Entertainment

Burmese alphabet include in the 5 most beautiful alphabets in the world

Burmese alphabet include in the 5 most beautiful alphabets in the world

ရှစ်ရာစုမှာ ဖိုနီးရှန်း အက္ခရာ စတင်ပေါ်ပေါက်လာခဲ့တာကစပြီး မရေမတွက်နိုင်တဲ့ ရေးနည်းစနစ်တွေ ယဥ်ကျေးမှုတွေပြန့်ပွား စီးဆင်းခဲ့ပါတယ်။

အီဂျစ်အရုပ်စာက ဒီအက္ခရာတွေဘယ်လောက်ရှေးကျတယ်ဆိုတဲ့ သက်သေပါပဲ။အခုထိ ကျွန်တော်တို့ အီဂျစ်အရုပ်စာကို အပြည့်အဝ အဓိပ္ပါယ်မဖော်နိုင်သေးပါဘူး။ ယနေ့တိုင်အောင်လည်း အက္ခရာပေါင်း ရာဂဏန်းခန့် ဒီကမ္ဘာကြီးမှာ တည်ရှိနေပါသေးတယ်။ ဒါပေမယ့် အောက်မှာဖော်ပြသွားမယ့် အက္ခရာငါးမျိုးကတော့ ကမ္ဘာအလှပဆုံး အက္ခရာတွေလို့ ပညာရှင်တွေကသတ်မှတ်ထားကြပါတယ်။ 

  1. Burmese (Myanmar)

မြန်မာအက္ခရာဟာ ဒီစာရင်းမှာ အလှပဆုံးအက္ခရာအဖြစ်သတ်မှတ်ခံထားရပါတယ်။ မြန်မာ့အက္ခရာဟာ လုံးလုံးဝိုင်းဝိုင်းနဲ့ နာရီလက်တံအတိုင်းရေးသားတဲ့ အက္ခရာဖြစ်ပြီး အက္ခရာ (၃၃) လုံးနဲ့ သရ (၈) လုံးရှိပါတယ်။ ရှေးအခါက ရေးသားတဲ့အခါမှာတော့ ဝိုင်းစက်အောင်ရေးတာမဟုတ်ပဲ လေးထောင့်ကျကျအနေအထားနဲ့ ရေးခဲ့ကြပါတယ်။ 

  1. Sinhalese(Sri Lanka) 

ကမ္ဘာပေါ်မှာ အကျယ်ပြန့်ဆုံး အက္ခရာတွေထဲကတစ်ခုလို့ သတ်မှတ်ထားပြီး အသံထွက်ပေါင်း (၅၀) ကျော်ရှိပြီး အသံထွက်နည်းနည်းလေး ကွဲပြားသွားရုံနဲ့တင် အဓိပ္ပါယ်တွေလည်း ကွာခြားသွားနိုင်ပါတယ်။ လက်ရှိမှာတော့ (၃၈) မျိုးကိုသာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေပါတယ်။ ဒီဘာသာစကားဟာ သီရီလင်္ကာနိုင်ငံတစ်ဝှမ်းနေထိုင်တဲ့ လူတွေစုစုပေါင်းရဲ့တစ်တက် (၂၁) သန်းရဲ့ မိခင်ဘာသာစကားလည်းဖြစ်ပါတယ်။ 

  1. Georgian (Georgia) 

ရုရှားနဲ့ တူရကီလိုနိုင်ငံနှစ်နိုင်ငံ ကြားညှပ်နေတဲ့ နိုင်ငံငယ်လေး ဂျော်ဂျီယာရဲ့ အက္ခရာတွေဟာလည်း အလှပဆုံးတွေထဲမှာ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်တွေအတွင်းမှာ ရုရှားဟာ ဂျောဂျီယာရဲ့ နယ်မြေတစ်ဝက်လောက်ကို မတရားရယူခဲ့ပါတယ်။ ဒါကြောင့် အခုအချိန်မှာ စကားပြောဆိုမှုရော ၊ရေးသားမှုပါ ကျဆင်းနေပြီး ကွယ်ပျောက်တော့မယ့် အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။ 

  1. Tagalog(Philippines) 

အင်ဒို-ဥရောပ ဘာသာစကားကနေဆင်းသကလာပြီး စပိန်ဘာသာစကား မရောက်ရှိခင်အထိ

ဖိလစ်ပိုင်မှာတွင်ကျယ်စွာ အသုံးပြုခဲ့ကြပါတယ်။ ကိုလိုနီခေတ်ကို ရောက်ရှိလာတဲ့အခါမှာတော့ စာလုံးတွေကို ဘယ်ညာပြောင်းလဲရေးစေခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး (၁၉၈၇) ခုနှစ်မှာတော့ စပိန်ဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ် ပြောင်းခဲအသုံးပြုစေခဲ့ပါတယ်။ ရေးသားတဲ့သူတွေအနည်းငယ် ကျန်ရှိနေသေးတယ်ဆိုပေမယ့် မကြာခင်မှာပဲ ပျောက်ကွယ်သွားဖို့ အလားအလာတွေရှိနေပါတယ်။ 

  1. Hanacaraka (Indonesia) 

ဒီဘာသာစကားကတော့ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ စတင်ပေါ်ပေါက်လာခဲ့တာပါ။ တခြားကျွန်းတွေကိုပါ ပျံ့နှံ့သွားပြီး လူသုံးလည်းများခဲ့ပါတယ်။ အာဏာပိုင်တွေက (၁၉) ရာစုနဲ့ (၂၀) ရာစုမှာ စံဘာသာအဖြစ်သတ်မှတ်ဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံရဲ့ သိမ်းပိုက်မှုကိုခံခဲ့ရတာကြောင့် ဒီကြိုးစားမှုဟာ နောက်ပိုင်းမှာ ပျောက်ကွယ်သွားခဲ့ရပါတယ်။

⇐ Previous Next

Read 2925 times