Entertainment

E-Resources can be found on the National Library website today

E-Resources can be found on the National Library website today

အများပြည်သူအနေဖြင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) Website www.nlm.gov.mm တွင် ဝင်ရောက် ၍ စာကြည့်တိုက်ပိုင် e-Resources များကို ဧပြီ ၃ ရက်မှ စတင်၍ Online မှ ရှာဖွေ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ရှိ စုဆောင်းထားသော စာပေပစ္စည်းများ၏ စာရင်းအချက်အလက်များကို အမျိုးသားစာကြည့်တိုက် Website Homepage Resources Online 0998: (Online Public Access Catalogue) တွင် လျင်မြန်လွယ်ကူစွာ ရှာဖွေနိုင်မှာဖြစ်သည်။

ထို့ပြင် စာကြည့်တိုက် Website တွင် အမျိုးသားစာကြည့်တိုက်ပိုင် စုဆောင်းထားသည့် ဒစ်ဂျစ်တယ် စာစုများဖြစ်သည့် စာအုပ်၊ စာနယ်ဇင်း၊ ပေ၊ ပုရပိုက်၊ ပညာရေးဆိုင်ရာအစီရင်ခံစာများ၊ ရှေးဟောင်းသုတေသန ဆိုင်ရာစာစုများ၊ ဗုဒ္ဓစာပေဆိုင်ရာစာအုပ်များ၊ စွယ်စုံကျမ်း များ၊ ကလေးစာပေဆိုင်ရာ စသည့် e-Resources များအား ချိတ်ဆက်ဆောင်ရွက်ထားပြီး စာဖတ်သူများ အနေဖြင့် အမျိုးသားစာကြည့်တိုက် Website ရှိ NL e-Resources & Quick Links တို့တွင် ရှာဖွေအသုံးပြုနိုင်သည်။

အမျိုးသားစာကြည့်တိုက်အနေဖြင့် Online မှ အများ GS300 Goosge&q& IG Publishing e-Books Database တစ်ခုကို ဆောင်ရွက်ထားရှိပြီး ယင်း Database op: Asian Literature Collection Rare Books on Asian Literature Collection (30090300z&: နိုင်ငံများဆိုင်ရာစာအုပ်များ)၊ Children Literature Collection; Audio and e-Books (OCCOGOOGua&op Audio & e-Books) electronic resources စုစုပေါင်း ၃၀,၀၀၀ ကျော်ကိုလည်း စာဖတ်သူများအနေဖြင့် Online မှ ရှာဖွေအသုံးပြုနိုင်မည်ဖြစ်ပါသည်။ 

IG Publishing e-Books Databases : Online အသုံးပြုရာတွင် လွယ်ကူစေရန် အဆင့်လိုက်ဝင်ရောက် ရမှုများကို Library Portal ရှိ Notice တွင် ရှင်းလင်းဖော်ပြထားသည်။ 

eTekkaatho ဒစ်ဂျစ်တယ်စာကြည့်တိုက်ဝန်ဆောင်မှုနှင့် Research 4 Life Program Databasei ProQuest Database စသည့် ဒစ်ဂျစ်တယ်စာစုများကိုမူ အမျိုးသား စာကြည့်တိုက်ဖွင့်လှစ်သည့်အခါတွင် စာကြည့်တိုက်သို့ လူကိုယ်တိုင်လာရောက် ရှာဖွေအသုံးပြုနိုင်မှာဖြစ်ကြောင်း သိရသည်။

⇐ Previous Next

Read 1959 times