Technology

Samsung Join The Flip Side Launch Event

Samsung Join The Flip Side Launch Event

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ "Join The Flip Side" ပွဲအခမ်းအနားကြီးနဲ့အတူ Samsung က သူ့ရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်အသစ်တွေဖြစ်တဲ့ Galaxy Z Flip5၊ Z Fold5 ဖုန်း၊ Galaxy Tab S9 စီးရီး Tablets နဲ့ Galaxy Watch6 စီးရီးတွေကို မြန်မာနိုင်ငံစျေးကွက်မှာ တရားဝင် မိတ်ဆက်ပြသခဲ့ပါတယ်။

"Join The Flip Side" ပွဲကို Samsung ရဲ့ မိတ်ဖက်လုပ်ငန်းရှင်တွေ၊ စာနယ်ဇင်းမိတ်ဆွေတွေအပြင် နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ Team Galaxy အဖွဲ့ဝင်တွေဖြစ်တဲ့ မေတိုးခိုင်၊ ပိုးမမီသာ၊ ပန်းရောင်ခြယ်တို့နဲ့အတူ ဖိတ်ကြားထားသော အနုပညာရှင်များနဲ့ Influcencers တွေ၊ Models တွေ တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။

ပွဲအခမ်းအနားမှာ မိတ်ဆက်ပေးခဲ့ကြတဲ့ ထုတ်ကုန်အသစ်တွေထဲက လူစိတ်ဝင်စားမှု အများဆုံးရရှိနေတဲ့ Galaxy Z Flip5 နဲ့ Z Fold5 နဲ့ ပတ်သတ်ပြီး ခေါက်ဖုန်းစျေးကွက်မှာ နာမည်ရပြီးသားဖြစ်တဲ့ Samsung ဘက်က အရင် 4th Generation ထက် ပိုကောင်းအောင် ဒီဇိုင်းပိုင်းမှာရော လုပ်ဆောင်ချက်ပိုင်းမှာပါ ဘာတွေပြောင်းလဲပြင်ဆင်ခဲ့လဲဆိုတာ အကြမ်းမျဉ်း ပြောပြပေးချင်ပါတယ်။

Galaxy Z Flip5

==============

Galaxy Z Flip5 ရဲ့ ခေါက်စခရင်မ်က 3.4" ဖြစ်သွားတဲ့အတွက် အရင် Flip စီးရီးတွေထက် မျက်နှာပြင် ပိုကြီးလာပါတယ်။ ဒီတော့ ဖုန်းဖွင့်စရာမလိုဘဲ ပိတ်လျက်သား စခရင်မ်ပေါ် (Flex Window) မှာပဲ မက်ဆေ့တွေ စာပြန်နိုင်မယ်၊ ဆယ်လ်ဖီဆွဲလို့ရမယ်၊ ကီးဘုတ်တွေ၊ Google Apps တွေ၊ Widgets တွေကိုလည်း အသုံးပြုနိုင်မှာပါ။

ဖုန်းကို ခေါက်လိုက်တဲ့အခါမှာ ကြားမှာ နေရာလွတ်မရှိတော့ဘဲ ပြားကပ်နေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ပိုပြီး အလေးချိန်ကို လျှော့ချနိုင်လိုက်လို့ Z Flip4 ထက် ကိုင်ရတာ ပေါ့ပါးပြီး ဖန်စီပိုဖြစ်ပါတယ်။

ဖုန်းရဲ့ ပင်မစခရင်မ်ကတော့ 6.7” ဖြစ်ပြီး Dynamic AMOLED 2X ကို သုံးထားတာကြောင့် အမြင်ကို ပိုပြီး ကြည်တောက်ရှင်းစေပါတယ်။ 

3700mAh ဘက်ထရီ ပါဝင်တဲ့အတွက် Listen - up to 57hrs နဲ့ Watch - up to 20hrs ဘက်ထရီသက်တမ်း ရရှိမှာပါ။ ကြိုးတပ် အားသွင်းရင် 25W ၊ ကြိုးမဲ့ အားသွင်းရင် 15W ဖြင့် အားသွင်းနိုင်ပါတယ်။

Snapdragon 8 Gen 2 Chipset သုံးထားတာကြောင့် Flip စီးရီးတွေထဲမှာ Flip5 ကတော့ Performance ပိုင်းမှာ Powerful အဖြစ်ဆုံးလို့ ပြောနိုင်ပါတယ်။

RAM  မှာ 8GB  ဖြစ်ပြီး Storage ကို 256GB နဲ့  512GB ဆိုပြီး ၂ မျိုး ထုတ်ထားပါတယ်။

ကင်မရာက အရင် Z Flip4 နဲ့ အတူတူပါပဲ။ နောက်ကင်မရာမှာ 12MP Wide၊ 12MP Ultra-wide နဲ့ 10MP Tele Lens တို့ကို သုံးထားပါတယ်။ အရှေ့ကင်မရာမှာ 10MP Wide ကို သုံးထားပါတယ်။ ဒါကြောင့် ဓာတ်ပုံတွေကို အရည်အသွေး ကောင်းကောင်းနဲ့ ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ 

Galaxy Z Flip5 ကို ငွေကျပ် ၃,၅၉၅,၀၀၀ ကျပ်ခန့်​ဖြင့် Pre-order ဝယ်ယူနိုင်မှာဖြစ်ပြီး ရွေးချယ်စရာ အရောင်တွေကတော့ Lavender၊ Graphite၊ Cream နဲ့ Mint Green တို့ရှိပါမယ်။

Advertisement

Click Here > Green Leaf Fiver Glass

Galaxy Z Fold5

==============

Galaxy Z Fold5 မှာလည်း ဖုန်းကို ခေါက်လိုက်တဲ့အချိန်မှာ ကြားက နေရာ လွတ်နေတာမျိုး မရှိတော့တဲ့အတွက် ကိုင်ရတာ ပိုမိုပါးလွှား ပေါ့ပါးလာပါတယ်။

ဖုန်းမျက်နှာပြင်က ခေါက်ထားတဲ့အတိုင်းဆို 6.2" ရှိပြီး ဖြန့်လိုက်ရင် 7.6" ရှိတဲ့ AMOLED စခရင်မ်ကို သုံးထားပါတယ်။ Galaxy Z Fold5 နဲ့အတူ မိတ်ဆက်လာတဲ့ထဲမှာ စွမ်းဆောင်ရည်မြင့် S Pen လည်း ပါဝင်ပါတယ်။

Snapdragon 8 Gen 2 ကို အသုံးပြုထားတာကြောင့် ဘက်ထရီအသုံးခံမှု၊ ဖုန်းအသုံးပြုတဲ့အခါ ဒါမှမဟုတ် ဂိမ်းဆော့တဲ့အခါ အထစ်အငေါ့မရှိစေတဲ့ စွမ်းဆောင်ရည်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

အရင် Z Fold4 တုန်းကအတိုင်း Z Fold5 မှာလည်း 4,400 mAh ဘက်ထရီ သုံးထားပါတယ်။

RAM  မှာ 12GB  ဖြစ်ပြီး Storage ကို 256GB၊ 512GB နဲ့ 1TB ဆိုပြီး ၃ မျိုး ရွေးချယ်နိုင်ပါတယ်။

ကင်မရာပိုင်းကို ပြောရမယ်ဆိုရင် နောက်ကင်မရာတွေကို 12MP Ultra-wide၊ 50MP Wide-angle နဲ့ 10MP Telephoto တို့ကို သုံးထားပါတယ်။ အရှေ့ပိုင်းမှာ 10MP ကာဗာကင်မရာနဲ့ 4MP Under-display မိန်းစခရင်မ် ကင်မရာကို သုံးထားပါတယ်။

Galaxy Z Fold5 ကို ငွေကျပ် ၅,၆၅၉,၀၀၀ ကျပ်ခန့်ဖြင့် ဝယ်ယူနိုင်ပြီး အရောင်အားဖြင့် Black၊ Cream နဲ့ အများနှစ်သက်ကြမယ့် အရောင်သစ် Icy Blue စသဖြင့် ရွေးချယ်နိုင်ပါတယ်။

Galaxy Watch 6 နှင့် Galaxy S9 Tab Series စျေးနှုန်းနှင့် အရောင်များ

မိတ်ဆက်ပြသသွားတဲ့ ထုတ်ကုန်သစ်တွေဖြစ်တဲ့ Galaxy Z Flip5၊ Z Fold5၊ Tab S9 စီးရီးနဲ့ Watch6 စီးရီးတို့ကို Pre-Order ကာလဖြစ်တဲ့ ဇူလိုင်လ ၂၇ ရက်မှ ဩဂုတ်လ ၁၇ ရက်အတွင်း ကြိုတင်မှာယူပါက အောက်ပါအတိုင်း အထူးခံစားခွင့်တွေကို ရရှိမှာဖြစ်ပါတယ်။

-  Galaxy Z Flip5 နဲ့ Z Fold5 မှာယူမှုတိုင်းအတွက် ငွေကျပ် ၇ သိန်း တန်ဖိုးရှိတဲ့ ဆုလက်ဆောင်များ ပြန်လည်ပေးအပ်ခြင်း

- Galaxy Z Flip5 (သို့) Z Fold5 အပြင် Galaxy Watch6 နှင့် Buds2Pro တို့ကို တွဲဖက်မှာယူရင် ၃၅% အထိ သက်သာခွင့် ရရှိခြင်း (Galaxy Watch6 နှင့် Buds2Pro နှစ်ခုတည်းက တစ်ခုနဲ့ တွဲမှာရင်တော့ ၂၅% သက်သာခွင့်)

- Galaxy Z Flip5 (သို့) Galaxy Z Fold5 မှာယူခြင်းအတွက် ၅၀% အထိ သက်သာခွင့် ရရှိနိုင်မယ့် Lucky Draw အစီအစဥ်များ

- Galaxy Tab S9 Series Tablets များ ဝယ်ယူမှုတိုင်းအတွက် ငွေကျပ် ၄ သိန်း ၅ သောင်း အထိ တန်ဖိုးရှိသော Keyboard Cover Silm ပေးအပ်ခြင်းအပြင် Galaxy Z Flip5 (သို့) Galaxy Z Fold5 တို့နှင့်အတူ ကြိုတင်မှာယူသူတိုင်းအတွက် အထူးလျှော့စျေး ငွေကျပ် ၁ သိန်း ပြန်လည်ပေးအပ်ခြင်း၊ ကျောင်းသူကျောင်းသားများအတွက် Student Discount ၅ သောင်းကျပ် ထပ်ပြီး လျှော့စျေးပေးခြင်း

- AYA Pay နဲ့ CB Bank Credit တို့ အသုံးပြုပြီး မှာယူမယ်ဆိုရင် အတိုးမဲ့အရစ်ကျစနစ် (0% Interest Installment) ဖြင့် ဝယ်ယူနိုင်ခြင်း

- Samsung Care+ ဝန်ဆောင်မှုမှတဆင့် မတော်တဆ ဖုန်း Main Screen ပျက်ဆီးဆုံးရှုံး၍ ပြင်ဆင်ခြင်းအတွက် ၇၀% သက်သာခွင့်၊ ဖုန်း Cover Screen နှင့် Screen Protector ပျက်ဆီးဆုံးရှုံး၍ ပြင်ဆင်ခြင်းအတွက် ၁၀၀% သက်သာခွင့် စသည့် ဝန်ဆောင်မှုများ ပေးအပ်ခြင်း

အစရှိတဲ့ အထူးအကျိုးခံစားခွင့်တွေကို ပေးအပ်သွားမှာဖြစ်လို့ အသေးစိတ်သိရှိလိုတာဖြစ်စေ၊ ကြိုတင်မှာယူလိုတာဖြစ်စေ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု မှာယူနိုင်မှာ ဖြစ်ပါတယ်။

Z Flip5 နှင့်Z Fold5 Pre-Order တင်ရန် - https://bit.ly/3QatHPx

Galaxy Tab S9 စီးရီး Pre-Order တင်ရန် - https://bit.ly/3Qfdn0a

Galaxy Watch6 စီးရီး Pre-Order တင်ရန် - https://bit.ly/3QatHPx

ဒါ့အပြင် ကိုယ့်ဖုန်းအဟောင်းလေးနဲ့ Trade In လုပ်ပြီး Samsung Galaxy Z Fold5 နဲ့  Z Flip5 ကို အတန်ဆုံးဈေးနဲ့ ဝယ်ယူနိုင်ပြီနော်။ ဒီအစီအစဉ်လေးနဲ့ဆိုရင် မိမိဖုန်းအဟောင်းတန်ဖိုးအပြင် Samsung မှ ထပ်ဆောင်းငွေအနေနဲ့

- Galaxy Z Fold5 ဝယ်ယူမှုအတွက် 4 သိန်းခွဲကျပ်အထိ Discount 

- Galaxy Z Flip5 ဝယ်ယူမှုအတွက် 3 သိန်းခွဲကျပ်အထိ Discount တွေ ရယူနိုင်ပါတယ်။

ဒီလိုအတန်ဆုံးဈေးနဲ့ Samsung A series၊ S Series၊ Note Series နဲ့ Foldable Series တွေအပြင် iOS ဖုန်းတွေနဲ့ပါ Trade In လုပ်ပြီး ဝယ်ယူနိုင်မှာပါ။

ဖုန်းစျေးတွေ အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပေမဲ့ Pre-order မှာယူသူတွေအနေနဲ့ မိမိ Pre-order မှာယူခဲ့တဲ့ စျေးအတိုင်းသာ ပေးချေ Pick Up လုပ်နိုင်တာဖြစ်တဲ့အတွက် စျေးမတက်ခင်လေးမှာ အမြန်ဆုံး Pre-order တင်ထားလိုက်တော့နော်။

⇐ Previous Next

Read 777 times