Travel

Domestic airline travel ban extended until end of December

Domestic airline travel ban extended until end of December

အချို့သောနိုင်ငံများတွင် ကိုဗစ်ကာလ အခြေအနေမှာ လျော့ပါးလားတဲ့ အခြေအနေ ရောက်ရှိနေတဲ့အတွက်ကြောင့် ပြည်တွင်း/ပြည်ပသွားလာခွင့်များ လေကြောင်းလမ်းများကို ပြန်လည်ခွင့်ပြုလိုက်ပြီ ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံအနေနဲ့ ကိုဗစ် ပထမလှိုင်းကို အောင်မြင်စွာခုခံနိုင်သော်လည်း ဒုတိယလှိုင်းတွင် ကူးစက်မှုများလာပြီး သေဆုံးသူအရေအတွက် တိုးပွားလျက်ရှိပါသည်။

 နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်များ လေဆိပ်တွင် ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီက သဘောတူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

 ထို့ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များနှင့် ပြည်တွင်းလေကြောင်းလိုင်း ပျံသန်းပြေးဆွဲခွင့် ကန့်သတ်ချက်များကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်သည်ဟု လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL) ထံမှ သိရသည်။

ထုတ်ပြန်ချက်အရ ကန့်သတ်ချက်ရက်ကို တိုးမြှင်ထားသော်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ကန့်သတ်ကာလအတွင်း အရေးပါသော ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးခရီးစဉ်များ ပြေးဆွဲပျံသန်းမှုကို ပုံမှန်အတိုင်း ဆက်လက်ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါသည်။

 ထို့ပြင် COVID-19 ကူးစက်ရောဂါ ပြည်ပမှ ဝင်ရောက်လာနိုင်မှု နှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိရောက်သည့်အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်သွားနိုင်ရန် အဓိကထား၍ အစိုးရအနေဖြင့် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ဒီဇင်ဘာ ၁၅ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်သည်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ နိုဝင်ဘာ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 အရေးပေါ် အစိုးရတာဝန်ဖြင့်ဖြစ်စေ ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့် ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်)အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေး လေယာဉ်(သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံရမှာ ဖြစ်ပါသည်။

 သို့သော် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအားလုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တည်ဆဲ ညွှန်ကြားချက်များကို မပျက်မကွက်လိုက်နာကြရမှာဖြစ်သည်ဟု ထုတ်ပြန်ကြေညာထားပါသည်။

⇐ Previous Next

Read 1537 times