Entertainment

Loki Series, which could be Marvel's best TV show

Loki Series, which could be Marvel's best TV show

Loki Series ဟာ Wanda Vision နဲ့ Falcon Series ထက်ပိုပြီးတော့ လူတိုင်းကမျှော်လင့်နေကြတဲ့ Series တစ်ခုပါ။ Loki ဟာ Endgame မှာ Tesserract နဲ့အတူလွတ်သွားတာကိုတော့ တော်တော်များများ မှတ်မိကြမယ်ထင်ပါတယ်။အခုကားထဲက ဇာတ်လမ်းက လွတ်သွားတဲ့ Loki ကို TVA(Time Variance Authority ) ဆိုတဲ့ စကြဝဠာရဲ့ အချိန်စီးကြောင်းတွေကို စောင့်ရှောက်သူတွေက ဖမ်းဆီးခဲ့ပါတယ်။ 

 

 

ပထမဆုံးအနေနဲ့ပြောရရင် Loki Series ဟာ CGI အားဖြင့် တော်တော်ကြီးကိုကောင်းလွန်းပါတယ်။ Cinematography လည်းကောင်းမွန်တယ်။ Tom Hiddleston ရဲ့ actingတွေဟာလည်း leading role ကြီးးရလာတော့ MCU franchise ထဲမှာ သူပါဝင်သမျှတွေထဲ own Series ဟာ သူ့ကိုဝဝလင်လင် အားရစွာကြည့်ရတာပေါ့။ပြီးတော့ MCU အနေနဲ့ သူတို့ လုပ်ပြချင်တဲ့အရာကကျနော်တို့မျှော်လင့်ထားတဲ့အရာဖြစ်လို့နေပြီး အကုန်ကိုက်ညီနေတယ်။ Marvel အနေနဲ့ TVA ဘယ်လိုအလုပ်လုပ်သလဲ အချိန်တွေဘယ်လိုစီးဆင်းနေသလဲ  MCU ရဲ့ အချိန်တွေ ဒါတွေအကုန် လုံးကို သေချာပြသွားနိုင်ပါတယ်။ 

 

 

MCU ရဲ့ရှေ့ Film တွေ stories တွေက reference တွေပြန်ထည့်ထားပြီး အသေးစိတ် ရှင်းလင်းဖော်ပြချက်တွေကိုလည်း ထည့်သွင်းထားတာမို့ Loki Series ရဲ့အဖွင့်ကို လှပစေခဲ့တာလို့လည်းဆိုပါတယ် Loki နဲ့ Mobius တို့ရဲ့ duo ကလည်းအတော်လေးလိုက်ဖက်နေခဲ့ပြီး MCU ရဲ့အကြီးမားဆုံးခြေလှမ်းတစ်ခုဖြစ်လာမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

 

 

positive review တွေလဲပုံအောနေပြီး အများစုကတော့ MCU ရဲ့အကောင်းဆုံး show တစ်ခုဖြစ်လာမယ်လို့ tweet ထားကြပါတယ် နောက်ပြီး MCU ရဲ့ president Kevin Feige ပြောသလိုပဲ Tom Hiddleston နဲ့ Owen Wilson တို့ရဲ့အတွဲက MCU မှာအကျော်ကြားဆုံး /လူကြိုက်အများဆုံးဖြစ်လာမယ် ဆိုတဲ့စကားက Critic တွေရဲ့လက်ရှိပြောစကားနဲ့တစ်ထပ်တည်းပါပဲ။Loki Series ဟာ Wanda Vision နည်းတူ MCU မဆန်ဘူးလို့ ပြောရလောက်အောင် ကောင်းပြီး မခန့်မှန်းနိူင်တဲ့ plot တွေနဲ့လူစိတ်ဝင်စားစရာကောင်းအောင် ဆွဲဆောင်နိုင်တဲ့ series တစ်ခုဖြစ်လာမှာပါလို့လဲ မှတ်ချက်တွေပေးခဲ့ပါတယ်

⇐ Previous Next

Read 1345 times