Health & Beauty

10 Best Winter Fruits

10 Best Winter Fruits

ဆောင်းရာသီမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ် ကျန်းကျန်းမာမာ နေနိုင်ဖို့နဲ့ သန်မာနေဖို့ ဘယ်လိုအသီးမျိုးတွေ စားပေးရမလဲ? ဆောင်းတွင်းရဲ့ ရာသီဥတုအခြေအနေကြောင့် ဘယ်အသီးတွေကို ပိုစားပေးသင့်လဲ? ဆိုတာတွေကို မျှဝေပေးသွားပါမယ်။ ကိုယ်စားနေတဲ့ အသီးက ဘာဓာတ်တွေ ပါဝင်ပြီး၊ ဘယ်လိုကောင်းကျိုးတွေ ပေးလဲဆိုတာ သိသွားရင်တော့ စားရတာ ပိုပြီး ကျေနပ်စရာဖြစ်မယ် ထင်ပါတယ်။

(၁) ရှောက်ချိုသီး 

ရှောက်ချိုသီးရဲ့ ဗီတာမင် C ကြွယ်ဝမှုက ကိုယ်ခံအား ကောင်းစေပြီး ဖျားခဲ့ရင်တောင် အဖျားရက်ကို တိုစေမှာပါ။ အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ရော၊ အသားအရေ ခြောက်တတ်တဲ့ ဆောင်းရာသီမှာ အသားအရေ ကျန်းမာစေဖို့ပါ စားပေးလို့ ရပါတယ်။ 

(၂) ငှက်ပျောသီး

bananas

ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို အမျှင်ဓာတ် ကြွယ်ဝမှုက ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။ ဆောင်းအအေးဒဏ်ကြောင့် ရေသောက်နည်းနေလည်း အမျှင်ဓာတ်​ ကြွယ်ဝစွာ ပါဝင်နေမှုက အစာချေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေကို အာဟာရတွေ အကောင်းဆုံး စုပ်ယူစေနိုင်သလို ဝမ်းလည်း မှန်စေမှာပါ။

(၃) လိမ္မော်သီး

The Fruit I Wait All Year to Eat | Bon Appétit

ဗီတာမင် C ကြွယ်ဝသလို ရေဓာတ် ပြည့်ဝမှုက အသားအရေအတွက်ရော ကိုယ်ခံအားအတွက်ပါ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ ဗီတာမင် C မြင့်မားစွာ ပါဝင်မှုက ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ပိုတက်ဆီယမ်လည်း များစွာ ပါ၀င်တာကြောင့် နှလုံးရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်အောင် အထောက်အကူပြုပေးပါတယ်။

(၄) သလဲသီး

pomegranates

ရေဓာတ်ကြွယ်၀တဲ့ အသီးဖြစ်သလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အမျှင်ဓာတ်လည်း ကြွယ်၀စွာ ပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို အထောက်အပံ့ပေးသလို အဆစ်ရောင်နာ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ကနေလည်း ကာကွယ်ပေးပါသေးတယ်။ နောက်ပြီး သလဲသီးက ကော်လာဂျင်ကို ထွက်စေပြီး အသားအရေကို တင်းရင်းကျန်းမာစေသလို အရွယ်မတိုင်ခင် အိုးမင်းတာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

(၅) ပန်းသီး

ပန်းသီးဟာ ကင်ဆာရောဂါ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုးကို ကာကွယ်ပေးနိုင်တဲ့၊ အစာကြေစေတဲ့ အမျှင်ဓါတ်တွေ၊ လူ့ခန္ဓာကိုယ်က နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ဒါကြောင့် ပန်းသီးကို ဆောင်းရာသီမှ မဟုတ်ပါဘူး။ နေ့တိုင်း ပုံမှန် စားပေးသင့်ပါတယ်။

(၆) ကီဝီသီး

kiwis

ဗီတာမင် C နဲ့ အမျှင်ဓာတ် ကြွယ်၀စွာ ပါဝင်တာကြောင့် အဆုတ်ကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်၊ အစာချေစနစ်တို့ကို အထောက်အကူပြုပါတယ်။ ကျန်းမာရေး လေ့လာတွေ့ရှိချက်တွေအရ ကီဝီသီးကို တစ်နေ့ တစ်လုံး ပုံမှန် စားသုံးပေးခြင်းက ပန်းသီးကို နေ့စဥ် ပုံမှန် စားသုံးပေးခြင်းထက် သွေးပေါင်ချိန် မြင့်တက်မှုကို ထိန်းညှိပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

(၇) နာနတ်သီး

pineapple

နာနတ်သီးဟာ အရသာရှိပြီး အာဟာရဓာတ် ပြည့်၀စွာ ပါဝင်လို့ လူကြိုက်များတဲ့ အသီးဖြစ်ပါတယ်။ နာနတ်သီးမှာ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နဲ့ ဗီတာမင် C တို့ ကြွယ်၀စွာ ပါဝင်တာကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အစာချေစနစ်နဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် နာနတ်သီး စားပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းစေသလို ချောင်းဆိုးခြင်း၊ အအေးမိခြင်း၊ နှာစေးခြင်းတို့ကိုလည်း သက်သာစေပါတယ်။ 

(၈) သစ်တော်သီး

အာဟာရဓာတ်စုံစုံလင်လင် ပါဝင်တဲ့ အသီးတွေထဲမှာ သစ်တော်သီးလည်း ပါပါတယ်။ သစ်တော်သီးမှာ ကယ်လိုရီ၊ ပရိုတင်း၊ သကြားဓာတ်၊ ဗီတာမင် C၊ ဗီတာမင် K၊ ပိုတက်စီယမ်၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ သစ်တော်သီး စားပေးခြင်းဖြင့် အစာချေစနစ်နဲ့ သွေးလည်ပတ်မှု အားကောင်းစေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးတွင်းအဆီတွေကို လျှော့ချပေးနိုင်မှုက နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့အပြင် သွေးတိုးရောဂါ မဖြစ်စေဖို့လည်း ဟန့်တားပေးနိုင်ပါတယ်။

(၉) တည်သီး

persimmons

တည်သီးမှာ ဗီတာမင် C ပါဝင်လို့ အသားအရေ ကြည်လင်ဖို့အတွက် စားပေးသင့်သလို ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ တည်သီးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ကူးစက်ရောဂါပိုးတွေကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ Phytochemicals တွေ ပါဝင်နေတာကြောင့် ကူးစက်ရောဂါပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။ တည်သီးမှာ လိပ်ခေါင်းရောဂါကို ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပြီး ဆီးချိုသမားတွေနဲ့လည်း တည့်ပါတယ်။

(၁၀) ခရန်ဘယ်ရီသီး (Cranberries)

မြန်မာတွေနဲ့ နည်းနည်းစိမ်းနေဦးမယ့် အသီးဖြစ်ပါတယ်။ ခရန်ဘယ်ရီဟာ ဆီလမ်းကြောင်းပိုးဝင်တာကို သက်သာပျောက်ကင်းစေနိုင်တဲ့ အကောင်းဆုံး ဓာတ်စာပါပဲ။ ခရန်ဘယ်ရီမှာ Proanthocyanidins (PACs) ပါဝင်မှု မြင့်မားတာကြောင့် ဆီးလမ်းကြောင်းနံရံတွေမှာ ဘက်တီးရီးယား တွယ်ကပ်နိုင်စွမ်းကို အားလျော့စေပြီး ရောဂါပိုးဝင်ရောက်မှုကို တိုက်ထုတ်ပေးပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ကင်ဆာအကျိတ်တွေရဲ့ ဆက်လက်ကြီးထွားမှုကို နှေးကွေးစေနိုင်တဲ့ အစွမ်းအာနိသင်လည်း ရှိပါတယ်။ 

အပေါ်မှာ ပြောပြပေးခဲ့တဲ့ အသီးတွေ အားလုံးဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမဲ့ အလွန်အကျွံ စားသုံးတာမျိုး မလုပ်ဆောင်သင့်ပါဘူး။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ရောဂါအခံရှိတဲ့သူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားတာ အကောင်းဆုံးပါပဲ။ 

Source - Hello ဆရာဝန်

⇐ Previous Next

Read 621 times