Travel

Hidden Beaches in Myanmar

Hidden Beaches in Myanmar

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဘာလီလိုမျိုး လှပတဲ့ ကမ်းခြေတွေ တည်ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။  ငပလီ၊ ငွေဆောင်၊ ချောင်းသာ စတဲ့ ကမ်းခြေတွေကတော့ လူတော်တော်များများ သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံထဲမှာ နောက်ထပ် သာယာ လှပတဲ့ ကမ်းခြေတွေ အများကြီး ရှိပါသေးတယ်။

 

အဲဒီ လူသိပ်မသိသေးတဲ့ ကမ်းခြေလှလှလေးတွေကို အခု ပြောပြပေးသွားမှာမို့ သွားနေကျ ကမ်းခြေတွေကို ငြီးငွေ့နေပြီဆိုရင် အသစ်အဆန်းအနေနဲ့ သွားကြည့်လို့ ရပါတယ်။ အောက်မှာ ကမ်းခြေတစ်ခုချင်းစီရဲ့ အကြောင်းနဲ့ တည်နေရာ၊ သွားလာနိုင်မယ့် ကားလိုင်း၊ လေကြောင်းလိုင်း၊ တည်းခိုနိုင်မယ့် ဟိုတယ် စတာတွေကို အောက်မှာ ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားပါတယ်။

 

မြန်မာနိုင်ငံထဲက အသာယာဆုံး ကမ်းခြေများ

 

  • မြိတ်ကျွန်းစု ( Mergui Archipelago ) 
  • ညောင်ဦးဖီးကျွန်း ( Nyaung Oo Phee Island )
  • မောင်းမကန်ကမ်းခြေ ( Maungmagan Beach )
  • နဘုလယ်ကမ်းခြေ ( Nabule Beach )
  • ပညစ်ကမ်းခြေ ( Pa Nyit Beach )
  • ဖိုးဖိုကျောက်ကမ်းခြေ ( Po Po Kyauk Beach )
  • တေဇစ်ကမ်းခြေ ( Teyzit Beach )

 

  • ငွေဆောင်ကမ်းခြေ ( Ngwe Saung )
  • ချောင်းသာကမ်းခြေ ( Chaung Tha Beach )
  • ကမ်းသာယာကမ်းခြေ ( Kanthaya Beach )
  • ဂေါ်ရင်ဂျီကျွန်း ( Gaw Yin Gyi Island )

 

  • ငပလီကမ်းခြေ ( Ngapali Beach )
  • ကမ်းသာယာကမ်းခြေ ( Kanthaya Beach )

 

  • စက်စဲကမ်းခြေ ( Set Sae Beach )
  • ကဗျာဝကမ်းခြေ ( Kabyar Wa Beach )

 

Advertisement

Click Here > Cheery Eveline



တနင်္သာရီတိုင်းထဲက ကမ်းခြေများ

 

မြန်မာနိုင်ငံမှာ ကမ်းခြေအများဆုံး တည်ရှိနေတဲ့ နေရာကတော့ တနင်္သာရီတိုင်းပဲ ဖြစ်ပါတယ်။ ထားဝယ်ကမ်းရိုးတန်းတစ်လျှောက် မြိတ်ကျွန်းစု၊ ညောင်ဦးဖီးကျွန်း၊ မောင်းမကန်ကမ်းခြေ၊ နဘုလယ်ကမ်းခြေ၊ ပညစ်ကမ်းခြေ၊ ဖိုးဖိုးကျောက်ကမ်းခြေ၊ တေဇစ်ကမ်းခြေတွေအပြင် Paradise ကမ်းခြေ၊  မြင်းခွာအောင်ကမ်းခြေ၊ စမ်းလှမ်းကမ်းခြေ၊ ဆင်ထောက်ကမ်းခြေ၊ ရှမ်းမော်ကမ်းခြေ၊ မျှော်ရစ်ကမ်းခြေနဲ့ သရော့ကမ်းခြေ ဆိုပြီး အများကြီး ရှိပါတယ်။ 

 

တနင်္သာရီတိုင်းထဲက သာယာလှပတဲ့ 

ကျွန်းနဲ့ ကမ်းခြေ (၁၄) ခု

> https://bit.ly/3JRG53L 

 

တနင်္သာရီတိုင်းထဲက ကမ်းခြေတွေကို ရန်ကုန်ကနေ ကားနဲ့လည်း သွားရောက်နိုင်သလို လေကြောင်းလိုင်းလည်း ရှိတာမို့ မရောက်ဖူးသေးရင် သွားရောက် လည်ပတ်ကြည့်စေချင်ပါတယ်။ ထားဝယ်လေဆိပ် သို့ ကားဂိတ်ကနေ တက္ကစီနဲ့ တုတ်တုတ်တွေ ငှားရမ်းပြီး ကမ်းခြေကို တိုက်ရိုက်သွားလို့ ရပါတယ်။

 

ဧရာဝတီတိုင်းထဲက ကမ်းခြေများ

 

ကမ်းခြေလို့ ပြောလိုက်တာနဲ့ တန်းမြင်မိမယ့် နေရာကတော့ ဧရာဝတီတိုင်း ဖြစ်ပါတယ်။ ငွေဆောင်ကမ်းခြေ၊ ချောင်းသာကမ်းခြေ၊ ကမ်းသာယာကမ်းခြေနဲ့ ဂေါ်ရင်ဂျီကျွန်း ( နံသာပုကမ်းခြေ ) ဆိုတဲ့ ကမ်းခြေ (၄) ခုကို သွားရောက် လည်ပတ်လို့ ရပါတယ်။

 

ငွေဆောင်နဲ့ ချောင်းသာကတော့ လူတိုင်းနီးပါး လွယ်လွယ်ကူကူ သွားလာနိုင်ကြပေမယ့် ကမ်းသာယာ ကမ်းခြေက ဘာမှမရှိလို့ လူသိနည်းပြီး အသွားအလာ မရှိသေးသလို ဂေါ်ရင်ဂျီကျွန်းကလည်း ဝေးလံပြီး ငွေကုန်ကြေးကျ နည်းနည်းများတာကြောင့် သွားရောက်သူ နည်းပါးနေပါသေးတယ်။

 

ဧရာဝတီတိုင်းထဲက သဘာဝအငွေ့အသက်ကို 

ခံစားနိုင်မယ့် ကမ်းခြေများ

> https://bit.ly/3JTH7wd 

 

စာရေးသူကတော့ ဒီတစ်ခေါက် ပင်လယ်ကမ်းခြေခရီး သွားမယ်ဆိုရင် ချစ်သူနဲ့ဆို ဂေါ်ရင်ဂျီကျွန်းကို ရွေးချယ်ပြီး သူငယ်ချင်းတွေနဲ့ဆို ကမ်းသာယာကမ်းခြေကို သွားကြည့်ဖို့ စဉ်းစားထားပါတယ်။ ငွေဆောင်နဲ့ ချောင်းသာက သွားပါများပြီး ရိုးနေပြီမလား။ သင်ရော ဘယ်ကမ်းခြေသွားမယ် စိတ်ကူးလဲ…?

 

Advertisement

Click Here > KM Fashion Shop

 

ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်ထဲမှာ ရှိတဲ့ ကမ်းခြေတွေကို ထပ်မံ ပြောပြပေးချင်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာဆိုရင် လူအများစုက ငပလီလောက်ပဲ သိကြပေမယ့် တကယ်က ရခိုင်ကမ်းရိုးတန်းတစ်လျှောက် (၅) ခုလောက် ရှိပါတယ်။ မွန်ပြည်နယ်မှာလည်း စက်စဲကမ်းခြေအပြင် နောက်ထပ် ကမ်းခြေတစ်ခု ရှိနေပါသေးတယ်။ 

 

ရခိုင်ပြည်နယ်ထဲက ကမ်းခြေများ

 

မြန်မာနိုင်ငံမှာ အလှဆုံးကမ်းခြေဖြစ်တဲ့ ငပလီကမ်းခြေ တည်ရှိရာ ရခိုင်ပြည်နယ်ထဲမှာ ငပလီနဲ့ ကမ်းသာယာကမ်းခြေ အပါအဝင် ညနေ နေဝင်ချိန်တွေ ကြည့်လို့ကောင်းတဲ့၊ လမ်းလျှောက်လို့ကောင်းတဲ့ စစ်တွေကမ်းခြေနဲ့ ကျောက်ဖြူကမ်းခြေတွေလည်း ရှိပါတယ်။

 

 

မွန်ပြည်နယ်ထဲက ကမ်းခြေများ

 

မွန်ပြည်နယ်မှာကတော့ လူသိပြီးသားဖြစ်တဲ့ စက်စဲကမ်းခြေအပါအဝင် နောက်ထပ် လူသိနည်းနေသေးတဲ့ ကဗျာဝဆိုတဲ့ ကမ်းခြေတစ်ခု ရှိနေပါသေးတယ်။ 

 

ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်က 

လူသိပ်မသိသေးတဲ့ ကမ်းခြေလှလှလေးများ

> https://bit.ly/40IcxeT 

 

ကားလိုင်းတွေ၊ လေကြောင်းလိုင်းတွေ၊ လက်မှတ်အရောင်းဌာနတွေနဲ့ ခရီးသွားအေဂျင်စီတွေရဲ့ လိပ်စာ၊ ဖုန်းနံပါတ် စတဲ့ အချက်အလက်တွေကို အောက်ကလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။

 

 

 

မှတ်ချက်။ ။ ဖော်ပြခဲ့တဲ့ထဲမှာ ကမ်းသာယာကမ်းခြေက (၂) ခု ရှိနေတာကို တွေ့ရပါလိမ့်မယ်။ နာမည်တူပေမယ့် ကမ်းခြေမတူပါဘူး။ ကမ်းသာယာကမ်းခြေ တစ်ခုက ဧရာဝတီတိုင်းမှာ ရှိပြီး နောက်တစ်ခုက ရခိုင်ပြည်နယ်ထဲမှာ ရှိပါတယ်။ 

 

Su Mon Oo

 

Photo credit goes to owners.

⇐ Previous Next

Read 1580 times