Entertainment

Enjoy Holidays With Book & A Cup Of Coffee

Enjoy Holidays With Book & A Cup Of Coffee

ပိတ်ရက်မှာ ဘယ်မှမသွားချင်ပဲ ကော်ဖီတစ်ခွက်နဲ့ စာအုပ်ကောင်းကောင်းလေးတွေ ဖတ်ချင်တဲ့သူတွေအတွက် ဖတ်စရာ စာအုပ်ကောင်းများကို ဖော်ပြပေးထားပါတယ်။

၁။ သမီးဖတ်ဖို့ - မောင်သာချို

ဒီစာအုပ်လေးဟာ လူ့ပတ်၀န်းကျင်မှာ ကိုယ်က မရည်ရွယ်ပဲ ပြောလိုက်ပေမယ့် တစ်ခြားသူတွေအတွက် စိတ်ထိခိုက်သွားစေကြောင်း၊ လူ့ပတ်၀န်ကျင်မှာ ဘယ်လိုနေသင့်တယ်ဆိုတာကို စာရေးသူက အကြံပေးထားသော ပုံစံလေးပါ။ ဖခင်တစ်ယောက်က  ကိုယ့်သမီးလေး လမ်းမှားရောက်သွားမှာစိုးလို့ မကောင်းတဲ့အရာတွေ မလုပ်မိစေဖို့ ပြောပြပေးတဲ့ စာအုပ်လေးဖြစ်ပါတယ်။

၂။ အချိန်မဖြုန်းနည်း - ကြည်မင်း

ဒီစာအုပ်လေးဟာ အလုပ်တွေ လုပ်နေသော်လည်း အလုပ်မပြီးလို့ စိတ်ညစ်နေကြသည့်သူတွေ၊ မလုပ်ချင်သည့် အလုပ်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့လုပ်ရင် ပိုပြီးအဆင်ပြေမယ် ဆိုသည့် အကြောင်းတွေကို ဖော်ပြပေးထားသော စာအုပ်လေးဖြစ်ပါသည်။ ကိုယ်မသိပဲ အချိန်ဖြုန်းမိနေတဲ့ သူတွေအတွက် ဖတ်သင့်သော စာအုပ်ကောင်းလေး တစ်အုပ် ပဲဖြစ်ပါတယ်။

၃။မည်သို့ပင်ဖြစ်စေ - ဖေမြင့်

ဒီစာအုပ်လေးဟာ ဘယ်လိုအခြေအနေကို ရောက်ရောက် ရှင်သန်နိုင်ဖို့ လမ်းညွှန်ထားသော စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်ပါသည်။နေ့စဉ်ဘ၀မှာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ၊ ကျန်းမာသည် ဖြစ်စေ၊ မကျန်းမာသည် ဖြစ်စေ၊ ရှင်သန်နိုင်ရပါမည် ၊ မိမိကိုယ်ကို ရောင့်ရဲနိုင်စွမ်းရှိရပါမည်ဟု လမ်းညွှန်ထားသော စာအုပ်ကောင်းလေး တစ်အုပ်ပါ။

၄။ မိတ္တဗလဋီကာ - ဦးနု

အပေါင်းအသင်း မိတ်ဆွေ ပေါများလိုသူများ၊ မိမိ၏ ဆက်ဆံရေးနှင့် ပက်သက်ပြီး ပြင်ဆင်လေ့လာလိုသူများအတွက် ဖတ်သင့်သော စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်ပါသည်။ Dale Carnegie ရေးသားထားသော စာအုပ်ကို ဦးနုမှ ဘာသာပြန်ဆိုထားသော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။ ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်လိုသူများအတွက် ဖတ်သင့်သော စာအုပ်ကောင်းလေး ဖြစ်ပါသည်။

၅။ ဆင်ခြေမပေးနဲ့ - ဂျွန်

ဒီစာအုပ်လေးဟာ အောင်မြင်ဖို့အတွက် စည်းကမ်းသည်အရေးကြီးကြောင်း ၊ အချို့သော သူတွေဟာ တစ်ခြားသူများထက် ဘာကြောင့်ပိုပြီး အောင်မြင်ရကြောင်း ၊ စည်းကမ်း၏ အရေးကြီးပုံ ၊ စည်းကမ်းရဲ့ ပါဝါကြီးပုံတို့ကို ဖော်ပြပေးထားသော စာအုပ်လေး ဖြစ်ပြီးတော့ အောင်မြင်မှုကို လိုလားသော သူများအတွက် ဖတ်သင့်သော ဘာသာပြန် စာအုပ်ကောင်းလေး ဖြစ်ပါတယ်။ 

၆။ The Guys Of Rangon  

ဆရာ ခက်ဇော်ရဲ့  ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး စိတ်ကူးယဥ် ရေးသားထားတဲ့ လမ်းမတော် ဖိုးတုတ်၏ ဇာတ်လမ်းဖြစ်ပြီးတော့

COVID-19 ဖြစ်နေစဥ်ကာလအတွင်းမှာ စံချိန်ချိုးသည် အထိရောင်းချခဲ့ရတဲ့ စာအုပ်လည်းဖြစ်ပါတယ်။ 

ထိုင်ရာကနေ မထနိုင်အောင် တစ်ထိုင်တည်းဖတ်ချင်လောက်အောင် စွဲဆောင်မှုရှိတဲ့ စာအုပ်ဆိုလည်းမမှားပါဘူး။

သမိုင်းကြောင်းနောက်ခံတွေ ဝေဝေဆာဆာနဲ့ ဖတ်ရှုသူကို ရန်ကုန်မြို့ရဲ့ အထင်ကရ လူမိုက်ကြီးတွေအကြောင်း ဘလိုရှင်းပြသွားလဲဆိုတာကတော့ ကိုယ်တိုင်သာဝယ်ယူဖတ်ရှုကြည့်လိုက်ပါ။ 

အထက်ပါစာအုပ်များကို မှာယူလိုပါက အောက်ပါလင့်ခ်ရှိဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါသည်။

https://bit.ly/3iMsJoL

⇐ Previous Next

Read 1700 times