Shopping & Promos

Made In Myanmar or Branded Export Quality

Made In Myanmar or Branded Export Quality

အဝတ်အအစားဆိုတာက လူတို့အမြဲထိတွေ့နေရတဲ့ အရာတစ်ခုဖြစ်ပြီး ခေတ်ရေစီးကြောင်းနောက်ကိုလိုက်တတ်တဲ့ အရာမျိုးဖြစ်ပါတယ်။ အဝတ်အစားက နေ့စဉ်လှုပ်ရှားသွားလာမှုမှာ အဓိကနေရာကနေ ပါဝင်ပတ်သက်နေပါတယ်။ မရှိမဖြစ်  အသုံးအဆောင်ပစ္စည်းဆိုလည်း မမှားပါဘူး။

နောက်ပြီး ရာသီဥတုနဲ့ ခေတ်စားတဲ့ အခြေအနေတွေပေါ်မူတည်ပြီး အဝတ်အစား ဝတ်ဆင်ပုံတွေ ပြောင်းလဲတာကြောင့် အဝတ်အစားဝယ်ယူတဲ့အခါမှာ ရွေးချယ်မှုတွေ မမှားဖို့ အရေးကြီးပါတယ်။ နိုင်ငံခြားကထုတ်တဲ့ Brand တွေကမှ အရည်အသွေးကောင်းနေတာမဟုတ်ပါဘူး။ ရှာဖွေလေ တွေ့ရှိလေဖြစ်တာကြောင့် Made In Myanmar လေးတွေကိုလည်း ရှာဖွေသင့်ပါတယ်။

Free Photo | Cute girl with shopping bag in a city

Made In Myanmar ဆို ဈေးကြီးတယ်လို့ ထင်နေတဲ့ စိတ်ကြီးကို ခဏဖယ်ထားကြရအောင်။ အရည်အသွေးလည်းကောင်းရမယ် ဝတ်လို့လည်းအဆင်ပြေမယ် ဈေးနှုန်းလည်းသက်သာတဲ့ Exportထည်တွေဆိုရင်ရော? ဒါဆို Export Quality ထည်တွေကို ဘယ်လိုဝယ်ယူနိုင်မလဲ?

အခုလိုတိုးတက်နေတဲ့ ခေတ်ကြီးမှာ ကိုယ်တိုင်သွားမဝယ်နိုင်ရင်ဖြစ်ဖြစ်၊ သွားရမှာ ပျင်းလို့ဖြစ်ဖြစ် Onlineကနေ ဝယ်ယူနိုင်နေပြီလေ။ ဒါ့ကြောင့် Online ကဖြစ်ဖြစ် လူကိုယ်တိုင်ဖြစ်ဖြစ် Exportထည်တွေကို ဝယ်ယူနိုင်တဲ့ Page အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Free Photo | Pretty girls walking in shopping mall

Branded Export Garments, Wholesale & Retail

ဒီ Page ကဝယ်ရတာ အဆင်ပြေပြီး Customer Service အရမ်းကောင်းတာကြောင့် ဝယ်သူတွေကို စိတ်ချမ်းသာစေတဲ့အပြင် ယောက်ျားဝတ်၊ မိန်းမဝတ် Branded Exportထည်တွေ အကုန်ရှိပါတယ်။ ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်ကို အောက်က link မှာ ရှာဖွေနိုင်ပါတယ်။

>> https://bit.ly/3ihu5uA

Sweety Export Fashion

ယောက်ျားလေးအတွက်ရော မိန်ကလေးအတွက်ရော Quality ကောင်းတဲ့ Exportထည်တွေရှိပါတယ်။ Zib Hoodie ဘာညာလည်း အကုန်ရပါတယ်။ ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်ကို အောက်က link မှာ ရှာဖွေနိုင်ပါတယ်။

>> https://bit.ly/2S2qwhs

Limited Collections

ဒီဆိုင်လေးက ဈေးနှုန်းအသင့်အတင့်ရှိပြီး သင်ကြိုက်နှစ်သက်တဲ့ Exportထည်တွေကို စိတ်ကြိုက်ရွေးဝယ်ယူနိုင်ပါတယ်။ ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်ကို အောက်က link မှာ ရှာဖွေနိုင်ပါတယ်။

>> https://bit.ly/2Sa2AZh

BC Men's Clothing Store

ကန်တော်လေးမှာရှိတဲ့ ဒီဆိုင်လေးက ယောက်ျားလေးဝတ် Exportထည်တွေကို သီးသန့်ရောင်းချပေးတာဖြစ်ပါတယ်။ ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်ကို အောက်က link မှာ ရှာဖွေနိုင်ပါတယ်။

>> https://bit.ly/3ceOJHW

Premium Photo | Smiling girl in clothing shop choosing

FactoryoOutlet

ယောက်ျားဝတ်၊ မိန်းကလေးဝတ်တွေကို ရနိုင်ပြီး Page ရဲ့ Message Box မှာ Order တင်နိုင်ပါတယ်။ ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်ကို အောက်က link မှာ ရှာဖွေနိုင်ပါတယ်။

>> https://bit.ly/3uNbOrF

Burmanian Like Export Fashion

Exportထည်တွေကို ရောင်းချနေတဲ့ ဒီ Page လေးမှာ အိတ်အလှတွေကိုလည်း ဝယ်ယူအားပေးနိုင်ပါတယ်။ ဆက်ဆံရေး ကောင်းမွန်ပြီး ဈေးနှုန်းသင့်တော်ပါတယ်။ ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်ကို အောက်က link မှာ ရှာဖွေနိုင်ပါတယ်။

>> https://bit.ly/3uSJOD4

K & Y Export Fashion Shop

ဒီဆိုင်လေးကို လူကိုယ်တိုင်သွားရောက်ဝယ်ယူနိုင်သလို online ကလည်းမှာယူနိုင်ပါတယ်။ လူကိုယ်တိုင် စိတ်ကြိုက်ရွေးဝယ်မယ်ဆိုရင်တော့ ဆိုင်ကလှည်းတန်းမှာ ရှိပါတယ်။ ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်ကို အောက်က link မှာ ရှာဖွေနိုင်ပါတယ်။

>> https://bit.ly/34LSnoK

Alarm Export Fashion

ဈေးနှုန်းချိုသာပြီး Export ထည်တွေကိုလိုချင်ရင်တော့ ဒီ Page လေးကို သတိရလိုက်ပါ။ ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်ကို အောက်က link မှာ ရှာဖွေနိုင်ပါတယ်။

>> https://bit.ly/3vPCucV

Why fashion retailers would benefit from a circular business model - Live  Circular

Export ထည်ဆိုတာ Zara,Gap,H&M,Mango,PRIMARK,MIXXO,Forever21,TOPSHOP,Bershka စတဲ့ နိုင်ငံခြား Brandတွေက မြန်မာနိုင်ငံအထည်ချုပ်စက်ရုံတွေမှာ သူတို့ Quality တွေနဲ့ ချုပ်လုပ်ပြီး နိုင်ငံတကာကိုတင်ပို့ရောင်းချကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့အထည်တွေက ချုပ်လုပ်တဲ့အချိန်မှာ Error တက်ပြီး ချုပ်ရိုးချုပ်သားပိုင်းမှာ လိုအပ်ချက်ရှိနေတာကြောင့် ဖြစ်ဖြစ်၊ Shipping ပိုင်းလွဲချော်မှုတွေကြောင့် နိုင်ငံခြားကို အချိန်မှီ မတင်ပို့နိုင်တဲ့အခါ Localထဲမှာပဲ တင်သွင်းရောင်းချကြတာမျိုးပါ။ (Brand ဖြစ်တဲ့အတွက် နဲနဲမှအမှားမခံတာကြောင့်ပါ၊ မကောင်းလို့ ပြည်တွင်းမှာ ပြန်ရောင်းတာ မဟုတ်ပါ)

Export Quality တွေက နိုင်ငံတကာအဆင့်မီတာတဲ့အပြင် ပြည်တွင်းချုပ် အဝတ်အထည်တွေဖြစ်တာကြောင့်စိတ်ချလက်ချဝယ်လို့ရပါတယ်။ Export ထည်နဲ့ Brandတူ၊ ဒီဇိုင်းတူ တစ်ထည်ကို နိုင်ငံခြားကဝယ်ယူမယ်ဆိုရင် ကွာခြားချက်က ဘာမှထူးထူးခြားခြားမရှိလောက်ပါဘူး။ ဈေးကြီးတဲ့အတွက် ငွေတော့ပိုကုန်မှာပါ။

ဒါကြောင့် Export ထည်လေးတွေနဲ့ အလှဆုံးနေ့ရက်တွေကို ဖြတ်သန်းလိုက်ပါ။ ပရိသတ်ကြီးတွေသိထားတဲ့ Export Fashion Page တွေကိုလည်း Comment မှာ ပြောပြပေးသွားကြပါဦး။

⇐ Previous Next

Read 7170 times