Entertainment

Song - Song Couple

Song - Song Couple

ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးနဲ့ မင်းသားတွေ ဖြစ်ကြတဲ့ Song Hay Kyo နဲ့ Song Joon Ki တို့ လမ်းခွဲပြီးနောက်ပိုင်း မင်းသား Song Joon Ki ရဲ့ ပထမဆုံး ကိုရီးယား ဇာတ်လမ်းတွဲအသစ်ဟာ ယခု ဖေဖော်ဝါရီလမှာ စတင်ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။

မင်းသား Song Joon Ki နဲ့ မင်းသမီး Song Hay Kyo ဟာ နာမည်ကြီး ကိုရီးယား ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Decendent Of The Sun ပြီးနောက် ချစ်ကြိုက်ခဲ့ကြပြီးတော့ လအနည်းအငယ် အကြာမှာပဲ လက်ထပ်ထိမ်းမြားခဲ့ကြတာပါ။

လိုက်ဖက်တဲ့ Idol စုံတွဲမို့ Song - Song Couple လို့ ပရိတ်သတ်တွေက ချစ်စနိုး ခေါ်တွင်ခဲ့ကြတဲ့ သူတို့ အတွဲဟာ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ အိမ်ထောင်ရေး အခြေအနေ အဆင်မပြေဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး အခုချိန်မှာတော့ (၂)ဦးသဘောတူ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။

လမ်းခွဲပြီးနောက် Song Joon Ki ဟာ လအတန်ကြာ K Drama လောက ကနေ ပျောက်ကွယ်သွားတာ ဖြစ်ပြီး အခု (၂၀၂၁) ခုနှစ် ရောက်မှ ဇာတ်လမ်းတွဲအသစ်နဲ့အတူ ပရိတ်သတ်တွေဆီ ပြန်လည် ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

ပြန်လည်ထွက်ပေါ်လာတဲ့ Song Joon Ki ရဲ့ ဇာတ်လမ်းတွဲ အသစ်နာမည်ကတော့ Vincenzo လို့ အမည်ရပါတယ်။ ဒီဇာတ်လမ်းလေးကိုတော့ ဖေဖော်ဝါရီလ (၂၀)ရက်နေ့က စတင်ပြီး အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့ ည(၉)နာရီမှာ စတင်ထုတ်လွှင့်တော့မှာ ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲမှာ ပါဝင်မယ့် Cast တွေကတော့ Song Joon Ki, Jeon Yeo Bin, Ok Taecyeon, Kwak Dong Yeon, Kim Yeo Jin စတဲ့ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဇာတ်လမ်းတွဲကိုတော့ TvN ရုပ်သံလိုင်းကနေ ပြသမှာပါ။

ဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းကိုလည်း အနည်းငယ် ပြောပြပေးချင်ပါတယ်။

ဇာတ်လမ်းလေးကတော့ Park Joo Hyeong ဆိုတဲ့ ကောင်လေးဟာ (၈)နှစ်သားအရွယ်ကတည်းက မွေးစားခံရပြီး အီတလီကို ပြောင်းရွှေ့ခဲ့ရပါတယ်။ အရွယ်ရောက်တဲ့အခါ Vincenzo ဆိုတဲ့ နာမည်နဲ့ ရှေ့နေ့တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဒီလိုနဲ့ Vincenzo ဆိုတဲ့ ရှေ့နေလေးဟာ တစ်နေ့မှာ လူဆိုးဂိုဏ်းတစ်ခုအတွက် ရှေ့နေ့လိုက်ပေးရတဲ့ အချိန်ကို ရောက်လာပါတယ်။ ဒီလိုရှေ့နေလိုက်ပေးရာကနေ လူဆိုးတွေရဲ့ ရန်ပွဲကြား ညှပ်သွားခဲ့ပြီးနောက် သူတို့ကို ရှောင်တိမ်းဖို့ ကိုရီးယားနိုင်ငံကို ရောက်ရှိလာပါတော့တယ်။

ကိုရီးယားရောက်တဲ့အခါ အမှုစစ်တစ်ဦးဖြစ်တဲ့ Hong Cha Yaung (Jeon Yeo Bin) နဲ့ အမှတ်မထင် တွေ့ဆုံရာကနေ ချစ်ခြင်း၊ မုန်းခြင်းနဲ့ ရသစုံလင်တဲ့ ကိုရီးယားဒရမ်မာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်တည်လာပါတော့တယ်။

ဒီတော့ ရှောင်တိမ်းလာတဲ့ အီတလီက ရှေ့နေလေးနဲ့ ကိုရီးယားသူ အမှုစစ်မလေးတို့ ဘယ်လိုတွေရှေ့ဆက်ပြီး ဘယ်လောက်တောင် Ro ကြမလဲဆိုတာကို ဇာတ်လမ်း စတင် ထုတ်လွှင့်တဲ့အခါ ဆက်လက်စောင့်မျှော် ကြည့်ရှုနိုင်ပါတယ်နော်။

⇐ Previous Next

Read 1303 times