Travel

Shwe Bon Resort with 20% discount for two weeks

Shwe Bon Resort with 20% discount for two weeks

ရန်ကုန်မြို့ကြီးမှာနေရင်းနဲ့ နေ့ချင်းပြန်တစ်ရက်အတွင်း အပန်းဖြေခရီးသွားမယ်ဆို လည်စရာပတ်စရာရှားပါတယ်။

ဒါကိုမှ ဓာတ်ကောင်းကောင်းဖမ်းလို့ရတဲ့နေရာဆိုပိုပြီးရှားတာပေါ့။ဒါကြောင့် ​​စျေးသက်သက်သာသာနဲ့ အပန်းဖြေလို့ရမယ့်အပြင်

ဓာတ်ပုံလှလှလေးတွေလည်းရိုက်လို့ရမယ့် နေရာလေးတစ်ခုပြောပြချင်ပါတယ်။ဝင်ကြေးကလည်း

၆ နှစ်အောက်တွေအတွက် 1,500 Ks ထဲ

၆ နှစ်အထက်တွေအတွက် 3,000 Ks ထဲ

၁၂ နှစ်အထက်တွေအတွက် 5,000 Ks ထဲကျမှာတဲ့။ဒီဝင်ကြေးထဲမှာ ရေအဝကူးခွင့်လည်းပါပြီးသားပါနော်။

ရေကူးကန်နဲ့ နီးနီးနားနားမှာနားချင်တယ်ဆိုရင်လည်း ဂါစီဘိုလေးတွေရှိပါတယ်။ငှားခတွေကတော့ တစ်နာရီကို(၂၀၀၀)ကျပ် သုံးနာရီ(၅၀၀၀)ကျပ် တစ်နေ့လုံးငှားမယ်ဆိုရင်တော့ (၁၀၀၀၀)ပဲကျမှာပါတဲ့။တစ်လုံးကို (၇)ယောက်ကနေ (၁၀)ယောက်အထိထိုင်လို့ရပါတယ်။စစဖွင့်ချင်းအထိမ်းအမှတ်အနေနဲ့ ဂါစီဘိုငှားခနဲ့ဝင်ကြေးကို(၂၀%)လျော့ပေးဦးမှာပါ။

စားစရာလေးတွေကလည်းစျေးချိုချိုနဲ့ရမယ့်အပြင် ထူးခြားချက်ကတော့ ကျွဲကောသီး၊သံပုရာသီးနဲ့ ပိန္နဲသီး သဘာဝအော်ဂဲနစ်အသီးလေးတွေကို လတ်လတ်ဆတ်ဆတ် ခူးစားလို့ရတာပါ။ သောက်မယ်ဘာညာဆိုရင်လည်းရပါတယ်တဲ့။ ရောင်းတော့မရောင်းပါဘူး ကိုယ်အစီအစဥ်နဲ့ကိုယ်ယူလာရမှာပါ။ Charges လေးတော့ရှိတာပေါ့နော်။ 

ညအိပ်ညနေမရသေးပေမယ့် မနက်(၉)ကနေ ညနေ(၆)အထိဖွင့်ထားတယ်ဆိုတော့ တစ်နေကုန်အပန်းဖြေလို့ရပါတယ်။ရန်ကုန်ဘက်က လာမယ်ဆိုရင်တော့ပန်းဆိုးတန်းကနေ ဇတ်‌လေးကူးပြီး ဒလကနေ တုတ်တုတ်လေးစီးပြီး လာရမှာဖြစ်ပါတယ်နော်။

အဖွဲ့လိုက်စုလာလို့ကတော့ သုံးသောင်းမကျော်ဘဲအပန်းဖြေလို့ရမှာဖြစ်ပါတယ်ဒလက လာမယ်ဆိုရင်တော့ ကားဆိုင်ကယ် 45 minutes လောက်ဆို ရောက်ပါတယ်။

လှိုင်သာယာက လာမယ်ဆိုရင်တော့ 1နာရီခွဲလောက်မောင်းရမှာပဲ ဖြစ်ပါတယ် တွံတေးတံတားကိုကျော်ပြီး.....ဘုရားငုတ္တိုလမ်းစုံမှ တွံတေးဘက်သို့ကွေ့၍ ကန်ဘဲ့ လမ်းစုံရောက်လျင် ဘယ်ဘက်ခြမ်းသို့ကွေ့ပြီး တည့်တည့်မောင်းလာရမှာပဲ ဖြစ်ပါတယ်။

⇐ Previous Next

Read 2106 times