Entertainment

"Korea No.1" TV Show

"Korea No.1" TV Show

Running Man ထဲက ယူဂျယ်ဆော့နဲ့ လီဂွမ်ဆူကို စက်တင်ဘာလတုန်းက ထုတ်လွှင့်ပြသခဲ့တဲ့ The Zone (2022) ဆိုတဲ့ Survival Game Show တစ်ခုမှာ အတူတွေ့ခဲ့ရပါသေးတယ်။

၂၀၂၂ ခုနှစ်ရဲ့ ဒုတိယအကြိမ်အနေနဲ့ သူတို့နှစ်ယောက်ကို "Korea No.1" အမည်ရှိတဲ့ Netflix TV Show တစ်ခုမှာ ထပ်တွေ့ရဦးမှာပါ။ ဒီ Variety Show ထဲမှာက ယူဂျယ်ဆော့နဲ့ လီဂွမ်ဆူအပြင် ကိုရီးယား အမျိုးသမီး ဘောလီဘော ကစားသမား Kim Yeon Koung လည်း ပါဝင်ထားပါတယ်။

ဒီတစ်ခေါက် TV Show ကတော့ ကိုရီးယားနိုင်ငံရဲ့  မိရိုးဖလာ ရိုးရာလုပ်ငန်းခွင်တွေမှ ဆရာတွေကို ရှာဖွေတွေ့ဆုံပြီး သူတို့ဆီက လုပ်ငန်းအတွေ့အကြုံကို ကြိုးစားသင်ယူရမယ့် ပုံစံလေးဖြစ်ပါတယ်။

သူတို့သုံးယောက်ရဲ့ အချိတ်အဆက်မိမှုနှင့်အတူ ကိုရီးယားပြည်တွင်းမှာရှိတဲ့ ရိုးရာ လုပ်ငန်းမျိုးစုံကို လေ့လာလို့ရမယ့် "Korea No.1" ကို နိုဝင်ဘာလ (၂၅) ရက်နေ့တွင် Netflix မှာ စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

အမြည်းကြည့်ရန် - https://cutt.ly/KoreaNo1

⇐ Previous Next

Read 1233 times