Health & Beauty

The art of wearing contact lenses

The art of wearing contact lenses

အခုနောက်ပိုင်းမှာ မျက်ကပ်မှန်တပ်ခြင်းက ဖက်ရှင်တစ်ခုအနေနဲ့ တော်တော်ခေတ်စားလာပါတယ်။ မျက်ကပ်မှန်တပ်တဲ့ သူတွေထဲမှာ ပါဝါတွေများလို့တပ်တာရှိသလို၊ အလှအနေနဲ့လည်း တပ်တာရှိပါတယ်။ 

မျက်ကပ်မှန်တပ်သူတွေအနေနဲ့ တပ်လိုက်ရင်လှတယ်ဆိုပေမဲ့ စနစ်တကျအသုံးမပြုတတ်ရင်တော့ မျက်လုံးကိုပါ ထိခိုက်စေနိုင်ပါတယ်။ မျက်ကပ်မှန်တပ်ခြင်းက မျက်မှန်ကြောင့်ဖြစ်ပေါ်နိုင်တဲ့ ဆိုးကျိုးတော်တော်များများကို ဖြေရှင်းပြီးသားဖြစ်စေမှာပါ။ 

မျက်ကပ်မှန်တပ်ခြင်းရဲ့ ကောင်းကျိုးတွေကတော့ သင့်မျက်လုံးကိုဘောင်ခတ်ထားခြင်းမရှိတဲ့အတွက် ကြည့်ရတာကျဉ်းကျုံ့နေတာမျိုးမရှိပါဘူး။ နောက်ပြီး ရုပ်များဆိုးနေမလား၊ ဝတ်ထားတဲ့အဝတ်အစားနဲ့ လိုက်ပါ့မလားဆိုတာမျိုးလည်း စိတ်ပူစရာမလိုပါဘူး။ 

How can I tell if my contact lens is inside out | Feel Good Contacts UK

မျက်နှာမှာ မျက်မှန်ကြီးတပ်ထားစရာမလိုတဲ့အတွက်ကြောင့် လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာနိုင်ပြီး ကျွတ်ကျမှာစိတ်ပူစရာမလိုသလို မျက်မှန်ကွဲသွားလို့ နောက်တစ်လက်ထပ်လုပ်ပြီး အကုန်အကျများမယ့် ဘေးကနေလည်း ကင်းဝေးစေမှာပါ။

မျက်ကပ်မှန်တပ်ခြင်းရဲ့ ဆိုးကျိုးတွေကတော့ မျက်ကပ်မှန်တပ်တဲ့နေရာမှာ ဂရုတစိုက်တပ်ဆင်ခြင်းမရှိရင် မျက်လုံးကိုထိခိုက်စေနိုင်ပြီး ကူးစက်ရောဂါတွေလည်း ဝင်စေနိုင်ပါတယ်။ မိုးအရမ်းရွာတဲ့အချိန်မျိုးနဲ့ ရာသီဥတုဆိုးရွားတဲ့အခါမျိုးတွေ ရေကူးတဲ့အခါတွေမှာ တပ်ဆင်လို့မရနိုင်တာကတော့ မျက်ကပ်မှန်တဲ့ အားနည်းချက်လို့ပဲဆိုရမှာဖြစ်ပါတယ်။ မျက်ကပ်မှန်တပ်သူများ ဂရုပြုရမယ့် အချက်(၅)ချက် ရှိပါတယ်။

Environments | AOA

(၁) မျက်လုံးယားယံခြင်း

မျက်ကပ်မှန်မတပ်သင့်တော့တဲ့အခြေအနေတော်တော်များများဟာ မျက်လုံးထဲမှာ နေရထိုင်ရခက်တာမျိုးတွေ ကိုခံစားရစေတာမျိုးတွေပါ။ မျက်လုံးမှာ မျက်ကပ်မှန်တပ်လိုက်တဲ့ အချိန်တွေမှာ ယားယံတာတွေကို ခံစားလာရပြီဆိုရင်တော့ မျက်ကပ်မှန်ကို ဆက်ပြီးတော့ မတပ်သင့်တော့ပါဘူး၊ မျက်ကပ်မှန်နဲ့ ဓာတ်မတည့်တာမျိုးတွေ ရှိနေနိုင်တာကြောင့်မို့ပါ။

(၂) မျက်လုံးတွေပူလာခြင်း

မျက်ကပ်မှန်တပ်ထားတဲ့အချိန်မှာ မျက်လုံးတစ်ခုလုံးပူလာပြီဆိုရင်တော့ မျက်ကပ်မှန်ကို ဆက်မတပ်သင့်တော့ပါဘူး။

(၃) အာရုံကြောလေးခြင်း

မျက်ကပ်မှန်တပ်တဲ့အချိန်မှာလည်း ခေါင်းကိုက်တာတွေကို ခံစားရလာနိုင်ပါတယ်။ ကိုယ်နဲ့မကိုက်ညီတဲ့ မျက်ကပ်မှန်ကို တပ်ထားမိသောကြောင့်လည်းဖြစ်နိင်ပါတယ်။ အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေသုံးခြင်းဟာလည်း ခေါင်းကိုက်စေနိုင်ပါတယ်။

How to put in contact lenses for the first time | FGC Blog

(၄) မျက်လုံးနီရဲလာခြင်း

မျက်လုံးတွေနီရဲလာပြီဆိုရင်တော့ မျက်လုံးထဲကို ဘတ်တီးရီးယား ဝင်ရောက်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

(၅) မျက်လုံးခြောက်ခြင်း

မျက်ကပ်မှန်တပ်တာကြောင့် တော်တော်များများမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုကတော့ မျက်လုံးအိမ်ခြောက်သွေ့လာတာပါ။

မျက်မှန်ရော မျက်ကပ်မှန်ပါ တပ်စရာမလိုတဲ့ မျက်လုံးကိုလေဆာပစ်တဲ့ တတိယရွေးချယ်မှုတစ်ခုလည်းရှိနေပါသေးတယ်။ ဒါ့ကြောင့် မျက်မှန်နဲ့ မျက်ကပ်မှန် ဘယ်ဟာက ကိုယ့်အတွက်သင့်တော်မလဲဆိုတာကို ကိုယ်တိုင်သေချာ ဂရုတစိုက် ရွေးချယ်သင့်ပါတယ်။

⇐ Previous Next

Read 1359 times