Travel

Pyin Oo Lwin Flower Dreamland 2023

Pyin Oo Lwin Flower Dreamland 2023

အမျိုးသားကန်တော်ကြီးဥယျာဉ်ရဲ့ ထင်ရှားတဲ့ အထိမ်းအမှတ်ပွဲတော်တစ်ခုဖြစ်တဲ့ ၁၆ ကြိမ်မြောက် Flower Dreamland ပန်းပွဲတော်ကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ လာမယ့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပခဲ့​ခြင်းဖြစ်ပြီး ကိုဗစ်ရောဂါ ကူးစက်မှု ပြဿနာတွေကြောင့် ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ကျင်းပမှုတွေကို ရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်ကနေ ၂၀၂၃ ဇန်နဝါရီ ၁၅ ရက်နေ့အထိ ၁၅ ကြိမ်မြောက်အဖြစ် ပြန်လည်ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

Advertisement

Click Here > Asia General Holding

အခု (၁၆) ကြိမ်မြောက် ပန်းပွဲတော်မှာတော့ ပန်းအရေအတွက် နှစ်သိန်းနီးပါးနဲ့ ပန်းမျိုးစိတ်ပေါင်း (၄ဝ) နီးပါးကို ပါဝင်ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဖွင့်ပွဲအခမ်းအနားကိုတော့ ဒီဇင်ဘာ (၁၇) ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီနှစ် ပန်းပွဲတော်မှာ ဒေသပန်းမျိုးတွေကို ပါဝင်ပြသမယ့် ဇုန်တစ်ဇုန်အပါအဝင် ပြကွက်ဇုန် ၈ ဇုန် ခွဲပြီး ပန်းတွေကို အလှဆင် စိုက်ပျိုးပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပန်းပွဲတော်ကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ရာသီအလိုက်ပန်းတွေရဲ့ ဆန်းပြားတဲ့ အသွင်အပြင်ကို ကြည့်ပြီး ကြည်နူးပျော်ရွှင်စေဖို့၊ မြန်မာနိုင်ငံရဲ့ ပန်းစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် သိစေဖို့၊ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်တန်ဖိုးထားတတ်စေဖို့၊ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုစေဖို့တို့ ဖြစ်ပါတယ်။ 

ပန်းပွဲတော်နဲ့အတူ နာမည်ကြီး အဆိုတော်တွေနဲ့ စတိတ်ရှိုးပွဲအပြင် ဈေးရောင်းပွဲတော်ကိုပါ တစ်ပါတည်း ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒေသထုတ်ကုန်၊ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ပြသရောင်းချမယ့် ဈေးဆိုင်ခန်းတွေနဲ့ ခရစ္စမတ်နေ့ အပါအဝင် New Year နေ့နဲ့ လွတ်လပ်ရေးနေ့တွေမှာလည်း အထူးဖျော်ဖြေရေးအစီအစဥ်တွေ ထည့်သွင်းထားကြောင်း သိရပါတယ်။ 

⇐ Previous Next

Read 967 times