Travel

Melia Yangon's New Staycation Plan with Romantic Love

Melia Yangon's New Staycation Plan with Romantic Love

Stay Home ကာလမှာ ဘယ်မှမသွားရလို့ စိတ်ညစ်မနေပါနဲ့။ကိုယ်ချစ်ရတဲ့သူတဲ့အတူ အချိန်ကောင်းလေးတွေကို ဖန်တီးပေးမယ့် Melia Yangon ရဲ့ Staycation Plan အသစ်လေးရှိပါတယ်။

Staycation Plan အကြောင်းမပြောခင်မှာ Romantic ဖြစ်စေမယ့် အစီအစဥ်လေးတစ်ခုကို အရင်ဆုံးပြောပြပေးပါမယ်။နေဝင်ဆည်းဆာရဲ့ လှပတဲ့အချိန်လေးမှာ Melia Yangon ရဲ့ ရေကူးကန်ဘေးမှာ  ချစ်ရတဲ့ချစ်သူနဲ့အတူ BBQ ညစာစားဖို့အတွက် (၉၉) ဒေါ်လာသာ ကုန်ကျမှာ ဖြစ်ပါတယ်။

လူ(၂)‌ယောက်စာအတွက် (99) ဒေါ်လာသာ ကုန်ကျမယ့် BBQ ညစာထဲမှာဆိုရင် အမဲစတိတ်၊ သိုးသားခပတ်၊ပင်လယ်စာ Fideua ၊ ကကတစ်ငါးဟင်းအပြင် ပုဇွန်၊ ဂဏန်း၊ ဂုံး၊ ကင်းမွန် အစရှိတဲ့ပင်လယ်စာတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

အထူးအစီအစဥ်အနေနဲ့ လာရောက်ကြတဲ့ ချစ်သူစုံတွဲအားလုံးကို ဝိုင်နီ၊ ၀ိုင်ဖြူ၊ စပါကလင်၀ိုင် စတဲ့ ဝိုင်မျိုးစုံထဲက ကြိုက်နှစ်သက်ရာ ဝိုင် (၁) ပုလင်းကိုလည်း လက်ဆောင်အဖြစ် ရွေးချယ်ရယူနိုင်မှာ ဖြစ်ပါတယ်။

ရေကူးကန်ဘေးမှာ ပထမဆုံးပြုလုပ်မယ့် Romantic BBQ ညစာကို စားသုံးပြီး တစ်ညတာကို Melia Yangon မှာပဲကုန်ဆုံးချင်သူတွေ အတွက်  Staycation Plan လေးလည်းရှိပါသေးတယ်။

Staycation Plan Package  လေးဟာဆိုရင်  (၁၈၉)​ဒေါ်လာသာ ကျသင့်မှာဖြစ်ပြီး တစ်ညတာ တည်းခိုခွင့်၊ မနက်စာ ၊ Romantic Poolside BBQ ညစာပါဝင်တဲ့အတွက် အရမ်းကိုတန်တယ်လို့ ပြောရမှာပါ။

ဒါ့အပြင် ဒီဇင်ဘာ (၁၁)ရက်နေ့မတိုင်ခင် စာရင်းပေးသွင်းတဲ့ သူတွေအတွက် Early Bird ပရိုမိုးရှင်းအနေနဲ့ 10% Discount ကိုလည်း ရရှိမှာဖြစ်ပါတယ်။စားပွဲ၀ိုင်းအရေအတွက်က အကန့်အသတ်နဲ့ပြုလုပ်ပေးမှာ ဖြစ်တဲ့အတွက် ကြိုတင်စာရင်းပေးသွင်းဖို့တော့ လိုအပ်ပါတယ်။

ကဲဒီလို ကြည်နူးစရာကောင်းတဲ့ အချိန်ကောင်းလေးတွေကို အတူတူ ဖြတ်သန်းဖို့အတွက်  ကိုယ်ချစ်ရတဲ့သူကို Mention ခေါ်လိုက်ကြတော့လေ။

 

 

 

 

 

⇐ Previous Next

Read 2707 times