပ်မရှည်တတ်တဲ့ ရာသီဖွားတွေ ဖြစ်တာကြောင့် များသောအားဖြင့် စာမျက်နှာနည်းနည်းနဲ့ ဆွဲဆောင်နိုင်တဲ့ စာအုပ်မျိုးတွေကိုပဲ ဖတ်ကြပါတယ်။

၂။ Taurus - ပြိဿရာသီဖွား (ဧပြီ - ၂၀ မှ မေ -၂၀)

ခေါင်းမာပြီး ထက်မြက်တဲ့ ပြိဿရာသီဖွားတွေက ရှုပ်ထွေးတဲ့အရာတွေ၊ စိတ်ဖိစီးမယ့်အရာတွေကို သဘောမကျကြပါဘူး။ သူတို့က ပျော်ရွှင်စရာ ဇာတ်သိမ်းကိုပဲ မျှော်လင့်နေကျမို့ စာအုပ်မှာဆိုလည်း ပေါ့ပေါ့ပါးပါး အချစ်၀တ္ထုတွေကို အများဆုံး ရွေးချယ်ကြပါတယ်။ မိဿရာသီဖွားတွေနဲ့ ဆန့်ကျင်ဘက်  စိတ်ရှည်တဲ့သူတွေ ဖြစ်တာကြောင့် စာမျက်နှာ ဘယ်လောက်များတဲ့ စာအုပ်တွေပဲဖြစ်ဖြစ် ဖတ်နိုင်ကြပါတယ်။

၃။ Gemini - မေထုန်ရာသီဖွား (မေ - ၂၁ မှ ဇွန်လ - ၂၀)

သဘာဝအရ မေထုန်ရာသီဖွားတွေရဲ့ စိတ်က ဆန့်ကျင်ဘက်နှစ်ခုကို အမြဲလွန်ဆွဲ နေတတ်ပါတယ်။ ဉာဏ်ရည်ထက်မြက်ပြီး စကားပြောကောင်းလှတဲ့ သူတို့က တစ်ဖက်မှာ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွေကို နှစ်ခြိုက်ကြသလို လက်တွေ့ဆန်တဲ့ စိတ်ကူးစိတ်သန်းတွေ အများကြီးပါတဲ့ စာအုပ်ကောင်းတွေကိုလည်း ဖတ်ရှုတတ်ကြပါတယ်။

၄။ Cancer - ကရကဋ်ရာသီဖွား (ဇွန် - ၂၁ မှ ဇူလိုင် - ၂၂)

မွေးရာပါ စိတ်ထားနူးညံ့ပြီး စိတ်ထိခိုက်လွယ်တဲ့ ကရကဋ်တွေက အရာရာကို သူတို့ဘဝနဲ့ နှိုင်းယှဉ်ပြီး ထဲထဲဝင်ဝင် ခံစားတတ်ကြတာကြောင့် အမြဲစိတ်အနာတရ ဖြစ်နေရတတ်ပါတယ်။ အဲဒါကြောင့် သူတို့လေးတွေက ဘဝအတွက် စိတ်ခွန်အားပေး စာအုပ်တွေနဲ့ အတ္ထုပ္ပတ္တိစာအုပ်မျိုးတွေကို ဖတ်သင့်ပါတယ်။

၅။ Leo - သိဟ်ရာသီဖွား (ဇူလိုင် - ၂၃ မှ ဩဂုတ် - ၂၂)

ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အချင်းတွေအပြည့်နဲ့ မွေးဖွားလာသူတွေက သေချာပေါက် သိဟ်ရာသီဖွားတွေပါ။ စိတ်ကူးဉာဏ် ရင့်သန်ကြတဲ့အပြင် တီထွင်ဖန်တီးနိုင်စွမ်းကလည်း ရှိကြတာမို့ ဇာတ်အိမ်ကြီးမားပြီး ဇာတ်လမ်းအနိမ့်အမြင့်များတဲ့ စိတ်လှုပ်ရှားစရာ စာအုပ်မျိုးတွေ၊ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ရင်းနှီးမြှုပ်နှံမှုအကြောင်းပါတဲ့ စီးပွားရေးဆိုင်ရာ စာအုပ်တွေက သိဟ်ရာသီဖွားတွေကို ဆွဲဆောင်နိုင်ပါတယ်။

၆။ Virgo - ကန်ရာသီဖွား (ဩဂုတ် - ၂၃ မှ စက်တင်ဘာ - ၂၂)

ဦးနှောက်နဲ့ အရာရာကို ဆုံးဖြတ်တတ်ကြတဲ့ ကန်ရာသီဖွားတွေကို နှလုံးသားမရှိတဲ့ သူတွေလို့ မထင်လိုက်ပါနဲ့‌။ သူတို့က ခံစားချက်တွေကို သိပ်ထုတ်မပြတတ်ကြရုံပါ။ စေ့စပ်သေချာပြီး စာအုပ်ကြီးတွေလို နေထိုင်တတ်တဲ့ ကန်ရာသီဖွားတွေက သမိုင်းဆိုင်ရာ စာအုပ်တွေနဲ့ဆို အံကိုက်ဖြစ်မှာပါ။

Advertisement

Click Here > Mega Global Green

 

၇။ Libra - တူရာသီဖွား (စက်တင်ဘာ - ၂၃ မှ အောက်တိုဘာ - ၂၂)

ဘယ်နေရာမှာမဆို အံဝင်ခွင်ကျဖြစ်ပြီး ပျော်ပျော်နေတတ်တဲ့ တူရာသီဖွားတွေက လူတိုင်းကိုလည်း ခင်တတ်ပြီး ကိုယ့်အပေါ် မကောင်းတဲ့သူတွေကိုတောင် အမှတ်အတေးမထားဘဲ လွယ်လွယ်ကူကူပဲ ခွင့်လွှတ်တတ်သူတွေပါ။ ပျော်ရွှင်မှုကို မက်မောပြီး ပေါ့ပေါ့ပါးပါး နေတတ်သူတွေမို့ ဘယ်လိုစာအုပ်အမျိုးအစားနဲ့မဆို အဆင်ပြေနိုင်ပါတယ်။

၈။ Scorpio - ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ - ၂၃ မှ နိုဝင်ဘာ - ၂၁)

အရာရာတိုင်းအပေါ် လေးနက်ပြီး လျှို့ဝှက်တတ်သူတွေဖြစ်တဲ့ ဗြိစ္ဆာရာသီဖွားတွေရဲ့ စိတ်ကို ခန့်မှန်းဖို့ အရမ်းခက်ပါတယ်။ သူတို့တွေက အစွဲအလမ်းလည်း ကြီးကြပါသေးတယ်။ လျှို့ဝှက်ဆန်းကြယ်ပြီး သည်းထိတ်ရင်ဖိုဖြစ်တဲ့ ဆိုက်ကိုဆန်ဆန် ဇာတ်လမ်းမျိုးတွေက သူတို့ကို စိတ်လှုပ်ရှားစေမှာပါ။

၉။ Sagittarius (နိုဝင်ဘာ - ၂၂ မှ ဒီဇင်ဘာ - ၂၁)

ဟာသဉာဏ်ဆိုတာ လူတိုင်းမှာ မရှိနိုင်ပေမဲ့ Sagittarius တိုင်းမှာတော့ ရှိပါတယ်။ စူးစမ်းလိုစိတ် ပြင်းပြပြီးတော့ အသစ်အဆန်းတွေကိုဆို အမြဲတမ်း လေ့လာချင်သူတွေပါ။ သူတို့ စိတ်ကို ဆွဲဆောင်နိုင်စေတဲ့ စာအုပ်အမျိုးအစားကတော့ စိတ်ကို လေးလေးနက်နက် ခံစားမှုပေးနိုင်တဲ့ စာအုပ်တွေထက် စိတ်ကို ပျော်ရွှင်စေတဲ့ ဟာသစာပေတွေပဲ ဖြစ်မှာပါ။

၁၀။ Capricorn - မကာရရာသီဖွား (ဒီဇင်ဘာ - ၂၂ မှ ဇန်နဝါရီ - ၁၉)

မကာရရာသီဖွားတွေရဲ့ သိချင်စိတ် ပြင်းပြမှုတွေကြောင့် သူတို့က ဘယ်လို စာပေအမျိုးအစားကိုမဆို ဖတ်ချင်ကြပါတယ်။ စိတ်ကူးယဉ်ဝတ္ထုတွေထက် သူတို့ သိလိုစိတ်ကို ပိုမိုနှိုးဆွပေးနိုင်တဲ့ ဖြစ်ရပ်မှန်ကို အခြေခံရေးသားထားတဲ့ စာအုပ်မျိုးတွေက သူတို့နဲ့ ပိုကိုက်ညီပါတယ်။

၁၁။ Aquarius - ကုံရာသီဖွား (ဇန်နဝါရီ - ၂၀ မှ ဖေဖော်ဝါရီ - ၁၈)

ရှေးရိုးစွဲဝါဒကို မနှစ်သက်ဘဲ လွတ်လပ်တဲ့ အတွေးအခေါ်ကောင်းတွေ ရှိကြတဲ့ ကုံရာသီဖွားတွေက သတ်မှတ်ချက်တွေကို ကျော်လွန်ပြီး လမ်းသစ်ဖောက်ကြသူတွေပါ။ သူတို့က သူများတွေ နားလည်ရခက်ပါတယ်ဆိုတဲ့ စာအုပ်အမျိုးအစားတွေကို ဖတ်နိုင်သူတွေပါ။ ယုတ္တိဗေဒဘောင်ကို ကျော်လွန်တဲ့ စာအုပ်အမျိုးအစားတွေနဲ့ အထူးကိုက်ညီပါတယ်။

၁၂။ Pisces - မိန်ရာသီဖွား (ဖေဖော်ဝါရီ - ၁၉ မှ မတ် - ၂၀)

ရာသီခွင်တွေအားလုံးထဲမှာ မိန်ရာသီဖွားတွေက ဉာဏ်အကောင်းဆုံးဖြစ်ပြီး ဖန်တီးနိုင်စွမ်းကလည်း အမြင့်ဆုံးမှာလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ သူတို့က သိပ္ပံပညာရပ်နဲ့ ဆန့်ကျင်ဘက် သဘာဝလွန် ဖြစ်ရပ်တွေကို လေ့လာလိုကြပါတယ်။ သူတို့ရဲ့ ပင်ကိုသဘာဝကို လှုံ့ဆော်နိုင်တဲ့ စာအုပ်တွေကတော့ ပဉ္စလက်ဆန်ဆန်စာအုပ်တွေ ဖြစ်ပါတယ်။

Source - WunZin

⇐ Previous Next

Read 1533 times