Technology

The Best Budget Phones For 2024

The Best Budget Phones For 2024

နှစ်သစ်မှာ ဖုန်းအသစ်လဲချင်သူတွေ ရှိကြလား? ဖုန်းအသစ်ဝယ်ဖို့ စဉ်စားနေတယ်၊ စျေးလည်း သင့်တင့်ရမယ်၊ ခပ်ကောင်းကောင်းဖုန်းတစ်လုံးလည်း ဖြစ်ရမယ်ဆိုရင် ဘယ်လိုဖုန်းမျိုး ရွေးချယ်ဝယ်ယူသင့်လဲဆိုတာ သိချင်တဲ့သူတွေအတွက် ဖုန်းအမျိုးအစား (၅) ကို Recommend ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ လူကြိုက်များနေပြီး ၂၀၂၄ အတွက် သင့်တော်မယ့် ၃ သိန်းတန်ဝန်းကျင် ဖုန်းတွေက ဘာတွေဖြစ်မလဲ?

(၁) Samsung Galaxy A04e 

SAMSUNG GALAXY A04E (3GB/32GB)

Galaxy A04e စမတ်ဖုန်းမှာ နေ့စဉ်လုပ်ဆောင်ချက်တွေ အဆင်ပြေချောမွေ့စေဖို့ Android 12 version နဲ့ Octa Core (2.3 GHz နဲ့ 1.8 GHz) processor ကို အသုံးပြုထားပါတယ်။ ဘက်ထရီအနေနဲ့ ကြာရှည်ခံ အသုံးပြုနိုင်ဖို့ 5000 mAh ဘက်ထရီကိုလည်း ထည့်သွင်းပေးထားပါတယ်။

ကြီးမားကျယ်ပြန့်‌တဲ့ 6.5” HD+ PLS LCD မျက်နှာပြင် ပါဝင်ပြီး ကျောဖက်ကင်မရာ ၂ လုံး (13MP Main နဲ့ 2MP Depth) နဲ့ 5MP ရှေ့ကင်မရာတွေကို တပ်ဆင်ထားတာဖြစ်တဲ့အတွက် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။  

Galaxy A04e မှာ Storage အနေနဲ့ 3GB RAM / 32GB ROM နဲ့ 4GB RAM / 64GB ROM ပါဝင်တဲ့ ဗားရှင်း (၂) မျိုး ထွက်ရှိထားပါတယ်။ အရောင်အနေနဲ့ Black၊ Copper နဲ့ Light Blue စတဲ့ အရောင်တွေ ရွေးချယ်စရာရှိပြီး စျေးနှုန်းကတော့ ၃ သိန်းခွဲဝန်းကျင် ရှိပါတယ်။ 

(၂) OPPO A17k

Budget ဖုန်းတွေရဲ့ ဒီဇိုင်းပိုင်းအားနည်းမှုကို OPPO ဘယ်လိုမျိုး  ဖြေရှင်းခဲ့သလဲ

OPPO A17k မှာ Flat-edged ဒီဇိုင်းနဲ့ ပြုထားတာဖြစ်တဲ့အတွက် နောက်ဘက်ကာဗာကို အကြမ်းခံစေပါတယ်။ OPPO A17k ဟာ ဖုန်းမျက်နှာပြင်အကျယ် 6.56” ဖြစ်ပြီး အလေးချိန် 189 g သာရှိတဲ့အတွက် လက်ထဲမှာ အံဝင်ခွင်ကျဖြစ်စေတဲ့ ခံစားချက်ကို ပေးစွမ်းပါတယ်။ OPPO A17k က Blue နဲ့ Navy Blue ဆိုပြီး အရောင်နှစ်မျိုးထွက်ထားပါတယ်။ 

ကြာရှည်ခံတဲ့ 5000 mAh ဘက်ထရီပါဝင်ပြီး ဖုန်းအားသွင်းတာကို မြန်မြန်ပြည့်စေတဲ့ 10 W Charging ကိုလည်း တပ်ဆင်ထားပါတယ်။ Memory Storage အနေနဲ့ 3GB RAM နဲ့ 64GB ROM တို့ ပါဝင်တဲ့အပြင် RAM 4 GB အထိ တိုးချဲ့နိုင်တဲ့ Extended RAM လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။

Android 12 ကို အခြေခံထားတဲ့ Color OS 12.1 ကို သုံးထားပြီး App တစ်ခုကနေ တစ်ခုကို ကူးပြောင်းတဲ့အခါမှာ မြန်မြန်ဆန်ဆန်နဲ့ Multitasking လုပ်နိုင်စေဖို့ FlexDrop ကိုလည်း ထည့်သွင်းထားပါတယ်။ 

ကင်မရာပိုင်းကျတော့ AI ပါဝင်တဲ့ 8MP Main Camera နဲ့ 5MP Front Camera တို့ကို တပ်ဆင်ထားတာဖြစ်တဲ့အတွက် ဓာတ်ပုံရိုက်တဲ့အခါ ဘဘာ၀အတိုင်း လှပနေစေမှာဖြစ်ပါတယ်။ စျေးနှုန်းကတော့ သူလည်း ၃ သိန်းခွဲ ဝန်းကျင်လောက် ရှိပါတယ်။ 

(၃) Vivo Y02

Kredit HP Vivo Y02 Murah! Harga dan Spesifikasi Terbaru

Vivo Y02 ဖုန်းရဲ့ ဆော့ဖ်ဝဲပိုင်းမှာတော့ Android 12 Go Edition အခြေပြု Function OS 12 ကို သုံးထားပါတယ်။ Internal Storage 32 GB ပါရှိပြီး 1 TB အထိ ထပ်ထည့်နိုင်မယ့် microSD Card Slot တစ်ခု ပါရှိပါတယ်။ 

ဖုန်းစခရင်ကတော့ ကြည်လင်ပြတ်သားမှုရှိစေရန် 6.51" HD+LCD မျက်နှာပြင် တပ်ဆင်ပေးထားပြီး 5MP ဆဲလ်ဖီကင်မရာ ထည့်သွင်းမြှပ်နှံထားတဲ့ Notch ပါရှိပါတယ်။ ကျောဘက်မှာတော့ LED Flash နဲ့ ချိတ်ဆက်ထားတဲ့ 8MP ပင်မကင်မရာတစ်လုံး ပါဝင်ပါတယ်။ 

Vivo Y02 ဖုန်းမှာ microUSB အပေါက်ကနေတဆင့် 10W အထိ အားသွင်းနိုင်တဲ့ 5000 mAh ဘက်ထရီ ပါဝင်ပါတယ်။ အရောင်တွေအနေနဲ့ကတော့ Cosmic Grey နဲ့ Orchid Blue ဆိုပြီး နှစ်မျိုး ထွက်ရှိထားပါတယ်။ စျေးနှုန်းကတော့ ၃ သိန်းကျပ်ဝန်းကျင် ရှိပါတယ်။ 

(၄) Redmi Note 12R (5G)

REDMI NOTE 12 5G (6/128GB)

Budget ဖုန်းတွေ ပိုပြီး Powerful ဖြစ်စေမယ့် Snapdragon 4 Gen2 ကို ပထမဆုံး သုံးထားတဲ့ Redmi Note 12R ဟာ သုံးစွဲသူတွေရဲ့ အမြင်ကို ဖမ်းစားဖို့ ဒီဇိုင်းပိုင်းကိုလည်း သေချာလေး ပြင်ဆင်ထားပါတယ်။ 

Note 12R မှာ ဖုန်းမျက်နှာပြင်အတွက် 6.79” IPS LCD သုံးထားပြီး FHD+ Resolution ရှိပါတယ်။ Note 12R က 4GB/ 6GB/ 8GB စသဖြင့် RAM သုံးမျိုးနဲ့ ထွက်ထားပြီး Storage Option ကို 128GB (သို့) 256GB နှစ်မျိုးနဲ့ ရွေးချယ်နိုင်ပါတယ်။ microSD Slot ပါလို့ လိုအပ်ရင် Storage ထပ်တိုးနိုင်ပါတယ်။

ကင်မရာပိုင်းအနေနဲ့ 50MP (f/1.8) Sensor ကို Main သုံးထားပြီး 2MP Macro တစ်လုံးကို ပုံပါအတိုင်း တပ်ဆင်ထားတာဖြစ်တဲ့အတွက် Apple iPhone ပုံစံနဲ့တောင် ခပ်ဆင်ဆင် သွားတူနေပါတယ်။

ဘက်ထရီပိုင်းမှာ 5000 mAh ပမာဏ ထည့်ပေးထားပြီး 18W Fast Charging ရပါတယ်။ Midnight Black၊ Time Blue နဲ့ Sky Fantasy ဆိုပြီး အရောင် ၃ မျိုးနဲ့ ထွက်ထားတဲ့ Redmi Note 12R ရဲ့ စျေးနှုန်းကတော့ ၃ သိန်းခွဲ ဖြစ်ပါတယ်။ 

(၅) Realme C33

ဈေးနှုန်း ၄ သိန်းအောက်မှာ အကောင်းဆုံး 50MP CHDR ကင်မရာ ပါဝင်လာမည့်  ရင်ခုန်စွဲမက်ဖွယ်ရာ Boundless Sea Design နှင့် realme C33 ကို မကြာခင်  မိတ်ဆက်ပေးရန် ...

စျေးတန်ပြီး ကင်မရာကောင်းတဲ့ ဖုန်းတစ်လုံးရှာနေတယ်ဆိုရင် realme C33 ကို ရွေးချယ်သင့်ပါတယ်။ realme C33 ရဲ့ ဗားရှင်းနှစ်မျိုးကို 3GB+32GB အတွက် ၃ သိန်းခွဲ၊ 4GB+64GB အတွက် ၄ သိန်းကျပ်နဲ့ ဝယ်ယူနိုင်ပါတယ်။ Aqua Blue နဲ့ Night Sea ဆိုပြီး မျက်စိအေးစရာ အရောင်နှစ်မျိုး ထွက်ရှိထားပါတယ်။

realme C33 မှာ စွမ်းဆောင်ရည်မြင့် Unisoc T612 processor ပါဝင်ပြီး realme C33 ရဲ့ အားသာချက်မှာ အကောင်းဆုံး 50MP CHDR ကင်မရာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ပုံမှန် HDR အလင်းအမှောင်ချိန်ညှိနိုင်မှုထက် ပိုမိုကောင်းမွန်တဲ့ CHDR Algorithm နည်းပညာပါတဲ့အတွက် 50MP Mode မှာ HDR စနစ်ဖွင့်ပြီး ပုံရိုက်ကူးမယ်ဆိုရင် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

ပရီမီယမ် 2D composite PC၊ PMMA တို့နဲ့ ဖွဲ့စည်းထားတဲ့အတွက် ပုံမှန် Polycarbonate ထက်များစွာ မာကြောကျစ်လျစ်ပြီး လက်ထဲတွင် ကိုင်ဆောင်ထားရင် ပေါ့ပါးတဲ့ ခံစားမှုကို ရရှိစေပါတယ်။ ၆.၅ လက်မ မြင်ကွင်းကျယ် မျက်နှာပြင်နဲ့ ကြာရှည်အသုံးခံတဲ့ 5000 mAh ဘက်ထရီ ပါဝင်တာကြောင့် တစ်နေ့တာ စိတ်တိုင်းကျ အသုံးပြုနိုင်ပါတယ်။ 

⇐ Previous Next

Read 2212 times