Entertainment

Netflix Kdrama movies that you should definitely watch

Netflix Kdrama movies that you should definitely watch

Netflix ဆိုတာ ဇာတ်ကားကောင်းတွေကို ထုတ်လွင့်နေတဲ့ Streaming Platform တစ်ခုဖြစ်ပါတယ်။ Kdrama ဇာတ်ကားကောင်းတွေလည်းအများအပြားထွက်သလို လတ်တလောထွက်ထားတဲ့ Squid Game ဆိုရင်လည်း တော်တော်လေးလူပြောများနေတာပါ။

Time To Hunt

စီးပွားပျက်ကပ်ကြုံနေရတဲ့ ကိုရီးယားနိုင်ငံရဲ့ ခေတ်ပျက်ကြီးထဲမှာ လူတိုင်းနီးပါး ရုန်းကန်နေရပါတယ်။ ဒီလိုဘဝကြီးထဲက လွတ်မြောက်နိုင်ဖို့ လူငယ်လေးသုံးယောက် အကောင်အထည်ဖော်ပါတော့တယ်။ ဒီအကြံကတော့ နာမည်ကြီးလောင်းကစားရုံကို ဓားပြတိုက်ဖို့ပါပဲ။ ဒီလိုလုပ်နေစဉ်မှာပဲ ဖြစ်ရပ်ဆိုးတွေကြုံလာရချိန်မှာ​တော့…

The Bros(2017)

ကိုရီးယားသမိုင်းဆရာ လီဆော့ဘုံဟာ အင်ဒီယားနား ဂျုံးစ်လိုမျိုး ရှေးဟောင်းသမိုင်းဖော်ထုတ်ရာမှာ အောင်မြင်ချင်တာမို့ သူပိုင်ဆိုင်သမျှငွေကြေး တွေကို ရှေးဟောင်းပစ္စည်း တူးဖော်ဖို့အတွက် အကုန်သုံးစွဲခဲ့ပါ တယ်။ အင်ဒီယားနားဂျုံးစ် လိုဖြစ်မဖြစ်တော့မသိ။ လောလောဆယ် မှာတော့ ဘာအကျိုးအမြတ်မှ မရတဲ့အပြင်အကြွေးတွေသာ ပိုလာခဲ့ပါတယ်။ ဆော့ဘုံရဲ့ညီ လီဂျူဘုံက ဆောက်လုပ်ရေးလုပ်ငန်းလုပ် ကိုင်တဲ့ ဗိသုကာတစ်ယောက်ဖြစ် ပြီး ဉာဏ်ကောင်းပြီး အကွက်မြင်သူတစ်ယောက်ပါ။ အကြွေးပတ်လည်ဝိုင်းနေတဲ့ ဆော့ဘုံအ တွက် မိဘကျန်ခဲ့တဲ့ အမွေအိမ်လေးကနေ ပိုက်ဆံရမယ့်အနေအထားရှိ နေချိန်မှာ ဂျူဘုံကတော့ အန်ဒုံအဝေးပြေးလမ်း တည်ဆောက်ရေးစီမံကိန်း တည်ဆောက်ခွင့်ရထား တာမို့ အခြေအနေချင်းက အပြတ် အသတ်ကို ကွာနေခဲ့ပါတယ်။ဆော့ဘုံတို့ ညီအစ်ကိုဟာ တစ်ယောက်နဲ့တစ်ယောက် မ တွေ့ဖြစ်ကြပေမယ့် တစ်ရက်မှာ တော့ အန်ဒုံမှာရှိတဲ့ သူ့တို့အဖေ ဆုံးသွားတဲ့အတွက် နှစ်ယောက် သားမွေးရပ်မြေကို အတူပြန်ခဲ့ကြ ပါတယ်။အဲဒီအပြန်လမ်းမှာ အော်ရို ရာဆိုတဲ့ ယဉ်ကျေးမှုစင်တာ ဝန် ထမ်းအမျိုးသမီးတစ်ယောက်ကို ကားနဲ့ မတော်တဆ တိုက်မိခဲ့ပါ တယ်။ ယာဉ်တိုက်မှုကြောင့် အော် ရိုရာဟာ မှတ်ဉာဏ်ချို့ယွင်းပြီး ဘာဆိုဘာမှမမှတ်မိတော့ပါဘူး။ ဒါပေမဲ့ အချိန်အနည်းငယ်ကြာ ပြီးတဲ့နောက်မှာတော့ အဲဒီထူး ဆန်းတဲ့ အမျိုးသမီးဆီကနေ သူတို့တစ်ခါမှ မကြားဖူး၊ မသိထား တဲ့သူတို့မိသားစုရဲ့လျှို့ဝှက်ချက်တစ်ခုကို သိခွင့်ရခဲ့ပါတော့တယ်။

Squid Game (2021)

Squid Game ဆိုတာကတော့ ဒေါ်လာ သန်း ၄၀ ဆုကြေးအနေနဲ့ ရရှိမယ့်

Survival Game ပဲ ဖြစ်ပါတယ်။ဂီဟွန်းက အလုပ်ထုတ်ခံလိုက်ရပြီးတဲ့နောက်မှာ

ဒီဂိမ်းကို ဝင်ကစားဖို့ ဖြစ်လာခဲ့ပါတယ်။ဒီဂိမ်းကို ဘာလို့ ကင်းမွန်လို့ နာမည်ပေးထားရသလဲဆိုတော့ဂိမ်းနာမည်အတိုင်း မြေပြင်အနေအထားပေါ်မူတည်ပြီး

ပုံစံအမျိုးမျိုး ပြောင်းနေရတဲ့ ကင်းမွန်လိုမျိုး ဖြစ်နေလို့ပါ။R-Rated အဆင့်ရှိတဲ့ စီးရီးတစ်ခုဖြစ်ပြီးသွေးထွက်သံယို အခန်းတွေ ပါတာမို့ အသည်းငယ်သူတွေတော့ မကြည့်သင့်ပါဘူး။အပိုင်း ၉ ပိုင်း ပါဝင်မှာ ဖြစ်ပြီးတော့ တစ်နေ့တည်းအပြီး ထုတ်လွှင့်ပေးသွားမှာပါ။

Hell Bound 

Hellbound ကိုတော့ နိုဝင်ဘာ လ 19ရက်နေ့ 2021 ခုနှစ်မှာ ရုံတင် ပြသ သွားမှာ ဖြစ်ပါတယ်။Hell Bound ကတော့ ငရဲမှာရှိတဲ့သဘာဝလွန်ဖြစ်ရပ်တွေအကြောင်းကိုရိုက်ကူးမယ့်ဇာတ်ကားဖြစ်ပါတယ်။Train to Busan မှ ဒါရိုက်တာ Yeon Sang Ho မှ ရိုက်ကူးထားပြီး Yoo Ah In, Park Jung Min, နှင့် Kim Hyun Joo တို့လို နာမည်ကြီးတွေချည်းပဲ ပါဝင် သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။

All Of Us Are Dead

All of Us Are Dead ကိုတော့ 2022 ခုနှစ် ဇန်နဝါရီ လမှ ရုံတင်မှာဖြစ်ပြီး သရုပ်ဆောင် Yoon Chan Young, Park Ji Hoo, Cho Yi Hyun, Lomon, Yoo In Soo တို့က ပါဝင် သရုပ်ဆောင် ထားပါတယ်။“Now at our School” လို့ အမည်ပေးထားတဲ့ webtoon ကို ယခုဒရာမာဇာတ်ကားအဖြစ် ပြောင်းလဲရိုက်ကူးမယ်လို့ Netflix က ကြေငြာခဲ့ပါတယ်။ဇွန်ဘီဗိုင်းရပ်စ်တွေ ပျံ့နှံ့လာပြီးအထက်တန်းကျောင်းမှာ ပိတ်မိနေတဲ့သူတွေကို ကယ်ဖို့ကြိုးစားပုံကိုရိုက်ကူးထားတဲ့ ဒရာမာဖြစ်ပါတယ်။

 

⇐ Previous Next

Read 1657 times