Travel

Lann Cottage Resort And Spa

Lann Cottage Resort And Spa

ပိတ်ရက်မှာ မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ခရီးတိုလေးထွက်ပြီး သဘာ၀အလှတရားတွေကြား စိတ်လက်အပန်းဖြေဖို့ နေရာအသစ်လေး ရှာဖွေနေတယ်ဆိုရင် ပန်းတနော်မြို့အဝင်လေးမှာတင် ရှိတဲ့ Lann Cottage Resort And Spa ကို လမ်းညွှန်ပေးချင်ပါတယ်။  

ဒီ Resort ရဲ့ အားသာချက်က ဝင်ကြေးရယ်လို့ သတ်မှတ်ထားတာမျိုး မရှိတဲ့အပြင် ပျော်စရာ Activities တွေလည်း တော်တော်လေး စုံပါတယ်။ နောက်ပြီး နေ့ချင်းပြန် အပန်းဖြေချင်သူတွေအတွက်ရော ညအိပ်တည်းခိုချင်သူတွေအတွက်ပါ အဆင်ပြေစေမယ့် Cottage အမျိုးအစား (၅) မျိုး ရှိပါတယ်။

အခန်းအမျိုးအစားများ 

၁။ Lake View Cottage  

အိမ်အရှေ့မှာ ကန်ရေပြင်အကြီးကြီးနဲ့ဆိုတော့ Lake View ရော Garden View ရော မြင်ရပါတယ်။ လှေဆိပ်လေးပါ ရှိနေတော့ လှေလည်း အခမဲ့ စီးခွင်းရဦးမှာပါ။ သူ့ရဲ့ Cottage လေးတွေ အားလုံးက ဝါးကို အဓိက အသုံးပြုပြီး ဆောက်ထားတာပါ။ နေ့လည်ဘက်ဆို အိမ်အောက်မှာ ပုခက်လေးရယ်၊ Private Pool လေးရယ်နဲ့ ဆိုတော့ ကိုယ့်အဖွဲ့နဲ့ကိုယ် အေးဆေး Chill လို့ ရတာပေါ့။ စျေးနှုန်းကတော့ မနက်စာအပါ တစ်ညကို ၉၅,၀၀၀ ကျပ်ပါ။ 

၂။ Forest Cottage 

Cottage တွေထဲမှာ သူက အကြီးဆုံးဖြစ်ပြီး လူ ၈ ယောက်အထိ နေလို့ရပါတယ်။ သစ်တောအုပ်လေးထဲက ဝါးအိမ်လှလှလေးမှာ တည်းခိုအနားယူချင်တယ်ဆိုရင် တစ်ညကို မနက်စာအပါ 100,000 ကျပ် ကျပါတယ်။ Private Pool ပါပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အေးဆေး Chill လို့ကောင်းတဲ့ အခန်းပါပဲ။

၃။ Tarzan Cottage  

သစ်ပင်ပေါ်မှာ အိမ်လေးနဲ့ နေရတဲ့ အတွေ့အကြုံမျိုး လိုချင်ရင်တော့ ဒီအခန်းလေးမှာ တည်းလို့ရပါတယ်။ အခန်းထဲမှာလည်း သစ်လုံးကြီးတွေနဲ့ဆိုတော့ တစ်ခါမှ မရဖူးတဲ့ Vibe မျိုးလေးပေါ့။ သူကတော့ တစ်ညကို မနက်စာအပါအဝင် 80,000 ကျပ်ပါ။ သူ့မှာလည်း Private Pool ပါပါတယ်။ 

၄။ Creek Cottage

ဒီ Cottage ကတော့ ချောင်းနံဘေးမှာ ရှိတဲ့အတွက် Creek View ကို အသားပေးထားပြီး အရိုင်းဆန်တဲ့ သဘာဝရှုခင်းတွေကို ခံစားနိုင်မှာပါ။ အပေါ်ထပ်မှာ ဆောက်ထားတဲ့ ပိုက်ပခက်လေးပေါ်မှာ ထိုင်ရင်း စာအုပ်ဖတ်ပြီး အေးအေးဆေးဆေး Chill လို့ ကောင်းနေမှာပါနော်။ Private Pool လည်း ရှိပါတယ်။ သူကတော့ မနက်စာပါပြီး တစ်ညကို 85,000 ကျပ်ပါ။

၅။ Dome Cottage

နောက်ဆုံးကတော့ အခန်းဖွဲ့ထားတာ သိပ်မကြာသေးတဲ့ Dome Cottage ပါ။ သူကတော့ Camping Vibe ကိုမှ Luxury ဆန်ဆန် အနားယူချင်တယ်ဆိုရင် ရွေးချယ်သင့်ပါတယ်။ စျေးနှုန်းကတော့ မနက်စာပါပြီးကိုမှ တစ်ည 85,000  ကျပ်ပါ။ သူ့မှာလည်း Private Pool ပါပါတယ်။ 

Cottage အားလုံးရဲ့ အားသာချက်ကတော့ Private Pool လေးတွေ သီးသန့်ပါရှိတာပဲ ဖြစ်ပါတယ်။ အခန်းအားလုံးမှာ AC ပါပြီး လျှပ်စစ်မီးကတော့ နေ့လည် ၁ ကနေ ၃ နာရီ၊ ညနေ ၆ ကနေ နောက်နေ့မနက် ၆ အထိ ပေးပါတယ်။ Day Use အတွက် သီးသန့်စျေးနှုန်းတွေ ရှိပြီး မနက် ၈ ကနေ ညနေ ၄ နာရီအထိ တည်းခိုလို့ ရပါတယ်။ ညအိပ်ဧည့်သည်ကျတော့ Check-in အချိန် နေ့လည် ၁ နာရီကနေ နောက်နေ့ နေ့လည် ၁၂ ထိပဲ ဖြစ်ပါတယ်။ 

နောက်ထပ်တခုအနေနဲ့ Unplugged အစီအစဉ်ပါ ရှိပါတယ်။ ကိုယ်တိုင်လည်း တက်ဆိုလို့ရပါတယ်။ Otdoor Movie Area ဆိုတဲ့ နေရာလေးမှာလည်း တစ်နေ့တစ်မျိုးမရိုးအောင် Movie တွေ ပြပေးနေပါတယ်။ သားသားမီးမီးတို့အကြိုက် ကာတွန်း၊ လူကြီးတွေအကြိုက် Horror၊ Comedy၊ Romance အမျိုးအစား စုံလင်စွာလည်း ပြသပေးနေပါတယ်။

ဒါတွေအပြင် Lann Resort မှာ ဘာတွေရှိလဲ? 

- Kids Playground

- Go Gart Racing 

- Watersport Activities 

- Outdoor Movie Time

- Unplugged Time

- Basketball Machine

- Doll Machine

- Tennis Playing 

- Arrow Shooting

- Boat Riding

- Pot Painting 

- Photo Booth Area တို့အပြင် Free Activities တွေအနေနဲ့

- UNO

- Chess

- စက်ဘီးစီး

- စွန်လွှတ်

- ကြက်တောင်ရိုက် ကစားနည်းတို့ကိုလည်း ကစားနိုင်ပါတယ်။ 

စားသောက်စရာအနေနဲ့ ဟိုတယ်လိုပဲ ရွေးချယ်စရာ မီနူးတွေ အစုံရှိပါတယ်။ မြန်မာအစားအစာ၊ တရုတ်အစားအစာနဲ့ ယိုးဒယားအစားအစာတွေကို မှာယူသုံးဆောင်နိုင်မယ့် Lann Restaurant လည်း တည်ရှိပါတယ်။

Cottage အတွက် Booking တင်မယ်ဆိုရင်တော့ Lann Cottage  Resort & Spa Page Chat Box နဲ့ 09 7657 66521 ကို ဆက်သွယ်လို့ ရပါတယ်။ လိပ်စာကတော့ ရန်ကုန်-ပုသိမ်လမ်းမ၊ မိုင် (၅၁)၊ ပန်းတနော်၊ ဧရာ၀တီတိုင်းဒေသကြီး ဖြစ်ပါတယ်။ ရန်ကုန်ကနေဆို Express ကားစီးပြီး (၂) နာရီလောက်မောင်းရင် ရောက်ပါတယ်။ 

⇐ Previous Next

Read 2185 times