ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ နောက်ပိုင်း လက်ရှိ မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ ပျံသန်း ပြေးဆွဲနေသော လေကြောင်းလိုင်း စုစုပေါင်း (၂၀) ခု ရှိပြီး မြန်မာပြည် အခြေစိုက် ပြည်တွင်းလေကြောင်းလိုင်း (၅) ခုနှင့် ပြည်ပလေကြောင်းလိုင်း (၁၅) ခုတို့ ဖြစ်သည်။
အဆိုပါ လေကြောင်းလိုင်းအားလုံးကို ပြည်တွင်းနှင့် ပြည်ပ ခွဲခြားကာ A-Z Alphabet အစဉ်လိုက် ဖော်ပြထားပြီး လေကြောင်းလိုင်းများနှင့်အတူ လက်ရှိ ပြေးဆွဲနေသည့် ခရီးစဉ် လမ်းကြောင်းများကိုပါ အောက်တွင် အပြည့်အစုံ စုစည်းပေးထားပါသည်။
ပြည်တွင်းအခြေစိုက် လေကြောင်းလိုင်း (၅) ခု
ပြည်ပလေကြောင်းလိုင်း (၁၅) ခု
Air Ticket အရောင်းဌာနများ ကြည့်ရန်
လေကြောင်းလိုင်းတစ်ခုချင်းစီ၏ အကြောင်း၊ ရန်ကုန်မြို့မှ တခြားမြို့များသို့ ပြေးဆွဲနေသည့် ခရီးစဉ် လမ်းကြောင်းများ၊ မြန်မာပြည်ရုံးခွဲများသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အီးမေးလ်နှင့် လိပ်စာများအပြင် လေယာဉ်ချိန်များ၊ ထိုင်ခုံနေရာများနှင့် ဈေးနှုန်းများကို Up-to-dated ကြည့်ရှုနိုင်ရန်အတွက် Website Link များကိုပါ ထည့်သွင်းပေးထားပါသည်။
၁။ Air KBZ
Air KBZ သည် ကမ္ဘောဇလုပ်ငန်းစုမှ ၂၀၁၀ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော မြန်မာအခြေစိုက် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး ပြည်တွင်းခရီးစဉ်များ ဖြစ်သည့် ပုဂံ၊ မန္တလေး၊ ဟဲဟိုးနှင့် ကလောမြို့များကို အဓိကထား ပျံသန်း ပြေးဆွဲလျက် ရှိသည်။
ပြေးဆွဲနေသော ခရီးစဉ်များ
ဆက်သွယ်ရန်
01-9670007 [Hot Line], 01-9670014~20
88, Pyay Rd., IBC, Ward (11), Hlaing, Yangon , Myanmar
၂။ Air Thanlwin
၁၉၉၆ ခုနှစ်တွင် Yangon Airways နာမည်ဖြင့် စတင် တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် Air Thanlwin နာမည်ပြောင်း၍ လုပ်ငန်းလည်ပတ်ခဲ့သည်။ ရန်ကုန်အခြေစိုက် ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခု ဖြစ်ပြီး ပြည်တွင်းခရီးစဉ် အများအပြားကို ပျံသန်း ပြေးဆွဲသည်။
ပြေးဆွဲနေသော ခရီးစဉ်များ
ဆက်သွယ်ရန်
09-76666101001-533258, 01-533259, 09-5011999, 01-700272, 01-533256, 01-533257
Rm C/15, Airport Rd., Yangon International Airport Terminal (3), A Nan Pin Ward, Mingalardon, Yangon , Myanmar
မန်းရတနာပုံ လေကြောင်းလိုင်းသည် မန္တလေးအခြေစိုက် ပုဂ္ဂလိကပိုင် ပြည်တွင်းလေကြောင်းလိုင်းတစ်ခု ဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင် လုပ်ငန်း လည်ပတ်ခဲ့သည်။ ပြည်တွင်းခရီးစဉ်များကို ပျံသန်း ပြေးဆွဲပြီး ထိုင်းနိုင်ငံသို့ ဒေသတွင်း နိုင်ငံတကာ ဝန်ဆောင်မှုများ စတင်ရန် စီစဉ်လျက် ရှိသည်။
ပြေးဆွဲနေသော ခရီးစဉ်များ
ဆက်သွယ်ရန်
01-656969, 01-655726, 01-656944, 01-656667
Airport Rd., Yangon Int'l Airport, A Nan Pin Ward, Mingalardon, Yangon, Myanmar
၄။ Myanmar Airways International
၁၉၉၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော Myanmar Airways International (MAI) သည် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတစ်ခု ဖြစ်ပြီး ရန်ကုန်မြို့တွင် ရုံးချုပ် တည်ရှိသည်။ ပြည်တွင်းခရီးစဉ်များအပြင် ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံများရှိ မြို့များသို့လည်း ပျံသန်း ပြေးဆွဲလျက် ရှိသည်။
ပြေးဆွဲနေသော ခရီးစဉ်များ
ဆက်သွယ်ရန်
01-9670014, 01-9670033, 01-9670038, 01-9670007
88, Pyay Rd., IBC, Ward (11), Hlaing, Yangon , Myanmar
မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) သည် ရန်ကုန်မြို့တွင် အခြေစိုက်သော နိုင်ငံပိုင် လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ပြည်တွင်းခရီးစဉ်များနှင့် အာရှဒေသတွင်း ခရီးစဉ် အားလုံးနီးပါးကို ပျံသန်း ပြေးဆွဲသည်။
ပြေးဆွဲနေသော ခရီးစဉ်များ
ဆက်သွယ်ရန်
01-377840~1, 01-378603 [Call Center], 01-378604 Call Center], 01-378608, 01-371587, 01-378606, 01-373828, 01-377842, 01-378608
104,Strand Rd. Kyauktada, Yangon , Myanmar
ရန်ကုန်မှ ပြေးဆွဲနေသော လေကြောင်းလိုင်းများ ကြည့်ရန်
ပြည်ပလေကြောင်းလိုင်း အချိန်စာရင်း ကြည့်ရန်
၆။ Air Asia
၁၉၉၃ ခုနှစ်က စတင် တည်ထောင်ခဲ့သော Air Asia လေကြောင်းလိုင်းသည် မလေးရှားနိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်းတစ်ခု ဖြစ်ပြီး ကွာလာလမ်ပူမြို့တွင် ရုံးစိုက်သည်။ မြန်မာနှင့် အာရှနိုင်ငံများ အပါဝင် နိုင်ငံပေါင်း (၂၅) နိုင်ငံမှ မြို့ပေါင်း (၁၆၅) မြို့ကျော်သို့ ပြည်တွင်းပြည်ပ ခရီးစဉ်များ ပျံသန်း ပြေးဆွဲလျက် ရှိသည်။
ပြေးဆွဲနေသော ခရီးစဉ်များ
ဆက်သွယ်ရန်
09-254049991, 09-254049992, 09-254049993
Rm 103, 1st Flr, La Pyi Wun Plaza, Dagon, Yangon, Myanmar
၇။ Air China
တရုတ်နိုင်ငံပိုင် လေကြောင်းလိုင်းတစ်ခု ဖြစ်သည့် Air China ရုံးချုပ်သည် ဘေဂျင်းမြို့တွင် တည်ရှိပြီး ၁၉၉၈ ခုနှစ်က လုပ်ငန်း စတင် လည်ပတ်ခဲ့သည်။ ပြည်တွင်းခရီးစဉ်များ အပါအဝင် အာရှ၊ ဥရောပ၊ တောင်အမေရိက၊ မြောက်အမေရိက၊ အာဖရိက၊ ပင်လယ်ကျွန်းဆွယ် နိုင်ငံများရှိ မြို့ပေါင်း (၂၀၀) ခန့်ကို ပျံသန်း ပြေးဆွဲသည်။
ပြေးဆွဲနေသော ခရီးစဉ်လမ်းကြောင်း
Yangon → Beijing
ဆက်သွယ်ရန်
09-253531122, 01-655882
Bldg 2, Hotel Yangon, Mayangone, Yangon , Myanmar
၈။ Air India
Air India လေကြောင်းလိုင်းကို ၁၉၃၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ယခင်က Tata Airline နာမည်ဖြင့် လုပ်ငန်း ဆောင်ရွက်ခဲ့သည်။ နယူးဒေလီတွင် ရုံးစိုက်ကာ ပြည်တွင်းခရီးစဉ်များနှင့် ဥရောပ၊ ယူကေ၊ အမေရိက၊ အာဖရိက၊ အာရှဒေသတွင်း နိုင်ငံများရှိ မြို့ပေါင်း (၆၀) ခန့်ကို ခရီးစဉ်များ ပြေးဆွဲလျက် ရှိသည်။
ပြေးဆွဲနေသော ခရီးစဉ်လမ်းကြောင်း
Yangon → Delhi
ဆက်သွယ်ရန်
01-254758, 01-253598, 01-371864
75, 1st Flr, Shwe Bon Tha St., Lower Middle Block, Pabedan, Yangon , Myanmar
Bangkok Airways သည် ၁၉၆၈ ခုနှစ်တွင် တည်ထောင်ခဲ့သော ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် လေကြောင်းလိုင်းတစ်ခု ဖြစ်ပြီး အဓိက အခြေစိုက်စခန်းမှာ သုဝဏ္ဏဘူမိလေဆိပ် ဖြစ်သည်။ မြန်မာအပါအဝင် အာဆီယံနိုင်ငံများ ဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ လာအို၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံများရှိ မြို့များကို အဓိက ပျံသန်း ပြေးဆွဲသည်။
ပြေးဆွဲနေသော ခရီးစဉ်လမ်းကြောင်း
Yangon → Bangkok
ဆက်သွယ်ရန်
01-255122, 01-255265
339, Rm 0305, 3rd Flr, Bogyoke Aung San Rd., Sakura Tower, Kyauktada, Yangon , Myanmar
၁၀။ China Airlines
၁၉၈၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော China Airlines သည် နိုင်ငံပိုင်လေကြောင်းလိုင်း ဖြစ်ပြီး ထိုင်ဝမ်၏ အဓိက လေကြောင်းလိုင်း နှစ်ခုအနက်မှ တစ်ခုဖြစ်သည်။ ပြည်တွင်းလေကြောင်းလိုင်း (၁၅) ခုနှင့် ပြည်ပလေကြောင်းလိုင်း (၇၁) ခု ရှိပြီး အာရှနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၃၁) နိုင်ငံမှ မြို့ပေါင်း (၁၅၀) ကျော်ကို ပြေးဆွဲ ပျံသန်းသည်။
ပြေးဆွဲနေသော ခရီးစဉ်လမ်းကြောင်း
Yangon → Taipei
ဆက်သွယ်ရန်
01-240399, 01-8392663
353/355, Bo Aung Kyaw St., Upper Block, Kyauktada, Yangon , Myanmar
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းတွင် ရုံးစိုက်သည့် China Eastern လေကြောင်းလိုင်းကို ၁၉၈၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံအပါအဝင် အာရှ၊ ဥရောပနှင့် ဩစတေးလီးယား နိုင်ငံများရှိ မြို့များသို့ ပြည်တွင်းပြည်ပ ခရီးစဉ် (၁၀၀) ကျော်ကို ပျံသန်း ပြေးဆွဲလျက် ရှိသည်။
ပြေးဆွဲနေသော ခရီးစဉ်များ
ဆက်သွယ်ရန်
01-9345410
[email protected], [email protected]
Rm 15, 12th Flr, Myanmar Center Tower (2), Bahan, Yangon , Myanmar
China Southern Airlines သည် ၁၉၈၈ ခုနှစ်တွင် စတင် လုပ်ငန်းလည်ပတ်ခဲ့သည့် တရုတ်နိုင်ငံ၏ အကြီးဆုံး လေကြောင်းလိုင်းတစ်ခု ဖြစ်ပြီး ကွမ်ကျိုးမြို့တွင် အခြေစိုက်သည်။ အာရှ၊ ဥရောပ၊ အမေရိက၊ အာဖရိကနှင့် ပင်လယ်ကျွန်းဆွယ် နိုင်ငံများရှိ မြို့ပေါင်း (၂၀၀) ကျော်ကို ပြေးဆွဲ ပျံသန်းသည်။
ပြေးဆွဲနေသော ခရီးစဉ်လမ်းကြောင်း
Yangon → Guangzhou
ဆက်သွယ်ရန်
01-9345357, 01-9345358
11th Flr, Myanmar Center Tower (1), Bahan, Yangon , Myanmar
၁၃။ Emirates
Emirates သည် UAE အစိုးရပိုင် Dubai's Investment Corporation လက်အောက်ရှိ ဒူဘိုင်းအခြေစိုက် လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။ ၁၉၈၅ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး အာရှ၊ ဥရောပ၊ အမေရိက၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသများနှင့် ပစိဖိတ်ဒေသများရှိ နိုင်ငံများသို့ ခရီးစဉ် (၁၆၀) ကျော် ပြေးဆွဲလျက် ရှိသည်။
ပြေးဆွဲနေသော ခရီးစဉ်များ
ဆက်သွယ်ရန်
09-797005307, 01-9345311
6th Flr, Myanmar Center Tower (1), Bahan, Yangon , Myanmar
၁၄။ Korean Airlines
Korean Airlines သည် ၁၉၆၉ ခုနှစ်တွင် Hanjin Group မှ တည်ထောင်ခဲ့သော လေကြောင်းလိုင်းတစ်ခု ဖြစ်ပြီး ဆိုးလ်မြို့တွင် အခြေစိုက်သည်။ ပြည်တွင်းခရီးစဉ် (၁၂) ခုနှင့် ဩစတေးယျ၊ အမေရိက၊ ဥရောပ၊ အာရှဒေသတွင်းရှိ နိုင်ငံများသို့ ပြည်ပခရီးစဉ် (၁၅၀) ကျော်ကို ပျံသန်း ပြေးဆွဲသည်။
ပြေးဆွဲနေသော ခရီးစဉ်လမ်းကြောင်း
Yangon → Seoul
ဆက်သွယ်ရန်
01-505950 Ext.2002, 01-505951 Ext.2002, 01-505950~53 Ext.2002/2003
346/354, Rm 2002, 2nd Flr, Pyay Rd., Pyay Garden Office Tower, Sanchaung, Yangon , Myanmar
၁၉၄၇ ခုနှစ်တွင် Malaysia Airlines ( MAS Air ) ကို စတင် တည်ထောင်ခဲ့ပြီး ကွာလာလမ်ပူမြို့တွင် ရုံးချုပ် တည်ရှိသည်။ ပြည်တွင်းပြည်ပခရီးစဉ် (၅၀) ခန့်ကို နေ့စဉ် ပြေးဆွဲ ပျံသန်းလျက်ရှိပြီး အဓိက ခရီးစဉ်များမှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဩစတြေးလျ၊ ဂျပန်၊ စင်ကာပူ၊ နယူးဇီလန်၊ ကိုရီးယား၊ ဘင်္ဂလားဒေ့ချ်၊ သီရိလင်္ကာ နိုင်ငံများ ဖြစ်သည်။
ပြေးဆွဲနေသော ခရီးစဉ်လမ်းကြောင်း
Yangon → Kuala Lumpur
ဆက်သွယ်ရန်
09-789300919, 09-789300929, 01-539484
25, Rm 106, 1st Flr, Dhama Zayti Rd., Yuzana Business Tower, Sanchaung, Yangon , Myanmar
၁၆။ Nok Air
ဘန်ကောက်တွင် အခြေစိုက်သည့် Nok Air သည် ၂၀၀၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော ဘတ်ဂျက် လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။ ထိုင်းနိုင်ငံတွင်း ခရီးစဉ်များကို အဓိက ပြေးဆွဲပြီး မြန်မာအပါအဝင် အိန္ဒိယ၊ ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်ဝမ်၊ တရုတ်နိုင်ငံရှိ မြို့များသို့လည်း ခရီးစဉ် (၉) ခုဖြင့် ပျံသန်း ပြေးဆွဲလျက် ရှိသည်။
ပြေးဆွဲနေသော ခရီးစဉ်လမ်းကြောင်း
Yangon → Bangkok
ဆက်သွယ်ရန်
01-255050, 01-255021
339, Rm 0105, G Flr, Bogyoke Aung San Rd., Sakura Tower, Kyauktada, Yangon , Myanmar
၁၇။ Qatar Airways
Qatar Airways ကို ၁၉၉၃ ခုနှစ်တွင် စတင် လုပ်ငန်းလည်ပတ်ခဲ့ပြီး ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ရုံးချုပ် တည်ရှိသည်။ နိုင်ငံ၏ အကြီးဆုံး လေကြောင်းလိုင်းတစ်ခု ဖြစ်ပြီး ပြည်တွင်းခရီးစဉ်များနှင့် အာဖရိက၊ အာရှ၊ ဥရောပ၊ အမေရိက၊ ပင်လယ်ကျွန်းဆွယ်ဒေသရှိ နိုင်ငံများသို့ ခရီးစဉ်ပေါင်း (၁၅၀) ကျော် ပျံသန်း ပြေးဆွဲသည်။
ပြေးဆွဲနေသော ခရီးစဉ်များ
ဆက်သွယ်ရန်
01-9255040, 01-9255041, 01-9255042, 01-9155200
221, Rm 16-11/12, 16th Flr, Sule Pagoda Rd., Sule Square, Kyauktada, Yangon, Myanmar
၁၉၇၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော စင်ကာပူလေကြောင်းလိုင်း ( ယခင်က Silkair နာမည်ဖြင့် ) သည် Singapore Changi လေဆိပ်တွင် ရုံးစိုက်၍ လုပ်ငန်းလည်ပတ်ပြီး ဥရောပ၊ အမေရိက၊ အာဖရိက၊ အနောက်တောင် ပစိဖိတ်နှင့် အာရှဒေသတွင်းရှိ နိုင်ငံပေါင်း (၃၀) ကျော်သို့ ခရီးစဉ် (၁၀၀) ကျော်ကို ပြေးဆွဲ ပျံသန်းလျက် ရှိသည်။
ပြေးဆွဲနေသော ခရီးစဉ်လမ်းကြောင်း
Yangon → Singapore
ဆက်သွယ်ရန်
01-255286, 01-255287~9, 01-253788
Rm 0901, 9th Flr, Bogyoke Aung San Rd., Junction City Tower, Pabedan, Yangon , Myanmar
၁၉။ Thai Airways
Thai Airways သည် ၁၉၆၁ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော ဘန်ကောက်အခြေစိုက် နိုင်ငံပိုင် လေကြောင်းလိုင်း ဖြစ်သည်။ မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံများနှင့် ဥရောပ အရှေ့အလယ်ပိုင်း နိုင်ငံများကို အဓိကထား ပျံသန်း ပြေးဆွဲပြီး ပြည်တွင်းပြည်ပ ခရီးစဉ် စုစုပေါင်း (၆၀) ကျော် ရှိသည်။
ပြေးဆွဲနေသော ခရီးစဉ်လမ်းကြောင်း
Yangon → Bangkok
ဆက်သွယ်ရန်
01-9345210~214
11th Flr, Myanmar Center Tower (1), Bahan, Yangon, Myanmar
၂၀။ Thai Smile
၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့သော Thai Smile သည် Thai Airways မှ ခွဲထုတ်လိုက်သော လေကြောင်းလိုင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင်း ခရီးစဉ် (၁၂) ခုနှင့် မြန်မာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်ဝမ်၊ လာအို၊ မလေးရှား၊ အိန္ဒိယ၊ ဗီယက်နမ်နိုင်ငံရှိ မြို့များသို့ ပြည်ပခရီးစဉ် (၁၉) ခုကို ပြေးဆွဲ ပျံသန်းသည်။
ပြေးဆွဲနေသော ခရီးစဉ်လမ်းကြောင်း
Yangon → Bangkok
ရန်ကုန်မှ ပြေးဆွဲနေသော လေကြောင်းလိုင်းများ ကြည့်ရန်
ပြည်တွင်းလေကြောင်းလိုင်းများ ကြည့်ရန်
လေကြောင်းလိုင်းနှင့် ခရီးစဉ်အားလုံး ကြည့်ရန်
လေကြောင်းလိုင်းတစ်ခုချင်းစီ၏ အကြောင်း၊ ပျံသန်း ပြေးဆွဲနေသည့် ခရီးစဉ် လမ်းကြောင်းများ၊ မြန်မာပြည်ရုံးခွဲများသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အီးမေးလ်နှင့် လိပ်စာများကို တိုက်ရိုက် ဖော်ပြထားပြီး လေယာဉ်ချိန်များ၊ ထိုင်ခုံနေရာများနှင့် ဈေးနှုန်းများသည်မူ အချိန်နှင့်တပြေးညီ ပြောင်းလဲနိုင်သည့်အတွက် Up-to-dated အသေးစိတ် ကြည့်ရှုနိုင်ရန် Website Link များကို ထည့်သွင်းပေးထားပါသည်။
Air Ticket အရောင်းဌာနများ ကြည့်ရန်
Read 2061 times