Shopping & Promos

Samanea Yangon Market Wholesale Market in Dagon Port with over 700 shops

Samanea Yangon Market Wholesale Market in Dagon Port with over 700 shops

စင်္ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Samanea Group နဲ့ မြန်မာနိုင်ငံက EI Co;Ltd တို့ ပူးပေါင်း တည်ဆောက်ဖွင့်လှစ်ထားတဲ့ Samanea Yangon Market ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ 

 

Samanea Yangon Marketမှာ ဆိုင်ခန်းပေါင်း (၇၀၀)ကျော်နဲ့ ကုန်ပစ္စည်း အမျိုးအစားပေါင်း (၅,၀၀၀)ကျော်ကို တစ်နေရာထဲမှာ ရောင်းချပေးနေပြီး လက်လီ၊ လက္ကား (၂)မျိုးလုံး ရရှိနိုင်တဲ့ အဆင့်မြင့် ကုန်တိုက်ကြီး ဖြစ်ပါတယ်။ 

  • ဆိုင်ခန်းတွေအပြင် 
  • ဘဏ်များ၊ 
  • အဆင့်မြင့်ဂိုဒေါင်၊ 
  • Apartment စတာတွေ တည်ရှိပြီး အာရှရဲ့ ကုန်စည်အလဲအလှယ် ဖြန့်ဝေခြင်းတွေကို ပလက်ဖောင်းတစ်ခု အနေနဲ့ ဆုံနိုင်ဖို့ Exhibition Center ကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

 

ဈေးဝယ်သူတွေအနေနဲ့ ဒီလက္ကားဈေးကြီးမှာ နိုင်ငံတကာ အဆင့်မှီ ကုန်ပစ္စည်းပေါင်းများစွာကို One Stop Market အဖြစ် တစ်နေရာထဲမှာ ဝယ်ယူရရှိနိုင်ပြီးတော့ 

  • အိမ်သုံးပစ္စည်း၊ 
  • အဝတ်အထည်၊ 
  • လျှပ်စစ်ပစ္စည်း၊ 
  • စက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ 
  • ဒီဂျစ်တယ်နှင့်မိုဘိုင်းပစ္စည်း၊ 
  • အလှကုန်ပစ္စည်း၊ 
  • ကား/ဆိုင်ကယ် နှင့်ဆက်စပ်ပစ္စည်းများ၊
  • စားသောက်ဆိုင်တန်းများ၊ 
  • အဆင့်မြင့် Food Court 

စတာတွေအပြင် ကျယ်ဝန်းလှတဲ့ ကားပါကင်လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဈေးဝယ်ထွက်ရင်း ဓါတ်ပုံရိုက်တာ ၀ါသနာပါတဲ့ သူများအတွက် နေရာလှလှလေးတွေလည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 

 

 

Samanea Yangon Market ရဲ့ လိပ်စာကတော့ 

>> ရတနာလမ်း၊ ပဲခူးမြစ်လမ်းနှင့် ရတနာလမ်းထောင့်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ရန်ကုန်မြို့။

 

Hotline Number > 09-976069999,09-976089999

Website > www.samanea.com 

 

MY Yangon ရဲ့ စာဖတ်သူ ပရိတ်သတ်ကြီးထဲမှာလည်း Samanea Yangon Market အသစ်ကြီးကို သူငယ်ချင်းတွေနဲ့ အတူ သွားရောက်လည်ပတ်ဖို့ မသိသေးတဲ့ ကိုယ့်ဘော်ဒါတွေကို မန်းရှင်းခေါ်ပေးခဲ့ဦးနော်။ 

⇐ Previous Next

Read 2220 times