Health & Beauty

Hot bean sprout soup that you should drink when you have a hangover

Hot bean sprout soup that you should drink when you have a hangover

K drama ပရိတ်သတ်တွေဆို ပဲပင်ပေါက်ဟင်းချိုပူပူလေးသောက်လိုက်ရင် ပြန်လန်ဆန်းသွားကြတဲ့ korean Hangover soup ပဲပင်ပေါက်ဟင်းချိုကို ကောင်းကောင်းသိကြမှာပါ။ မြန်မာနိုင်ငံမှာလည်း ပဲပင်ပေါက်ကို လွယ်လွယ်ကူကူ ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်တာကြောင့် Hangover ဖြစ်တဲ့အခါ အလွယ်တကူချက် သောက်လို့အဆင်ပြေတာပေါ့။

ပဲပင်ပေါက်မှာ အသားဓာတ်၊ Vitamin C နဲ့ Folid Acid ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားစနစ် (immnune system) ကို ကောင်းမွန်စေတဲ့အပြင်  စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။ Vitamin K လည်း ကြွယ်ဝစွာပါဝင်တာကြောင့် နုလုံးရောဂါဖြစ်ပွားမှုကိုလည်း လျှော့ချပေးပြီး အရိုးတွေကိုလည်း သန်မာစေပါတယ်။( Vitamin K ဟာ  အနာတွေကို အကျက်မြန်စေပါတယ်)

ဒါကြောင့် Hangover ဖြစ်နေလို့ပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် ပဲပင်ပေါက်ဟင်းချိုပူပူလေးက ကျန်းမာရေးအတွက်သင့်တော်တဲ့ ဟင်းချိုလေးဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ပဲပင်ပေါက် - (၃၀) သား

ရေ - (၆) ခွက်

ကြက်သွန်ဖြု - ၂ မွှာ

ပဲငံပြာရည် - စားပွဲတင်ဇွန်း (၂) ဇွန်း

နှမ်းဆီ - စားပွဲတင်ဇွန်း (၁) ဇွန်း

ဆား - စားပွဲတင်ဇွန်း (၁)ဇွန်း

ကြက်သွန်မြိတ် (ကြိုက်ရင်ထည့်လို့ရပါတယ်)

ပြုလုပ်နည်း

အိုးအနေတော်အိုးတစ်လုံးမှာ နှမ်းဆီထည့်ပြီး ကြက်သွန်ဖြူနဲ့ ပဲငံပြာရည်ထည့်ပြီး (၃)မိနစ်ဝန်းကျင်လောက် ဆီသတ်လိုက်ပါ။

ပြီးရင် ရေထည့်ပြီး ပဲပင်ပေါက်ထည့်ကာ မီးပြင်းပြင်းနဲ့ ပွက်အောင်တည်ပါ။ အရည်ဆူပွက်လာရင် မီးအေးအေးလေးနဲ့ (၂၅)မိနစ်ကနေ မိနစ်(၃၀) အထိ တည်ထားပါ။ တကယ်လို့ အစပ်ကြိုက်တယ်ဆိုရင်တော့ ကိုရီးယားငရုတ်သီးမှုန့် (kochukaru) ထည့်လိုက်ပါ။

ကြက်သွန်မြိတ်ကြိုက်ရင် ကြက်သွန်မြိတ်လေးပါးပါးလှီးပြီး ထည့်လိုက်ရင် ပဲပင်ပေါက်စွပ်ပြုတ် ပူပူလေးကို သောက်လို့ရပါပြီ။

ပဲပင်ပေါက်က မူလအချိူဓာတ်လေးရှိတာကြောင့် အချိုမှုန့်ထည့်ထပ်စရာမလိုပါဘူးနော်။ အပေါ့အငံမြည်းလိုသလို ထပ်ထည့်ပြီး ပူပူလေးသုံးဆောင်နိုင်ပါတယ်။ ထမင်းဖြူလေးနဲ့ကင်ချီလေးနဲ့တွဲဖက်ပြီး ကိုရီးယားဆန်ဆန်လေး စားမယ်ဆိုလည်း ရပါသေးတယ်။ 

⇐ Previous Next

Read 2146 times