Health & Beauty

Why do you need water after a workout?

Why do you need water after a workout?

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ပျှမ်းမျှရေဓာတ် ၇၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။ နောက်ပြီး သွေးလည်ပတ်မှုတွေကောင်းမွန်ဖို့အတွက်ကလည်း ရေဓာတ်လုံလောက်မှုရှိနေသင့်ပါတယ်။ workout လုပ်တယ်ဆိုတာ gym ဆော့မှ workout မဟုတ်ပါဘူး။

တစ်နေ့တာလှုပ်ရှားမှုထက်ပိုတဲ့ လုပ်ဆောင်ချက်တွေကလည်း workout တစ်မျိုးလို့ ယူဆနိုင်ပါတယ်။ အကယ်၍ သင်က ခန္ဓာကိုယ်ကို အရမ်းအသုံးပြုလိုက်ပြီး ရေဓာတ်ပြန်လည်အဖြည့်ပေးပါက ရေဓာတ်ကုန်ဆုံးကြောင်း လက္ခဏာတွေ ပြသပါလိမ့်မယ်။ အဲ့တာတွေကတော့ ... 

၁။ အကြောတက် ဇက်ကြောထိုးခြင်း

ကြွက်သားအရွတ် နာကျင်ခြင်းက သင့်ကို ရေဓာတ် ၈၀ ရာခိုင်နှုန်း လျော့နည်းနေလို့ ဖြစ်ပါတယ်။ ရေဓာတ်လျော့နည်းခြင်းကြောင့် အရိုးတွေ တစ်ခုနဲ့တစ်ခု ပွတ်တိုက်မိခြင်းကြောင့် နာကျင်ခြင်းများ ဖြစ်စေပါတယ်။

၂။ အစာစားချင်စိတ် ပြင်းပြခြင်း

အလွန်အမင်း ဆာနေတယ်ဆိုရင် ရေကို နည်းနည်းခြင်းစီ သောက်ပေးပါ။ ခန္ဓာကိုယ်မှ ဦးနှောက်သို့ သတင်းပေးပို့တာကြောင့် အစားစာချင်စိတ် ပေါ်လာတာဖြစ်ပါတယ်။

၃။ ခံတွင်း အနံဆိုးထွက်ခြင်း

ခံတွင်းအနံဆိုးထွက်ခြင်းက ရောဂါလက္ခဏာ တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ တံတွေးအလုံအလောက် မရှိခြင်းကြောင့် ဘက်တီးရီးယားပိုးမွှားတွေ ဖြစ်ပေါ်စေပြီး အနံဆိုးများ ဖြစ်ပေါ်စေပါတယ်။ ခံတွင်းထဲရှိတံတွေးက သွားများပျက်စီးခြင်းနှင့် သွားကြားရှိ အစာအကြွင်းအကျန်များကို ဖယ်ရှားပေးပါတယ်။

Top 6 benefits of water intake for your daily fitness regimes

၄။ နှလုံးရောဂါ

ရေဓာတ်လျော့နည်းခြင်းကြောင့် နှလုံးအားနည်းခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေ ဖြစ်ပေါ်စေပါတယ်။ သွေးလည်ပတ်မှု လျော့ချစေခြင်းဖြင့် နှလုံးခုန်နှုန်းက လျော့နည်းစေပါတယ်။

၅။ မောပန်းနွမ်းနယ်ခြင်း

အရည်ဓာတ် လျော့နည်းလည်း သွေးဖိအားလျော့နည်းခြင်းနှင့် သွေးတိုးခြင်းများ ဖြစ်ပေါ်စေပါတယ်။ ထို့အပြင် နှလုံးစွမ်းအင်က ဦးနှောက်၊ ကြွက်သားနှင့် အရေပြားတွေဆီကို ပို့ပေးရပါတယ်။ ဒါ့ကြောင့် အောက်စီဂျင်နှင့် အာဟာရဓာတ်တွေ ပိုမိုလိုအပ်လာပြီး ပင်ပန်းနွမ်းနယ်မှုတွေ လုပ်ချင်ကိုင်ချင်စိတ်မရှိမှုတွေ ဖြစ်ပေါ်စေပါတယ်။

၆။ ခေါင်းကိုက်ခြင်း

ရေဓာတ်လျော့နည်းသောအခါ ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်လျော့နည်းတာကြောင့် ဦးနှောက်တစ်သျူးအလုပ်လုပ်မှု သက်တောင့်သက်သာ မရှိတော့ပါဘူး။ ဦးနှောက်က ရေခမ်းခြောက်သောအခါ ဦးခေါင်းခွံကို ဆွဲထားသလိုဖြစ်တာကြောင့် ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။

၇။ ဝမ်းချုပ်ခြင်း

ရေဓာတ်လျော့နည်းခြင်းက အစာချေမှုကို လျော့နည်းစေပြီး ဝမ်းချုပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ နောက်ပြီး အမျှင်ဓာတ်အားနည်းခြင်းကလည်း ဝမ်းချုပ်စေပါတယ်။

၈။ နှုတ်ခမ်းနဲ့ အသားအရေခြောက်ခြင်း

ရေဓာတ်ကုန်ဆုံးတာနှင့်အတူ အသားအရေများကလည်း ခြောက်သွေ့လာပါတယ်။ အရေးပြားအတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားမပေးနိုင်ခြင်း၊ အရေပြားအဆီများကိုလည်း ဖယ်ရှားပေခြင်းတို့ ဖြစ်ပေါ်စေပါတယ်။

How to Stay Energized During a Workout | POPSUGAR Fitness

နေရာတိုင်းမှာ တန်ဆေးလွန်ဘေးဆိုတာကလည်းရှိပါတယ်။ ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကြောင့်ဆိုပြီး ရေကိုအလွန်အကျွံသောက်သုံးခြင်းကလည်း သင့်ကို smart မဖြစ်စေပါဘူး။ ရေဓာတ်ခန်းခြောက်မှု ပြဿနာကို လူတိုင်းလိုလို သိပြီးသားဖြစ်ပြီး ရေအလွန်အကျွံသောက်သုံးမှုရဲ့ အန္တရာယ်ကိုတော့ သိပ်မသိကြသေးပါဘူး။ ရေအလွန်အကျွံသောက်သုံးမှုကြောင့် ဖြစ်ပေါ်ခံစားရနိုင်မှုတွေကိုလည်း သိထားသင့်ပါတယ်။

၁။ ခေါင်းကိုက်စေနိုင်ခြင်း

အချိန်ခဏအတွင်းမှာ ရေအလွန်အကျွံသောက်သုံးတာက ဦးနှောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး ခေါင်းကိုက်မှုကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

၂။ ဆီးသွားများခြင်း

ခန္ဓာကိုယ်က ရေဓာတ်ပမာဏကို ထိန်းညှိဖို့နဲ့ ပိုလျှံနေတဲ့ ရေဓာတ်ကို ဆီးကနေတစ်ဆင့် စွန့်ထုတ်ဖယ်ရှားဖို့အတွက် ထိရောက်တဲ့ ကိုယ်တွင်း အင်္ဂါစနစ်တစ်ခု ရှိပြီး ဆီးခဏခဏသွားတာကို ဖြစ်ပေါ်ခံစားရစေပါတယ်။

၃။ နှလုံးဝန်ပိစေခြင်း

သောက်သုံးလိုက်တဲ့ ရေဓာတ် ၈၀ ရာခိုင်နှုန်းကို အမြှေးဖြတ်စိမ့်ခြင်း (osmosis) လို့ ခေါ်တဲ့ ဖြစ်စဉ်တစ်ခုကနေ တစ်ဆင့် အူသိမ်က စုပ်ယူလိုက်ပါတယ်။ ရေအလွန်အကျွံသောက်တာက သွေးပမဏကို တိုးစေတာကြောင့် နှလုံးကို အလွန်အကျွံဝန်ပိစေပြီး လေသင်တန်းဖြတ်တာတွေကိုပါ ခံစားရစေနိုင်ပါတယ်။

MultiBrief: Why is the sports drink market slowing down?

၄။ သွေးတွင်း ဆိုဒီယမ်ပမာဏလျော့နည်းစေခြင်း

ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပမာဏများလာတဲ့အခါ ပိုလျှံနေတဲ့ ရေဓာတ်ကို စွန့်ထုတ်ပြီး သင့်တင့်တဲ့ ရေပမာဏရစေဖို့အတွက် ခန္ဓာကိုယ်က ပင်ပင်ပန်းပန်း လုပ်ဆောင်ရပါတယ်။ရေအလွန်အကျွံသောက်သုံးတာက သွေးတွင်းဆိုဒီယမ်ပမာဏကို ကျဆင်းစေပြီး ဆဲလ်တွေမှာ စီးဆင်းနေတဲ့ သွေးတွေထဲကို ရေတွေရောက်ရှိသွားကာ ဦးနှောက်အတွင်း ရောင်ရမ်းမှုကို ဖြစ်ပေါ်ခံစားစေရတယ်။

၅။ ကြွက်တက်စေခြင်း

ရေအလွန်အကျွံသောက်သုံးတာက ခန္ဓာကိုယ်ရဲ့လျှပ်လိုက်ရည် ပမာဏကို ကျဆင်းစေပါတယ်။ ကိုယ်တွင်းလျှပ်လိုက်ရည် ပမာဏ မမျှတမှုက ကြွက်သားများ ရုတ်တရက် ကျုံ့တက်ခြင်းနဲ့ ကြွက်တက်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။

⇐ Previous Next

Read 1321 times