Entertainment

PUBG MOBILE GLOBAL CHAMPIONSHIP 2020 FINALS IN DUBAI

PUBG MOBILE GLOBAL CHAMPIONSHIP 2020 FINALS IN DUBAI

PMGC 2020 Finals ပွဲကို (၂၀၂၁) ခုနှစ် ဇန်နဝါရီ (၂၁) ရက်နေ့မှ စကာ ဇန်နဝါရီ (၂၄) ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပြီး ဒူဘိုင်းမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီပွဲကျင်းပတဲ့ အချိန်မှာ တစ်ကမ္ဘာလုံးကို အွန်လိုင်းကနေ ထုတ်လွှင့်  ပြသပေးသွားမှာ ဖြစ်ပါတယ်။ ဖိုင်နယ်ပွဲစဉ်တွေကို ကိုဗစ်အခြေအနေကြောင့် Public ကို တိုက်ရိုက်  မပြသနိုင်ပေမယ့် ဒီနှစ်မှာ Offline ပွဲမှာ ရှိတဲ့ အဖွဲ့တွေကို  အဆင့်မြှင့်တင်ထားတဲ့  Field တွေကနေ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်လို့ သိရပါတယ်။

PMGC Final ဆုဖြစ်တဲ့ USD( 2,000,000) ဟာ  PUBG MOBILE သမိုင်းတစ်လျှောက်မှာ အမြင့်မားဆုံး ဆုတစ်ခု ဖြစ်ပြီး  PMGC 2020 Final ပွဲစဉ်တွေကို PUBG MOBILE Esport ၊YouTube၊ Facebook နဲ့ Twitch Channel တို့မှာ  ကြည်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ဇန်နဝါရီ (၂၁)ကနေ (၂၄) ရက်အတွင်း ဒူဘိုင်းမှာ ကျင်းပပြုလုပ်မယ့် ဖိုင်နယ်ပွဲစဥ်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်း (၁၆) သင်းကနေ  PMGC 2020 ရဲ့ ဆုကြေးငွေ USD 2,000,000 ကို ခွဲဝေယူကြရမှာ ဖြစ်ပါတယ်။

PMGC 2020 Finals သို့ တက်ရောက်နိုင်ခဲ့တဲ့ အသင်း (၁၆) သင်းကတော့  အောက်ပါအတိုင်းဖြစ်ပါတယ်။

 

PUBG MOBILE Global Championship (PMGC) 2020 League ပွဲစဥ်မှာဆိုရင် ကမ္ဘာ့အကောင်းဆုံး အသင်းတွေက  (၄) ပတ်ကြာ PUBG MOBILE esports ပြိုင်ပွဲတွေကို  ယှဥ်ပြိုင် ပြီးဆုံးပြီးနောက်မှာ  Four Angry Men အဖွဲ့ဟာ  အခြားအသင်းတွေထက် ထိပ်ဆုံးနေရာယူဖို့အတွက် သူတို့ရဲ့ ကြိုးစားမှုကို ပြသခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။  

Four Angry Men အဖွဲ့[ဟာ မယုံကြည်နိုင်စရာ ကောင်းတဲ့ တိုက်ရည်ခိုက်ရည်များနဲ့အတူ ထိပ်ဆုံးကနေ အနိုင်ရရှိသွားပြီး Bigetron Red Aliens က ဒုတိယနေရာကို ရရှိကာ PRQ Athena က တတိယနေရာကို အသီးသီး ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

PMGC ပွဲကို အဓိက ကူညီထောက်ပံ့ပေးတဲ့သူကတော့  Ultimate Gaming Advantage တွေကို ပြုလုပ်ပေးနေတဲ့  Qualcomm® Snapdragon Elite Gaming™ ဖြစ်ပြီး 5G Mobile Platforms တွင် ဈေးကွက်မှာ ထိပ်ဆုံးရောက်ရှိနေတဲ့  စမတ်ဖုန်းတွေရဲ့  Hardware နှင့် Software Features တွေကို ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် PMGC Finals ပွဲစဉ်တွေကို  ဒူဘိုင်းနိုင်ငံရဲ့ ခရီးသွားလာရေးဝန်ကြီးဌာနနဲ့အတူ  ဒူဘိုင်းအားကစား ကောင်စီတို့မှလည်း ကူညီထောက်ပံ့ပေးထားပါတယ်။

 

⇐ Previous Next

Read 2040 times