Entertainment

The Best 2022 Kdramas

The Best 2022 Kdramas

၂၀၂၁ မှာ ထွက်ခဲ့သမျှ ကိုရီးယားဇာတ်လမ်းတွဲတိုင်း Rating (ကြည့်ရှုနှုန်း) ကောင်းပြီး ပရိသတ်ရင်ထဲ ရောက်ခဲ့ပါတယ်။ (အထူးသဖြင့် မင်းသားတွေပေါ့)

၂၀၂၂ မှာလည်း ဘယ် K-drama ကားတွေက လူငယ်တွေကြား Hit ဖြစ်နေလဲ?? ဇာတ်လမ်းဇာတ်ကွက်ကရော ဘယ်လောက်ထိ ဆွဲဆောင်မှုရှိလဲ?? ဆိုတာကို ဒီနေ့မှာ ပြောပြပေးသွားပါမယ်။ မကြည့်ရသေးတဲ့သူတွေအတွက်လည်း အဆင်ပြေအောင် Spoil တာမျိုးမဟုတ်ဘဲ Review သဘောမျိုးပဲ မျှဝေသွားမှာပါ။

ကိုယ်သဘောကျနေရတဲ့ K-Drama Series လေးတွေရောပါမလား ဆက်ကြည့်ရအောင်နော်!

၁။ Extraordinary Attorney Woo

Extraordinary Attorney Woo ဇာတ်လမ်းတွဲဟာဆိုရင် ကြည့်ရှုနှုန်း ၉.၃% ထိ ရထားတဲ့ တောင်ကိုရီးယားရဲ့ အအောင်မြင်ဆုံး ရှေ့နေကားလေးပါ။ ကြည့်ရှုနှုန်းများနေတဲ့ ဒီဇာတ်လမ်းတွဲလေးကို အမေရိကန်‌ဗာရှင်းရိုက်ဖို့ အမေရိကန်ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကတောင် ကမ်းလှမ်းခဲ့ပါတယ်။

ဇာတ်လမ်းက IQ အရမ်းမြင့်ပြီး EQ နိမ့်တဲ့ Autism စိတ်ဝေဒနာ ခံစားနေရတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပါ။ ပေါင်းသင်းဆက်ဆံရေးမှာ စိတ်မတည်မငြိမ်ဖြစ်တတ်တဲ့ ကောင်မလေးက လူတွေအများကြီးကြားမှာ အမှုစစ်ဆေးရတဲ့ ရှေ့နေမလေးဖြစ်လာတဲ့အခါ သူဘယ်လိုတွေကြိုးစားမလဲ၊ မင်းသားကရော သူ့ကောင်မလေးကို ဘယ်လောက်ထိချစ်ပြီး ကာကွယ်ပေးမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ကြည့်ရှုရမှာပါ။

၂။ Our Blues

၂၀၂၁ က ထွက်ခဲ့တဲ့ Hometown Cha Cha Cha လိုမျိုး ကျေးလက်ဒေသပုံစံလေး ရိုက်ကူးထားတဲ့ Healing Drama ကားလေးပါ။

မြင်နေကြ လူငယ်သဘာဝအချစ်ပုံစံမျိုးကို ခံစားရမှာမဟုတ်ဘဲ လောကကြီးမှာ နေတာကြာလာတာနဲ့အမျှ ရင့်ကျက်လာကြပြီး အခြေအနေအရ ထိုက်သင့်တဲ့ဆုံးဖြတ်ချက်တွေကို ချခဲ့ရတဲ့ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေရဲ့  လူနေမှုဘ၀ကို မြင်သာထင်သာရှိအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

ဂျယ်ဂျူကျွန်းပေါ်မှာ ရိုက်ထားတာဖြစ်ပြီး ကျေးလက်ဒေသနဲ့ ပင်လယ်ပြင်အလှကို ခံစားရမှာမို့ တမူထူးခြားပြီး ကြည့်လို့ကောင်းနေမှာပါ။

ဇာတ်ကားထဲမှာလည်း သရုပ်ဆောင်ပညာပိုင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင်တွေချည်းပဲဆိုတော့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားအဖြစ် မထုတ်လွှင့်ခင်ကတည်းက သတင်းမွှေးနေတာပါ။

၃။ Business Proposal

ဒီဇာတ်လမ်းတွဲလေးဟာ ကြည့်ရှုသူပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို တော်တော်လေးရရှိခဲ့ပါတယ်။ အပိုင်းလေးပိုင်းလောက်ထိ ထုတ်လွှင့်ပြသခဲ့ပြီးနောက် ကြည့်ရှုနှုန်း ၈.၇% ထိ မြင့်တက်ခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာ Main Couple နဲ့ Side Couple ဆိုပြီး အတွဲနှစ်တွဲပါပါတယ်။ ချောမောလှပတဲ့ သရုပ်ဆောင်တွေရဲ့  အချစ်နဲ့ဟာသအနှော ဇာတ်လမ်းကောင်းလေးဖြစ်လို့ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ပါတယ်။

မကြည့်ရသေးဘူးဆိုရင် စိတ်ဆင်းရဲစရာတွေများတဲ့ ဒီလိုကာလကြီးမှာ အခုလို ရုံးတွင်းအချစ်ဇာတ်မြူးလေးကို ကြည့်ပြီး အပန်းပြေချင်ရင် ကြည့်လိုက်တော့နော်။

၄။ All of Us Are Dead

 

ဒီဇာတ်ကားကတော့ ၂၀၂၂ မှာ Netflixက နောက်ဆုံးထွက်ရှိထားတဲ့ ကိုရီးယား Zombie ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ သည်းထိတ်ရင်ဖို Zombie ဇာတ်ကားတွေ၊ Survival ဇာတ်ကားတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် တစ်ပိုင်းပြီးတစ်ပိုင်း ဆွဲခေါ်သွားမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုပါ။

ဇာတ်လမ်းလေးကတော့ Zombie ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ကျောင်းသူလေးတစ်ယောက်ကနေ စတာပါ။ ထိုကျောင်းသူလေးက တစ်ကျောင်းလုံးမှာရှိတဲ့ လူတွေကို လိုက်ကိုက်တဲ့အခါ အသက်ရှင်လွတ်မြောက်အောင် ဘယ်လိုတွေရုန်းကန်ကြရလဲဆိုတာကို ပေါ်ဖော်ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။

၅။ Twenty Five – Twenty One

ဒီဇာတ်လမ်းကတော့ ၁၉၉၈ ဝန်းကျင်က လူငယ်တွေရဲ့ နေထိုင်မှုပုံစံနဲ့ အချစ်ဇာတ်လမ်းကို တည်ပြီးတော့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်နဲ့ ၁၈ နှစ်မှာ စတွေ့ခဲ့ကြတဲ့ လူငယ်နှစ်ယောက်ဟာ နောက်ထပ်  နှစ် အကြာ ၂၅ နှစ်နဲ့  ၂၁ နှစ်မှာ ပြန်တွေ့ပြီး အချစ်ဇာတ်လမ်းလေး ဖြစ်ပေါ်ခဲ့ကြတာပါ။

၁၉၈၈ ခုနှစ်ကို အခြေခံပြီး ရိုက်ထားတယ်ဆိုပေမဲ့ ဒီဇာတ်လမ်းထဲက ရိုက်ကွင်းရိုက်ကွက်တွေက တကယ့်ကို Colorful ဖြစ်ပြီး ကြည့်ကောင်းပါတယ်။

ကျောင်းသားကားတွေ၊ အားကစားကားတွေ၊ လွမ်းရဆွေးရတာကို ကြိုက်တဲ့ ပရိသတ်တွေအတွက်ကတော့ ဒီကားလေးက ၂၀၂၂ ရဲ့ အကောင်းဆုံးကားလေး ဖြစ်စေမှာပါ။

ဒီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kim Tae-ri က Twenty Five Twenty One ဇာတ်လမ်းတွဲနဲ့ ၂၀၂၂ ရဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။   

 

⇐ Previous Next

Read 1817 times