Things To Do

Golden Park Hotel & Spa Land

Golden Park Hotel & Spa Land

ချွေးထွက်ခန်းဆိုတာနဲ့ K Drama ထဲကလို တူညီဝတ်စုံလေးတွေ ဝတ်ပြီး အပန်းဖြေ အနားယူကြတာကို မြင်မိကြမယ် ထင်ပါတယ်။ ပိတ်ထားတာ ကြာပြီဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ တစ်ခုတည်းသော ကိုရီးယားစတိုင် ချွေးထုတ်ခန်း Golden Park ကတော့ မနေ့က New Version အနေနဲ့ ပြန်လည် ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ 

တစ်ပတ်တာလုံး စိတ်ရော လူရော ပင်ပန်းထားသမျှကို Golden Park မှာ ချွေးထုတ်ရင်း လျှော့ချနိုင်မယ့်အပြင် ညအိပ် (သို့) အချိန်ပိုင်း တည်းခိုချင်သူတွေအတွက် Hotel၊ ကော်ဖီဒိတ်ချင်သူတွေအတွက် ကော်ဖီဆိုင်၊ ကိုရီးယားမုန့်တွေပဲ ရောင်းတဲ့ Snack Bar၊ ဘီယာလေး သောက်ရင်း Chill ချင်သူတွေအတွက် Bar & Restaurant၊ ရုပ်ရှင်ကြည့်ရင်း အနားယူချင်သူတွေအတွက် Mini Cinema၊ ကလေးတွေအတွက် ကစားခန်း Kid Room တို့ကိုလည်း အသစ် ထပ်တိုးထည့်ထားပါသေးတယ်။

Golden Park မှာ ချွေးထုတ်ရင် အောက်က အခန်း (၄) ခန်းကို အဆင့်ဆင့် ဝင်ရပါတယ်။

- Ocher Room (မြေနီခန်း)

- Charcoal Room (မီးသွေးခန်း)

- Salt Room (ဆားခန်း)

- Ice Room (ရေခဲခန်း) ဆိုပြီး အခန်းတွေကို အစဉ်လိုက်အတိုင်း ဝင်ရောက်ပြီး ချွေးထုတ်အပန်းဖြေရမှာမျိုးပါ။ ကိုရီးယားနည်းပညာနဲ့ အဆင်မြင့် ချွေးထုတ်ခန်းအပြင် ရေပူရေအေး ရေစိမ်ကန်တွေလည်း ရှိပါတယ်။ အခန်းတစ်ခုနဲ့ တစ်ခုကြား မဝင်ခင် နားရတဲ့အချိန်လေးမှာလည်း Main Hall ထဲမှာ ထိုင်ရင်း ကိုရီးယားကားထဲကလို ကြက်ဥပြုတ်လေးစားလိုက် Sanck Bar ထဲက မုန့်တွေ စားလိုက်နဲ့ Chill လို့ ရပါတယ်။ ဒါတင်မကသေး

Gym ခန်းမှာလည်း ပစ္စည်းကိရိယာ အစုံအလင် ရှိတာကြောင့် အေးဆေး Gym သွားဆော့နေလို့ ရပါတယ်။ 

Coffee Tree မှာ Coffee Lover တွေ နှစ်သက်မယ့် Coffee အမျိုးအစားတွေအပြင် Coffee နဲ့ လိုက်ဖက်တဲ့ ကိတ်တွေကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်အောင် မီနူးတွေကို သေချာပြင်ဆင်ပေးထားပါတယ်။ 

Funmily Bar & Restaurant မှာ Private ဆန်ဆန် Chill ချင်တဲ့ ဘော်ဒါတွေနဲ့ Romantic ဆန်ဆန် Date ချင်တဲ့ Couple တွေအတွက် Indoor Table တွေရှိသလို သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် ထိုင်ချင်သူတွေအတွက် Sunset ကြည့်ရင်း ထိုင်လို့ရမယ့် Outdoor Table တွေလည်း ရှိပါတယ်။

Korea Noddle၊ Korea Snack၊ Korea အအေး အစုံအလင် အပြင် မြန်မာထုတ် မုန့်လေးတွေပါရတဲ့ Snack Bar ကတော့ အစားတလိုင်းတွေ အကြိုက်နေရာပေါ့။ 

ကိုရီးယား Handmade လေးတွေ၊ Korea Brand လေးတွေကို ရောင်းချပေးမယ့် Souvenir Shop လေးတစ်ခုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ 

အချိန်ရလို့ Staycation သဘော ညအိပ်ညနေ တည်းခိုအနားယူချင်တယ်ဆိုရင်လည်း Golden Park Hotel ရှိပါတယ်။ 

ချွေးထုတ်ခန်းဝင်ဖို့ တန်းစီနေရလို့ ရုပ်ရှင်ကြည့်ရင်း အနားယူနိုင်မယ့် Mini Cinema နဲ့ လူကြီးတွေ ချွေးထုတ်ခန်းဝင်နေချိန် ကလေးတွေလည်း ပျော်ပျော်ပါးပါး ကစားလို့ရအောင် Kids Room တို့ကိုလည်း စီစဉ်ပေးထားပါတယ်။  

Mini Cinema က တစ်နေ့ကို (၃) ကြိမ် ပြပေးပါတယ်။

9:00 am-11:00 am

1:00 pm -3:00 pm

5:00 pm- 7:00 pm

ဒါ့အပြင် ကျယ်ဝန်းတဲ့ Golden Park ဧရိယာဝန်းထဲမှာ နှစ်သက်ရာ Outdoor Activities တွေလည်း လုပ်လို့ရပါတယ်။ ကြက်တောင်ရိုက်တာ၊ ဘောလုံးကန်တာမျိုးအပြင် ထိုင်နေရင်း အငြိမ်လေး Uno ဆော့တာ၊ Board games တွေ ဆော့တာ စတဲ့ ကစားနည်းမျိုးစုံဖြင့် အပန်းဖြေလို့ ရပါတယ်။ 

ဒီတော့ Gplden Park ဟာ ပိတ်ရက်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အတူစုံဖို့ အသင့်တော်ဆုံး နေရာပါပဲ။ တစ်နေရာတည်းမှာ Chill ဖို့ အမျိုးအစား အစုံအလင် ရှိတာကြောင့် ငါက ဒီနေရာသွားချင်တာ၊ သူက ဟိုနေရာသွားချင်တာ ဆိုပြီး အငြင်းပွားနေစရာ မလိုတော့ပါဘူးနော်။

ချွေးထုတ်ခန်းဖြစ်တဲ့အတွက် အသက်ကြီးတဲ့သူတွေအတွက်လည်း သင့်တော်တဲ့ အပန်းဖြေနေရာမျိုး ဖြစ်ပါတယ်။ ချွေးထုတ်ခန်းလေးထဲမှာ ပေါ့ပေါ့ပါးပါး အနားယူရုံနဲ့ကို ခန္ဓာကိုယ်ထဲက ချွေးပုတ်တွေ၊ အဆိပ်အတောက်တွေ ထွက်ပြီး ကိုယ်လက်လေးလံနေမှုနဲ့ စိတ်ဖိစီးမှုကို သက်သာစေတဲ့အပြင် အသားအရေကိုလည်း ကြည်လင်တောက်ပြောင်စေပါတယ်။  

Golden Park ရဲ့ ဝင်ကြေး စျေးနှုန်းကတော့ တစ်ဦးကို -

လူကြီး - ၂၅,၀၀၀ ကျပ်

အရပ် ၃ ပေအောက် - Free

အရပ် ၃ပေ အထက် - ၁၀,၀၀၀ ကျပ်

အရပ် ၄ ပေ ကျော်ရင် လူကြီးစျေးက စယူပါတယ်။

အခုလက်ရှိမှာတော့ ဒီဇင်ဘာ ပရိုမိုးရှင်းအနေနဲ့ ဒီတစ်လလုံး ဘယ်အချိန်သွားသွား 20% Discount ရရှိမှာ ဖြစ်ပါတယ်။ 20% Discount ရဖို့ အောက်က ပို့စ်ကို Like လုပ်၊ သူငယ်ချင်း ၃ ယောက် Tag တွဲပြီး Public နဲ့ Share ပေးဖို့တော့ လိုပါမယ်။

>> https://shorturl.at/xBES4

နောက်ပြီး Golden Park မှာ စဖွင့်တဲ့ ၁၂ ရက်နေ့ကစပြီး တစ်ပတ်တိတိကို ဗလာမပါတဲ့ Spin Wheel တစ်ကြိမ် လှည့်ခွင့်ပေးမှာ ဖြစ်ပါတယ်။ Spin Wheel လှည့်ဖို့ကတော့ အောက်က ပို့စ်ကို Like လုပ်၊ သူငယ်ချင်း ၃ ယောက် Tag တွဲပြီး Public နဲ့ Share ပေးဖို့တော့ လိုပါမယ်။

>> https://shorturl.at/amzA5

လိပ်စာ - မြောက်ဒဂုံမြို့နယ်၊ ပင်လုံမောင်းမကန်လမ်းမကြီး၊ အမျိုးသားအားကစားရုံ၊ မြင်းစီးကွင်းဘေး

ဖုန်း - 09 777 772296

⇐ Previous Next

Read 1623 times