Entertainment

Will the ending of Start-Up Kdrama be the same as in Webtoon ???

Will the ending of Start-Up Kdrama be the same as in Webtoon ???

လက်ရှိမှာ KDrama Fan တွေကြားထဲမှာ အရမ်းကို ဇာတ်ရှိန်တက်နေပြီဖြစ်တဲ့ Start Up ဇာတ်သိမ်းခန်းဟာ ဘယ်လိုအဆုံးသတ် ဖြစ်သွားမှာလဲ???

Netflix ရဲ့ လက်ရှိပြသနေတဲ့ Startup Series ဟာဆိုရင် လက်ရှိပြသနေတဲ့ Kdrama Series တွေထဲမှာ လူကြိုက်အများဆုံး ဖြစ်နေပြီး အပိုင်း(၁၃)နဲ့(၁၄)ဟာဆိုရင် ကြည့်ရှုသူတွေအတွက် ကြည်နူးစရာပိုကောင်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Acqui-Hiring လုပ်ခံရတဲ့အတွက် ဆောဒါမီနဲ့ နမ်ဒိုဆန်းတို့ရဲ့ Company ဟာ တစ်ကွဲတစ်ပြားဖြစ်သွားပြီး Developer တွေဖြစ်တဲ့ နမ်ဒိုဆန်းအပါအ၀င် ကင်ယုံဆန်းနဲ့ လီချောဆန်း တို့ဟာ 2STO Company အတွက် (၃)နှစ်တာ အလုပ်လုပ်ခဲ့သလို ဆောဒါမီကလည်း အောင်မြင်တဲ့သူ တစ်ယောက်အဖြစ်တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီလို(၃)နှစ်တာ ကာလအတွင်းမှာ ပြောင်းလဲသွားတဲ့အရာ တော်တော်များများရှိခဲ့ပါတယ်။အရာအားလုံးဟာ ပြောင်းလဲသွားတဲ့ အချိန်မှာ လမ်းခွဲထားတဲ့ ချစ်သူနှစ်ဦးဖြစ်တဲ့ ဆောဒါမီနဲ့ နမ်ဒိုဆန်းတို့ အချစ်ရေးက ပြန်လည်ပေါင်းစည်းနိုင်တဲ့ အနေအထားလား ဆိုတာကတော့ ကြည့်ရှုသူတွေက အရမ်းကို သိချင်နေကြပါပြီ။

လက်ရှိပြသထားတဲ့ အပိုင်း(၁၃)နဲ့(၁၄)မှာ (၃)နှစ်တာ ကာလလုံးနီးပါး ဆောဒါမီရဲ့ အနားမှာ အမြဲရှိနေတဲ့ ကြည့်ရှုသူတွေအများဆုံး သဘောကျတဲ့ ဟန်ဂျီဖြောင်းကရော ဆောဒါမီရဲ့အချစ်ကို ရရှိမယ့်သူ ဖြစ်လာမှာလား ဆိုတာကတော့ စဥ်းစားစရာ အချက်ပါပဲ။

ကြည့်ရှုသူတွေကြားထဲမှာ လတ်တလော အပြောများနေတာကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်သိမ်းခန်းက Webtoon ထဲကလိုမျိုး ဖြစ်လာမှာလားဆိုတာပါပဲ။ကောလဟလ ပြောစကားတွေအရ Webtoon ထဲက ဟန်ဂျီဖြောင်း ဇာတ်ကောင်ဟာဆိုရင် မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး ဆောဒါမီရဲ့အဘွားအတွက် သူ့ရဲ့မျက်ကြည်လွှာကို လှူခဲ့တယ်လို့ ပြောကြပါတယ်။ ဒါဆိုရင်တော့  ဟန်ဂျီဖြောင်းအတွက် တော်တော်ကို ဝမ်းနည်းစရာကောင်းနေပါပြီ။

ဒီလိုဇာတ်သိမ်းမျိုး ဖြစ်လာမှာလားဆိုတာကတော့ နောက်တစ်ပတ် စနေ့နေမှာ ကြည့်ရှုသူတွေ အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ဒီ Drama ရဲ့ ဇာတ်သိမ်းကို ကြည့်ရှုသူတွေအနေနဲ့ ဘယ်လိုမျိုး မျှော်လင့်ထားကြလဲဆိုတာ  Comment မှာ ဝေမျှခဲ့ပါအုံးနော်။

 

 

 

⇐ Previous Next

Read 1945 times