Health & Beauty

How can you prevent the symptoms that most gamers have?

How can you prevent the symptoms that most gamers have?

လူအများစုဟာ ဖုန်းတွေ၊ ကွန်ပျူတာတွေ အကြည့်များလာတာကြောင့် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အမြင်အာရုံ ထိခိုက်ပျက်စီးသူတွေ၊ မျက်မှန်တပ်ရသူတွေ ပိုများလာနေတာကို တွေ့ရပါတယ်။ နောက်ပြီး Game ဆော့တဲ့သူတွေအနေနဲ့လည်း ကြာကြာထိုင်မိလို့ အညောင်းမိတာတွေ၊ အိပ်ရေးပျက်တာတွေ ရှိပါတယ်။ ဒါတွေကို ဘယ်လိုကာကွယ် ဖြေရှင်းကြမလဲ?

Game ဆော့ရင်း ကွန်ပျူတာအမြဲကြည့်ရတဲ့သူတွေ၊ ဖုန်းအမြဲကြည့်တဲ့ သူတွေအနေနဲ့ ဒီနည်းလမ်းတွေကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

-ကွန်ပျူတာအကြည့်များသူတွေအနေနဲ့ တစ်နေကုန်တောက်လျှောက် ကွန်ပျူတာကို မကြည့်ပါနဲ့။ နှစ်နာရီခြား (သို့) သုံးနာရီခြားတစ်ခါလောက် မျက်လုံးကို မိနစ်အနည်းငယ်လောက် မှိတ်ပြီး အနားပေးပါ။ တောက်လျောက် ကွန်ပျူတာကို စိုက်ကြည့်နေရတာကြောင့် မျက်လုံးမှာရှိတဲ့ ကြွက်သားတွေမှာ ဒဏ်ဖြစ်တာ၊ မျက်စိညောင်းတာတွေ ရှိတတ်ပါတယ်။

-မျက်မှန်တပ်တဲ့ သူတွေဆိုရင် တစ်ချိန်လုံး မျက်မှန်တပ်မထားပဲ ခဏချွတ်ပါ။ ပြီးရင်မျက်လုံးနားတစ်ဝိုက်ကို ညင်ညင်သာသာနှိပ်နယ်ပေးပါ။ မျက်ဆန်ကို လက်ချောင်းထိပ်လေးနဲ့ဖြည်းဖြည်းလေး ဖိပေးပါ။ ညင်ညင်သာသာလေး လုပ်ပေးပါ။

-အမြင်အာရုံအတွက် အားကောင်းစေတဲ့ အစားအစာ များများစားပါ။ မျက်လုံးကို ကြည်လင်စေတဲ့ မျက်စင်းမျိုးကို ရွေးချယ်ဝယ်ယူပြီး ခပ်ပေးတာမျိုး လုပ်ပါ။

-ကွန်ပျူတာအကြည့်များသူတွေအနေနဲ့ ပိုအရေးကြီးပါတယ်။ အနီးတွေကိုပဲ ကြည့်တာများနေတဲ့အတွက် အပြင်ထွက်လမ်းလျှောက်တဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် ခပ်ဝေးဝေးကို လှမ်းကြည့်တာမျိုးလုပ်ပေးပါ။

-မျက်လုံးရဲ့ အမြင်အာရုံကို အရမ်းပျက်စီးစေပါတယ်။တစ်ချို့ဆိုရင် မှီးမှိတ်ထားတဲ့ အခန်းထဲမှာ ဖုန်းကြည့်တာမျိုးတွေ ရှိတတ်ပါတယ်။လုံးဝမလုပ်ပါနဲ့။မအိပ်ခင် နှစ်နာရီလောက်အလိုတည်းက ဖုန်း၊ကွန်ပျူတာ လုံးဝမကြည့်ပါနဲ့။

အထိုင်များတာကြောင့်လည်း ခါးနာတတ်သလို ခါးတစ်ခါနာဖူးပြီဆိုရင် ဒဏ်ဖြစ်ပြီး မကြာခဏဆိုသလို ခါးနာတတ်လေ့ရှိပါတယ်။ ခါးနာတတ်တဲ့သူတွေအတွက် လိုက်နာရမယ့်သဘာဝနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

-လူတစ်ယောက်မှာ တစ်နေ့ကို ၈ နာရီထက် ပိုအိပ်တဲ့သူတွေ/ထိုင်နေတဲ့သူတွေဟာ ခါးနာတတ်ကြပါတယ်။ ဒါ့ကြောင့် ခါးနာတတ်တဲ့သူတွေဟာ အိပ်ယာပေါ်မှာ ခဏခဏလဲနေတာမျိုး/တစ်နေကုန်ထိုင်ပြီး Game ဆော့နေတာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။ 

-ကြွက်သားတွေ သန်မာစေတဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေစားပေးပါ။ အစား အလွန်အကျွံစားတာကလည်း ခါးနာစေပါတယ်။ ကိုယ်အလေးချိန်တက်ပြီး နောက်ကျောကို ဖိအားပေးသလိုဖြစ်လို့ ခါးနာစေပါတယ်။ ဒါ့ကြောင့် လတ်ဆတ်တဲ့ အသီးအရွက်တွေကို များများစားပြီး အသင့်စားအစားအစာတွေကို ရှောင်ပါ။

-ခါးနာတတ်တဲ့သူတွေအတွက် အကောင်းဆုံးဆေးနည်းကတော့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးရတာ ဖြစ်ပါတယ်။ တစ်နေ့ကို မိနစ် ၂၀ – ၃၀ လောက် လမ်းလျှောက်ပေးတာမျိုး တင်းနစ်တို့လို အားကစား တစ်ခုခုကို လုပ်ပေးတာမျိုး လုပ်သင့်ပါတယ်။

-တစ်ခုခုကို မမယ် ကောက်မယ် ဆိုတဲ့နေရာမှာ သတိထားပါ။ ကုန်းပြီးကောက်တာမျိုးကို ရှောင်ပြီး ဒူးကွေး၍ တစ်ခုခုကို ကောက်ယူပါ။ မပါ။

-အိပ်ချိန်များလွန်းတာဟာ ခါးနာစေပါတယ်။ အိပ်စက်ခြင်းက လူတစ်ယောက်အတွက် အရေးကြီးတာမှန်ပေမယ့် အလွန်အကျွံ အိပ်စက်မယ်ဆိုရင် နောက်ကျောနာကျင်စေပါတယ်။ ခါးနာတာသက်သာစေဖို့အတွက် အိပ်တဲ့ပုံစံကို လည်း သတိထားပါ။

-ခါးနာနေတာကို သက်သာစေဖို့ ရေခဲကပ်ပေးတာမျိုး အပူအိတ်ကပ်ပေးတာမျိုးလုပ်ပေးပါ။

What Staring at a Computer Screen All Day Does to Your Eyes | Mental Floss

Game ဆော့နေခြင်းကြောင့် အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ်ပြီး ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှု နဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက်စေပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမားစွာ ထိခိုက်စေနိုင်ပါတယ်။

-အိပ်ချိန်နောက်ကျခြင်းဟာ ဦးနှောက်ကို ဆိုးရွားစွာ သက်ရောက်မှု ရှိပါတယ်။ ဦးနှောက် ရဲ့လုပ်ဆောင်မှုဟာ ခက်ခဲလာပြီး မကြာခဏ ခေါင်းကိုက်ခြင်းတွေ ကြုံရလေ့ရှိပါတယ်။ ဒါ့အပြင် နောက်ကျော ကိုက်ခဲခြင်းတွေကိုလည်း ကြုံတွေ့ရလေ့ ရှိပါတယ်။ နောက်ပြီး အဆက်မပြတ် ချောင်းဆိုးခြင်းနဲ့ အဖျားဝင်ခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။

-စိတ်ဖိစီးမှု လက္ခဏာတွေဟာ အိပ်စက်ချိန် သင့်တင့်လျောက်ပတ်မှု မရှိခြင်း၊ စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်းနဲ့ သတိမေ့ တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျား ဖြစ်မှုတွေကို ဖြစ်ပေါ်စေ တတ်ပါတယ်။ နောက်ကျမှ အိပ်တတ်သူတွေဟာ အိပ်ဆေးတွေကို မှီဝဲနေရခြင်းက နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို ထပ်မံမြင့်တက်စေပါတယ်။

-မျက်ကွင်းညိုခြင်းဟာလည်း အိပ်ချိန်လုံလောက်မှု မရှိခြင်းနဲ့ အိပ်စက်ချိန် ပုံမှန်မရှိခြင်း တို့ကြောင့် ဖြစ်ပါတယ်။ ညဉ့်နက်တဲ့ တိုင်အောင် အလုပ်လုပ်ခြင်းနဲ့ နံနက်ပိုင်းမှာ အိပ်ရာထ နောက်ကျခြင်းတို့ကြောင့် ဒီလိုမျက်ကွင်း ညိုခြင်းတွေ ဖြစ်ပေါ်တတ်တာပါ။ ဝက်ခြံနဲ့တခြားသော အရေပြားဆိုင်ရာ ပြဿနာတွေဟာ အိပ်စက်ချိန်နဲ့ သက်ဆိုင်တဲ့ အားနည်းမှုတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

-ပုံမှန်အားဖြင့် အိပ်ရာဝင် နောက်ကျတဲ့ သူတွေဟာ နံနက်စောစောတွင် စားသောက်လေ့ မရှိပါဘူး။ ဒါကြောင့် ဒီလိုလူတွေဟာ အလုပ်ချိန်မှာ အမြန်စာ Fast Food တွေကို အများအပြား စားမိလေ့ရှိပါတယ်။ သရေစာတွေကိုလည်း အများအပြား စားလေ့ရှိပါတယ်။ ညဉ့်နက်တဲ့အထိ နေလေ့ ရှိသူတွေဟာလည်း ဆိုဒါ၊ အချိုရည်နဲ့ အခြားအဆီ ပါဝင်တဲ့ အစားအစာ တွေကို စားသောက်လေ့ ရှိခြင်းကြောင့် အဝလွန်တာဖြစ်ပါတယ်။

410 Exhausted Gamer Stock Photos, Pictures & Royalty-Free Images - iStock

လူတွေဟာ အိမ်မှာ၊ အလုပ်မှာ၊ Gameတွေဆော့နေတုန်းမှာ ထိုင်နေရင်း နဲ့ အချိန်ကုန်လေ့ရှိကြတာမို့ တီဗီ ရှေ့ထိုင်တာပဲဖြစ်ဖြစ်၊ အလုပ်စားပွဲမှာ ထိုင်တာပဲဖြစ်ဖြစ် ကျန်းမာရေးဆိုးကျိုးတွေရှိနိုင်ပါတယ်။

-အထိုင်များပြီး အလှုပ်အရှား လည်းမရှိ၊ လေ့ကျင့်ခန်းလည်း မလုပ်ခဲ့ရင် ခန္ဓာကိုယ်က အဆီ တွေကို ဘယ်လိုမှ မချေဖျက်နိုင် ဘဲ ဝမ်းဗိုက်တစ်ဝိုက်၊ ခါးတစ်ဝိုက် မှာ အဆီတွေစုပြီး ဗိုက်ပူလာကာ ကိုယ်အလေးချိန်တွေပါ တက်လာစေပါတယ်။

-အချိန်အကြာကြီးထိုင်နေခြင်းက ကိုယ်တွင်းအင်္ဂါတွေကို ဆိုးကျိုးပေးနိုင်ပြီး အထူးသဖြင့် နှလုံးကို ဒုက္ခပေးနိုင် ပါတယ်။ တစ်နေရာတည်းမှာ နာရီပေါင်းများစွာ ကြာအောင် ထိုင်နေတာဟာ သွေးလည်ပတ်မှုမကောင်းစေဘဲ ကိုလက်စထရောပမာဏကို လည်း များစေကာ သွေးတိုးရောဂါကိုလည်း ဖြစ်စေနိုင်တယ်လို့ဆိုပါ တယ်။

-ပုံစံမမှန်ဘဲ တစ်ချိန်လုံးထိုင် နေခြင်းကလည်း လည်ပင်းနဲ့ နောက်ကျောကို ဒုက္ခပေးပြီး နာတာရှည်ပုံစံမျိုးအထိ ဖြစ်စေနိုင်ပါ တယ်။ အထိုင်များရာကနေ ဆီးချို ရောဂါလည်း ဖြစ်လာနိုင်ခြေရှိ တယ်လို့ ဆိုပါတယ်။

-တစ်ချိန်လုံးထိုင်ပြီး Game ဆော့နေတဲ့ အနေအထားကနေ အဆုတ်၊ သားအိမ်၊ အူမနဲ့ ပရော့ စတိတ်ကင်ဆာ စတာတွေဖြစ်နိုင် ခြေရှိတယ်လို့ဆိုပါတယ်။

-အချိန်ကြာကြာထိုင်ခြင်းဟာ ဦးနှောက်ဆီပို့တဲ့ အောက်ဆီဂျင်နဲ့ သွေးလည်ပတ်မှုကို ဆိုးကျိုးပေး ပြီး ဦးနှောက်လုပ်ငန်းစဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။ အချိန် တွေကြာလာတာနဲ့အမျှ ဦးနှောက် ခြောက်ကာ အာရုံစူးစိုက်နိုင်စွမ်းတွေ လျော့ကျစေပါတယ်။

-နာရီပေါင်းများစွာကြာအောင် မလှုပ်မယှက်ထိုင်နေရင်း နဲ့ ကြွက်သားများ သန်စွမ်းကျန်း မာမှုကို ထိခိုက်စေပါတယ်။ အကြာကြီးထိုင်နေခြင်းက ခြေထောက် သွေးကြောပိတ်လာကာ နာကျင် ခံစားရစေပါတယ်။

ဒါကြောင့်မို့ မလှုပ်မယှက် အချိန်အကြာကြီးထိုင်ပြီး Game ဆော့နေမယ့်အစား လမ်းလျှောက်တာမျိုး၊ လေ့ကျင့်ခန်း လုပ်တာမျိုး၊ ယောဂလုပ်တာမျိုး စသဖြင့် လှုပ်လှုပ် ရှားရှားလေး နေပေးဖို့လိုအပ်ပါတယ်။

The health effects of too much gaming - Harvard Health

⇐ Previous Next

Read 1356 times