Shopping & Promos

Success Thai Body Massage Buy (1) Get (1)

Success Thai Body Massage Buy (1) Get (1)

ဘ၀ရဲ့ သက်တမ်းတစ်ဝက်လောက်က အကြောတက်၊ ညောင်းညာကိုက်ခဲရင်းပဲ ကုန်ဆုံးနေရတဲ့ ကိုယ့်လို အကြောတင်းလေးတွေအတွက် Success Thai Traditional Massage ဆိုင်က ပေးထားတဲ့ Buy (1) Get (1) ပရိုမိုးရှင်းလေးကို မျှဝေပေးချင်ပါတယ်။

ကိုယ်လက်ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေလျော့ချင်တယ်ဆိုရင်၊ အနှိပ်ခံချင်တယ်ဆိုရင်၊ ဇိမ်ယူချင်တယ်ဆိုရင် သူငယ်ချင်း နှစ်ယောက်သွားပြီး ၁၀,၀၀၀ တန် Body Massage ကို တစ်ယောက် ၅,၀၀၀ ကျပ် သုံးပြီး (၁) နာရီ အချိန်ပေးလိုက်ရုံပါပဲ။ 

Advertisement

Click Here > Myanmar Lift Group

ဒီဆိုင်ရဲ့ ရနိုင်တဲ့ Service တွေကတော့ - 

Body massage (60mins)- 10,000

Foot massage (60mins)- 8,000

Oil massage (60mins)- 18,000

Wifi လေး ဖရီးသုံးရင်း ဆိုင်က ဧည့်ခံပေးတဲ့ ကော်ဖီ၊ အအေးနဲ့ ရေနွေးကြမ်းလေး သောက်ပြီး အညောင်းညာဖြေ အနှိပ်ခံရင်း ခန္ဓာကိုယ်နဲ့ စိတ်ကို ခဏ အနားပေးလို့ရပါတယ်။ 

ခန္ဓာကိုယ် အနှိပ်ခံခြင်းက ညောင်းညာမှုကို ပြေရုံတင်မဟုတ်ဘဲ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေပါ ရနိုင်ပါတယ်နော်။ တစ်ကိုယ်လုံး နှိပ်နယ်ခြင်းက ကြွက်သားတစ်ရှူးတွေ ပျက်စီးခြင်းကြောင့် ဖြစ်တဲ့ နာကျင်ခြင်းကို သက်သာစေပြီး သွေးလည်ပတ်မှု ကောင်းစေပါတယ်။ 

စိတ်ဖိစီးမှုဟော်မုန်း ပမာဏကို လျှော့ချပေးလို့ အနှိပ်ခံပြီးရင် ပေါ့ပါးလန်းဆန်းမှုကို ရရှိစေမှာပါ။ နှိပ်နယ်ခြင်းဟာ ချွေးထွက်စေတာမို့ ကိုယ်အတွင်း အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။

၅ ယောက်ခန်း၊ ၆ ယောက်ခန်းတွေ သီးသန့်ရှိတာကြောင့် သူငယ်ချင်းတွေ၊ မိသားစုတွေ အတူတူစုပြီး သွားလည်း အဆင်ပြေပါတယ်။ ဝန်ဆောင်မှုက အမျိုးသားအတွက်ရောက် အမျိုးသမီးအတွက်ပါ ရပါတယ်။ သက်ကြီးရွယ်အိုးတွေအတွက် အိမ်ခေါ်နှိပ်ချင်တယ်ဆိုရင်လည်း ဆိုင်ရဲ့ နီးစပ်ရာနေရာတွေဆို ဝန်ဆောင်မှုပေးပါသေးတယ်။

ပရိုမိုးရှင်းရက်က ဩဂုတ်လကုန်အထိ ရှိမှာဆိုတော့ ရုံးသမားတွေအတွက် ပိတ်ရက်မှ သွားရင်လည်း ရပါတယ်။ အချိန်ကတော့ (၉) ခွဲကနေ (၂) နာရီအတွင်း သွားမယ်ဆိုမှ Buy (1) Get (1) ပရိုမိုးရှင်းကို ရမှာပါ။ မသွားခင် ဖုန်းကြိုဆက်ပြီး ဘိုကင်လုပ်ဖို့တော့ မမေ့ပါနဲ့။ 

Open daily - 9:30am to 9:00pm 

No-1 Success

အမှတ်-(355)၊ တပင်ရွှေထီးလမ်း၊သမိုင်း(၁)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်။

09751625849 

No-2 Perfect

အမှတ်-(၂၄)ဘီ၊ မကြီးကြီးလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။

09751625451 

⇐ Previous Next

Read 929 times