Shopping & Promos

Guide to Bogyoke Market: What is in Bogyoke Market? What can I buy?

Guide to Bogyoke Market: What is in Bogyoke Market? What can I buy?

ဗိုလ်ချုပ်အောင်ဆန်းစျေးသည် ရန်ကုန်မြို့တွင် လူသိများ၍ စျေးဝယ်ကောင်းသော နေရာတစ်ခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများလည်း သဘောကျသော နေရာတစ်ခုဖြစ်သည်။ ဈေးအတွင်းတွင် လက်မှုပညာပစ္စည်းများ၊ အစားအစာ၊ အ၀တ်အထည်၊ လက်ဝတ်ရတနာ၊ ဖက်ရှင်နှင့်အသုံး၀င်သည့်  ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်ခန်းပေါင်း ၁,၆၄၁ ခန်း ပါဝင်သည်။ 

စျေးအတွင်းတွင် ကိုလိုနီခေတ်ဗိသုကာနှင့် ရှေးဟောင်း ကျောက်မျက်ရတနာဆိုင်များ၊ မြန်မာ့လက်မှုပညာနှင့် ရတနာဆိုင်များ၊ ပန်းချီပြခန်းများနှင့် အဝတ်အထည် စတိုးဆိုင်များကို မြင်တွေ့ရမည့်အပြင် ဆေး၊ အ၀တ်အထည်နှင့် နိုင်ငံခြားကုန်ပစ္စည်းများရှိသော စတိုးဆိုင်အမြောက်အများလည်း ရှိသည်။

၁၉၂၆ ခုနှစ် ဗြိတိသျှလက်ထက်တွင် Scott Market ကို ဆောက်လုပ်ခဲ့ပြီး လိုနီခေတ်ဗိသုကာလက်ရာများကို အ မြင်တွေ့နိုင်သည်။ ၄င်းဈေးကို ဗြိတိသျှအစိုးရ၀န်ထမ်း ဂျိမ်းစ်ဂျော့ခ်ျစကော့ (John George Scott) ကို အစွဲပြု၍ ခေါ်ဝေါ်ကြပြီး ထိုစဉ်က မြူနီစီပယ်ကော်မရှင်နာ Scott စျေးကွက်ကို ရန်ကုန်မြို့ပြအမွေအနှစ်စာရင်းတွင် ဖော်ပြထားသည်။

မြေညီထပ်နှင့် ပထမထပ်သည် ဒင်္ဂါးပြားအဟောင်းဆိုင်များ၊ ရှေးဟောင်းပစ္စည်း ဆိုင်ငယ်လေးများ၊ အလည်ထပ်တွင် မြန်မာကျောက်စိမ်း၊ မြန်မာပတ္တမြားနှင့် အခြားအဖိုးတန်ကျောက်များကို ရောင်းကြသည်။ ထို့အပြင် အနုပညာပြခန်းများ၊ လက်မှုဆိုင်များ၊ စားသောက်ဆိုင်များနှင့် အဝတ်အထည်စတိုးဆိုင်များ၊ ဆေးဝါးများ၊ အစားအစာများ၊ အ၀တ်အထည်များနှင့် နိုင်ငံခြားကုန်ပစ္စည်းများကို ရောင်းချကြသည်။

ဗိုလ်ချုပ်အောင်ဆန်းစျေးတွင် မြန်မာအစားအစာအပြင် တရုတ်အစားအစာများလည်း ရှိသည်။ ရခိုင်မုန့်တီ၊ ဗမာကြက် ရခိုင်မုန့်တီ၊ သင်္ဘောသီး ၊ ရွှေရင်အေး၊ ဒိန်ချဥ် စသည့် အစားအစာများနှင့် အသီးဖော်ရည်များသည် ဗိုလ်ချုပ်စျေး၏ အဓိက နာမည်ကြီးသော အစားအစာများ ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းဈေးသည်  ဇေသင်္ကြန်ဟုခေါ်သည့် သင်္ကြန်ပွဲတော်ကို နှစ်စဥ်ကျင်းပသည့်နေရာဖြစ်သည်။ ပွဲတော်များကို များသောအားဖြင့် ဧပြီ ၁၁ ရက်၊ ၁၂ ရက်တို့တွင် ကျင်းပလေ့ရှိသည်။ ထိုအချိန်အတောအတွင်း ကလေးများသည် ပွဲလမ်းသဘင် အဝတ်အစားများနှင့် မုန့်လုံးရေပေါ်၊ သာကူ၊ ရွှေရင်အေးစသော ရိုးရာ အစားအစာများကို ရောင်းချကြသည်၊၊

ယခု ဗိုလ်ချုပ်အောင်ဆန်းဈေးနေရာတွင် အယ်လီဖင့်စတုံး၊ အင်ပါရာဖာရစီ ကဇာတ်ရုံနှင့် စီနီမာဒီပဲရစ် ရုပ်ရှင်ရုံများ တည်ရှိခဲ့သည်။ ရန်ကုန်မြူနီစပါယ်အဖွဲ့ (ယခု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ) က ၁၉၂၆ ခုနှစ်တွင် ဈေးသစ်ကြီး ဆောက်လုပ်ခဲ့ရာ မြူနီစပါယ်မင်းကြီးစကော့ကို ဂုဏ်ပြုသောအားဖြင့် စကော့ဈေးဟု အမည်တွင်ခဲ့သည်။ 

ဂျပန်ခေတ်တွင် ရန်နိုင်ဈေးဟု ခေါ်ဆိုခဲ့ပြီး နောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းဈေးဟု အမည်ပြောင်းခဲ့သည်။ စျေးဖွင့်ချိန်သည် မနက်  ၉ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ပြီး ပိတ်ရက်မှာ တနင်္လာနေ့နှင့် ရုံးပိတ်ရက်များတွင်သာ ပိတ်သည်။ ဝင်ခွင့်မှာ အခမဲ့ဖြစ်သည်၊၊

⇐ Previous Next

Read 1982 times