Travel

Restaurants in Meliá Yangon with Monsoon Promotion

Restaurants in Meliá Yangon with Monsoon Promotion

မိုးရာသီဆိုတာက လွမ်းစရာဆွေးစရာတွေနဲ့အတူ ရန်ကုန်မြို့ရဲ့ အလှတွေကို ပေါ်လွင်စေပါတယ်။ ဒီလို လွမ်းမောဖွယ် ရန်ကုန်မြို့ပြအလှတွေနဲ့ နေ့စဉ်လှုပ်ရှားသွားလာနေကြရတာက လောကကြီးကပေးတဲ့ ဆုလာဒ် တစ်ခုပါ။ 

မိုးရာသီက အ Feel တလိုင်းတွေအတွက် အကြိုက်ဆုံးရာသီလို့တောင်ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မိုးရွာနေတာကိုကြည့်ပြီး ကော်ဖီတစ်ခွက်နဲ့ တောတွေးတောင်တွေးနေချင်ကြလို့ပဲ ဖြစ်ပါတယ်။ လူတိုင်းနီးပါးသဘောကျတဲ့ မိုးရာသီမှာ လူတိုင်းကြိုက်တဲ့ Promotion တွေကလည်း ရှယ်ပေး Plan နဲ့ သင့်ကို စောင့်ကြိုနေပါသေးတယ်။

အစားအသောက် Promotion လား? အဝတ်အစား Promotion လား? ပျော်ပွဲရွှင်ပွဲ Promotion လား? ကြိုက်တာကို ရွေးချယ်ရုံပါပဲ။ အေးချမ်းပြီး ဇိမ်ခံလို့ကောင်းတဲ့ မိုးရာသီမှာ Staycation နေပြီး အေးဆေး Chill ချင်တဲ့ သူတွေကလည်း ဒုနဲ့ဒေးပါ။ 

ဒါ့ကြောင့် မင်မင် ပြောပြချင်တဲ့ Promotion တစ်ခုရှိပါတယ်။ အဲ့တာကတော့ မိုးဦးရာသီကို  Meliá Yangon မှာ ဈေးသက်သက်သာသာနဲ့ ကုန်ဆုံးနိုင်မယ့် Monsoon Promotion တွေဖြစ်ပါတယ်။ 

Meliá Yangon ရဲ့ စားသောက်ဆိုင် Monsoon Promotion တွေမှာ ဘာတွေများပါလဲ?

1.DURIAN FRUIT CAKE AT ELYXR

ဒူးရင်းသီးကြိုက်သူတွေအတွက် ဒူးရင်းကိတ်ကို US$25 net per kg နဲ့ ELYXR မှာ သုံးဆောင်နိုင်ပါပြီ။ June Promotion အနေနဲ့ June တစ်လလုံးမှာ Spanish cheesecake or classic New York cheesecake ကြိုက်နှစ်သက်ရာကို US$30 net ဖြင့် ရွေးချယ်သုံးဆောင်နိုင်ပါပြီ။

2.ROOFTOP TAPAS

ဇွန် (၁၉) ရက်နေ့ကို ညနေ (၅)နာရီမှ ည(၈)နာရီထိ တစ်ဦးကို US$29++ ကျသင့်မှာဖြစ်ပြီး the tapas menuနှင့်အတူ sparkling wine၊ red wine & white wine အပြင် live music performance လည်းပါဝင်မှာပါ။ (Social distancing ဖြစ်တာကြောင့် Limited seats ဖြစ်ပါတယ်)

3.HIGH TEA AT OLEA

နေ့စဉ် နေ့လည် (၂) နာရီခွဲမှ ညနေ (၄)နာရီခွဲအတွင်း US$22 မှ US$19 net per set ပဲကျသင့်မှာပါ။

4.ROOFTOP HIGH TEA

(၂၄) လွှာမှာတည်ရှိပြီး နေ့စဉ် နေ့လည် (၂) နာရီခွဲမှ ညနေ (၄)နာရီခွဲအတွင်း US$24 net per set ကျသင့်မှာဖြစ်ပါတယ်။ (Includes flavourful sweets၊ an assortment of savories၊ together with unlimited tea and coffee)

5.HOKKAIDO SCALLOPS SPECIAL MENU AT THE LANTERN

Japanese scallop တွေကို THE LANTERN မှာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။ ( includes chilled Vietnamese rice paper roll, scallop carpaccio with green mango salad, steamed scallops in the shells, stir fried scallops with X.O Sauce, spicy chili scallops, etc.)

6.SATURDAY FAMILY BUFFET LUNCH AT THE MARKET

ဒီ FAMILY BUFFET LUNCH က စနေနေ့တိုင်းမှာ မနက် (၁၁) နာရီခွဲမှ (၃) နာရီ စားသုံးနိုင်မှာဖြစ်ပြီး တစ်ယောက်ကို US$25 ကျသင့်မှာ ဖြစ်ပါတယ်။ Beer, Coffee, Tea, Juice နဲ့ Soft drink တွေကို Free-flow ရရှိမှာ ဖြစ်ပါတယ်။အသက် (၅)နှစ်က (၁၁)နှစ်အထိ ကလေးတွေကတော့ 50% Off ရရှိမှာဖြစ်သလို အသက်  (၄)နှစ်ယောက်ကတော့ အခမဲ့ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ (Social distancing ဖြစ်တာကြောင့် Limited seats ဖြစ်ပါတယ်)

7.SATURDAY LIVE MUSIC AT GARBO

GARBO မှာ အင်္ဂါနေ့တိုင်း Ladies Night ရှိပြီး LIVE MUSIC ကတော့ စနေနေ့တိုင်း ည (၇)နာရီတိတိမှာ ကျင်းပမှာဖြစ်သလို Euro Night ကို ဇွန် (၁၂)ရက်နေ့မှ ဇူလိုင် (၁၂)ရက်နေ့ထိ ပါဝင်ဆင်နွှဲနိုင်ပါပြီ။

8.Weekend Day Pass

Every Weekend Or Public Holiday တွေမှာ လူ (၂)ဦးကို US$50 နဲ့ မနက် (၉)နာရီမှ ည (၈)နာရီထိ ရေကူးကန် အသုံးပြုခွင့်ရရှိမယ့် အပြင် နေကာမျက်မှန် (၂) လက်နဲ့ အုန်းရေ (၂)လုံး ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

9.Stay Safe with Meliá

တစ်ညနားနေခွင့်ကို US$90 ကျသင့်မှာဖြစ်ပါတယ်။

10.Day In Paradise By Meliá

Every Weekend Or Public Holiday တွေကလွဲလို့ ကျန်တဲ့ရက်တွေမှာ Deluxe Room မှာ နေထိုင်ခွင့် (၇)နာရီ (မနက် ၉မှညနေ ၆) အပြင် ရေကူးကန်အသုံးပြုခွင့်နဲ့ wifi အသုံးပြုခွင့်တွေရရှိမှာဖြစ်ပါတယ်။ ဒါတွေအားလုံးအတွက်တော့ US$50 ပေးဆောင်ရမှာပါ။

ကဲ...ဒါဆိုရင်တော့ Meliá မှာ ဇိမ်ခံရင်း အေးချမ်းတဲ့ မိုးရာသီရဲ့အလှတွေကို ခံစားလိုက်ပါ။

⇐ Previous Next

Read 2108 times