Technology

Useful Tools for Social Media Marketing

Useful Tools for Social Media Marketing

Social တွေအသုံးများလာတာနဲ့အညီ Social Marketing တွေလည်း လူသိများလာခဲ့ပါတယ်။ ဝင်ငွေကောင်းတဲ့ အလုပ်တစ်ခုဖြစ်ပြီး Generation Z ကလူငယ်တွေဟာ ဒီအလုပ်ကိုပိုမို စိတ်ဝင်စားလာခဲ့ကြပါတယ်။ ဒါကြောင့်မို့လို့ Social Marketing အတွက် သိထားဖို့လိုတဲ့ Tools`တွေကို ဖော်ပြပေးသွားမှာပါ။ 

 

  1. Hootsuite

Social Media Management Tool တစ်ခုဖြစ်တဲ့ Hoostuite ဟာဆိုရင် လူသုံးအများဆုံး Tool တစ်ခုဆိုလဲမမှားပါဘူး။Post တင်ဖို့အတွက်သာမက Analytics လုပ်ဖို့အတွက်ကိုပါ အဆိုပါ Hoostuite Tool လေးကကူညီပေးပါလိမ့်မယ်။ ဒီ Tool လေးကဘာတွေလုပ်ပေးနိုင်လဲ ဆိုတော့ Schedule လုပ်နိုင်ခြင်း၊ Social Accountကိုချိတ်ဆက် အသုံးပြုနိုင်ခြင်း၊ Post တွေကိုတပြိုင်နက် Publish လုပ်နိုင်ခြင်း၊Conversion Trackingလုပ်နိုင်ခြင်း၊Audience Trackingလုပ်ဆောင်နိုင်ခြင်း၊ Organize လုပ်ဆောင်ဖို့လွယ်ကူခြင်း၊ Teamတစ်ခုအနေနဲ့ လုပ်ဆောင်နိုင်ခြင်း စတဲ့အချက်တွေကြောင့် လူသုံးများနေရခြင်းဖြစ်ပါတယ်။

  1. Sprout Social 

Sprout Social ဆိုတာကလည်း Management Tool တစ်ခုပဲဖြစ်ပါတယ်။သူဟာလဲ Facebook Post တင်တာတွေကို လုပ်ဆောင်ပေးနိုင်တဲ့ Publishing Toolတစ်မျိုးပဲ ဖြစ်ပါတယ်။ကိုယ့် Business ကိုကောင်းကောင်း Dashboard  မှ တစ်ဆင့် Manageလုပ်နိုင်တဲ့ Tool တစ်ခုပါ။ SproutSocial ရဲ့ UI လွယ်ကူမှုကလည်း လူသုံးများစေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ 

 

  1. Buffer 

Buffer ဆိုတာကလည်း Social Media Publishing Tool တစ်မျိုးပါပဲ။ Channels တွေအများကြီးပေါ်မှာ Post တွေအများကြီးကို တပြိုင်တည်းနက် Publish လုပ်လို့ ရပါတယ်။Bufferကိုတော့ Hoostuite လောက်အသုံးပြုသူ မရှိပါဘူး။ဒါပေမဲ့လဲ Buffer ဟာ Social Communities မှာ တော်တော်များများလုပ်ဆောင်နိုင်တာကိုတွေ့ရမှာပါ။ Post Schedule တွေကအစအသေးစိတ်ရေးဆွဲနိုင်အောင် Buffer ဆိုတဲ့ Tool လေးကကူညီပေးပါလိမ့်မယ်။

  1. Canava 

Canva ဆိုတာကတော့ Digital Marketing ကော Social Media Marketing အတွက်ပါ creative designs တွေဖန်တီးလို့ရမယ့် Photo Editing Tool တစ်ခုပဲဖြစ်ပါတယ်။ Canva ကိုSocial Media Postတွေကိုအကောင်းဆုံး ဖန်တီးနိုင်ဖို့ရည်ရွယ်ချက် နဲ့ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Android IOS အတွက်လဲ Canva Software ကိုအလွယ်တကူ download ရယူအသုံးပြုနိုင်ပြီး Website ကနေလဲ Google,Facebook Account တို့နဲ့ချိတ်ဆက်အသုံးပြုနိုင်ပါသေးတယ်။

⇐ Previous Next

Read 1493 times