Health & Beauty

5 Dangerous Health Issues

5 Dangerous Health Issues

ဘာမှမဖြစ်လောက်ပါဘူးလို့ ရိုးရိုးထင်ထားတဲ့ ရောဂါလက္ခဏာတွေရဲ့နောက်မှာ ကျန်းမာရေးအတွက် စိုးရိမ်ရတဲ့ ရောဂါအခြေအနေတွေ ဖြစ်ပေါ်နေတတ်ပါတယ်။ ဒါကြောင့် ကျန်းမာပြီး အသက်ရှည်ရှည် နေထိုင်ချင်တယ်ဆိုရင် အောက်မှာ ဖော်ပြပေးထားတဲ့ လက္ခဏာတွေ မကြာခဏဖြစ်တာနဲ့ နီးစပ်ရာဆေးခန်းသွားပြီး ကျွမ်းကျင်ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင် ကုသဖို့ လိုလာပါပြီ။ 

၁။ ရင်ဘတ်နာခြင်း

ရင်ဘတ်နာခြင်း၊ ချွေးများထွက်ခြင်း၊ အသက်ရှူခက်ခဲလာခြင်း၊ မအီမသာ ပျို့အန်ခြင်းစတဲ့ ရောဂါလက္ခဏာစုတွေ ဖြစ်ပေါ်လာတာနဲ့ ဆေးရုံဆေးခန်းကို ချက်ခြင်းသွားသင့်ပါတယ်။ ရုတ်တရက် နှလုံးအောင့်ခြင်းဟာ သွေးခဲများ သင့်အဆုတ်အတွင်းသို့ ရောက်နေလို့ ရုတ်တရတ် နာကျင်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ရင်ဘတ်က ပြင်းပြင်းထန်ထန်နာကျင်ပြီး ပျောက်သွားတယ်၊ ပြီးရင် ပြန်လည်နာကျင်လာမယ်ဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းသို့ ချက်ခြင်းသွားသင့်ပါတယ်။

၂။ လက်များနှင့် ခြေထောက်များအားနည်းခြင်း။

သင့်ရဲ့လက်တွေ၊ ခြေထောက်နဲ့ မျက်နှာတွေ ထုံကျင်နေတယ်ဆိုရင် ဒီလက္ခဏာတွေဟာ လေသင်တုန်းဖြတ်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သင့်ခန္ဓာကိုယ် တစ်ဖက်ခြမ်းပဲ သီးသန့် ဖြစ်နေတယ်ဆိုရင် ပိုဂရုစိုက်သင့်ပါတယ်။ မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးသွားခြင်း၊ လမ်းလျှောက်လို့မရခြင်း၊ ခေါင်းကိုက်ခြင်း၊ စကားပြောရာမှာ မပီမသဖြစ်ခြင်း၊ သူများပြောလိုက်တာကို နားမလည်ခြင်း စတဲ့ရောဂါလက္ခဏာစုတွေကို တွေ့ရတာနဲ့ ချက်ခြင်း ဆေးခန်းဆေးရုံ သွားသင့်ပါတယ်။ 

၃။ ခြေသလုံးပိုင်းက နာကျင်ခြင်း။

သင့်ခြေထောက်အတွင်းမှာ သွေးပြန်ကြော ပိတ်ဆို့ခြင်းဖြစ်နိုင်ပြီးတော့ သင်အကြာကြီးထိုင်နေမယ်၊ အိပ်ယာထဲမှာ အကြာကြီးလဲနေရင်လည်း ဖြစ်တတ်ပါတယ်။ တကယ်လို့ သွေးခဲပိတ်ဆို့ခြင်းဖြစ်နေရင်တော့ သင်မတ်တပ်ရပ်နေစဉ်၊ လမ်းလျှောက်နေစဉ် နာကျင်လာတာကို တွေ့ရမှာဖြစ်ပြီး သင့်ခြေထောက်ဟာ နီရဲယောင်ယမ်းခြင်း ဖြစ်တတ်ပါတယ်။

၄။ ဆီးသွားစဉ်သွေးပါလာခြင်း။

ဆီးသွားစဉ် သွေးပါလာခြင်းက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမဲ့ ဆီးသွားစဉ် သွေးပါပြီး သင်ရဲ့နောက်ကျောကလည်း နာကျင်နေမယ်ဆိုရင် သင့်ကျောက်ကပ်မှာ ကျောက်တည်နေတာ ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တယ်ဆိုတာ သတ္တုများနဲ့ ဆားများဟာ ကျောက်အဖြစ်တည်လာပြီး သင့်ဆီးသွားလမ်းကို ပိတ်ဆို့ထားလို့ နာကျင်ရတာ ဖြစ်ပါတယ်။

၅။ ချွဲသလိပ်များနှင့် အသက်ရှူကြပ်လာခြင်း။

အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါတွေက အရေးကြီးပါတယ်။ တကယ်လို့ ချွဲသလိပ်များနဲ့ အသက်ရှူကြပ်လာမယ်ဆိုရင် ပန်းနာရင်ကြပ်၊ အဆုတ်ရောဂါများ၊ ဓာတ်မတဲ့မှု စတာတွေ ဖြစ်နိုင်ပါတယ်။

Related Article : သင့်ခန္ဓာကိုယ်ကနေ အချက်ပြ သတိပေးနေတဲ့ ကိုယ်တွင်းရောဂါ လက္ခဏာများ

>> https://myyangon.com.mm/mm/article/your-body-symptoms-for-internal-diseases

⇐ Previous Next

Read 717 times