Shopping & Promos

The Best Office Furniture Brands All In One Shop

The Best Office Furniture Brands All In One Shop

လုပ်ငန်းခွင်မှာ Results ကောင်းကောင်းရဖို့ဆိုရင် အလုပ်လုပ်တဲ့အခါ သင့်အတွက် သက်တောင့်သက်သာ ဖြစ်စေမယ့် ထိုင်ခုံကောင်းကောင်းတစ်လုံး ရှိဖို့ လိုပါတယ်။ ဒီလို အလုပ်ကောင်းကောင်းလုပ်နိုင်မယ့် Branded Products တွေကို MMRD Office Living Showroom တစ်ဆိုင်ထဲမှာ ရွေးချယ် ဝယ်ယူနိုင်တယ်ဆိုတာ သိပြီးပြီလား..?

 

နာမည်ကျော် အမေရိကန်အမှတ်တံဆိပ်ဖြစ်တဲ့ Herman Miller ထိုင်ခုံတွေ၊ အမေရိကန် အမှတ်တံဆိပ်တွေထဲကမှ ဈေးနှုန်းအသင့်အတင့်နဲ့ အရည်အသွေးကောင်းတဲ့ Loctek ထိုင်ခုံတွေ၊ ကိုရီးယား နာမည်ကြီး အမှတ်တံဆိပ် Dawon ထိုင်ခုံတွေအပြင် ပြည်တွင်းထုတ်ကိုမှ သုံးချင်သူတွေအတွက် ကိုယ်ပိုင်အမှတ်တံဆိပ် Office Living ထိုင်ခုံတွေကိုပါ MMRD Office Living Showroom ဝန်ဆောင်မှုအပြည့်၊ အာမခံအပြည့်နဲ့ စိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်ပါတယ်။

 

 

MMRD Office Living ကနေ တင်သွင်းတဲ့ ပစ္စည်းတွေဟာဆိုရင် သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု အဖြစ်ဆုံးသော ထိုင်ခုံတွေ ဖြစ်တာကြောင့် နိုင်ငံတစ်ကာမှာ လူကြိုက်များ ရေပန်းစားတဲ့အတိုင်း အလုပ်လုပ်ရာမှာ တကယ့်ကို သက်တောင့်သက်သာ ဖြစ်စေပြီး  Luxury ဆန်ဆန် ခံစားမှုမျိုးကို ပေးစွမ်းနိုင်မှာပါ။ 

 

MMRD Office Living ဟာ မြန်မာနိုင်ငံရဲ့ တစ်ဦးထဲသော Official Dealer ဖြစ်တာကြောင့် (၁၀၀) ရာခိုင်နှုန်း ပစ္စည်းစစ်မှန်ပြီး အာမခံပေးတဲ့ နေရာမှာလည်း ထိုင်ခုံအမျိုးအစားအလိုက်  (၃) နှစ်ကနေ (၁၂) နှစ်အထိ Full Manufacturers’ Warranties ကို ပေးထားပါတယ်။ စျေးနှုန်းကလည်း အခွန်မဆောင်ရတဲ့ စင်ကာပူ၊ ဟောင်ကောင်တို့နဲ့ ဈေးအတူတူ ရောင်းပေးတာမို့ သယ်ယူပို့ဆောင်စရိတ်တွေ အကုန်ခံပြီး တကူးတက သွားဝယ်စရာ မလိုတော့ပါဘူး။ 

 

ကိုယ်နှစ်သက်တဲ့ ဒီဇိုင်းနဲ့ ပုံစံ၊ ကိုယ်သုံးနိုင်တဲ့ ဘတ်ဂျတ်တွေပေါ် မူတည်ပြီး လိုချင်တဲ့ထိုင်ခုံနဲ့ ကိုက်ညီမှုရှိအောင် MMRD Office Living ကနေ အကောင်းဆုံး အကြံဉာဏ်ပေးနေသလို ကြိုက်တဲ့ထိုင်ခုံ ရှိရင်လည်း တစ်ပတ်တာ စမ်းသုံးနိုင်မယ့် အခွင့်အရေးကို ရရှိမှာ ဖြစ်ပါတယ်။

 

တကယ်လို့ ဝယ်ပြီးမှ ကိုယ်နဲ့ မကိုက်ညီတာ ဒါမှမဟုတ် အဆင်မပြေတာရှိရင်လည်း (၁၄) ရက်အတွင်း ပစ္စည်းပြန်အပ်လို့ ရပြီး လာပို့၊ လာယူ Free Delivery နဲ့အတူ အိမ်အရောက်တပ်ဆင်ပေးမယ့် Service လည်း ရှိသေးတယ်ဆိုတော့ ကြိုက်တဲ့ခုံကိုသာ လက်ညိုးထိုးလိုက်ပါ။

Showroom တည်နေရာက St.John City Mall မှာ ရှိတာမို့လို့ Branded Products တွေ လာဝယ်ရင်း မုန့်စားတာ၊ ရှော့ပင်းထွက်တာတွေလည်း လုပ်လို့ရတယ်ဆိုတော့ တစ်ချက်ခုတ်နှစ်ချက် ပြတ်ပဲပေါ့ဗျာ။ ပါကင်ကလည်း အကျယ်ကြီးဆိုတော့ ခေါင်းစားစရာမလိုပဲ အေးအေးဆေးဆေး အချိန်ယူပြီး ဝယ်လို့ရတယ်။ 

 

MMRD Office Living ကို အားပေးကြတဲ့ လူကြီးမင်းတွေအတွက် လတိုင်းလတိုင်း ပရိုမိုးရှင်းတွေနဲ့ အထူးအစီအစဥ်တွေ ရှိတာကြောင့် သတင်းကောင်းတွေ လက်မလွတ်ရအောင် ကျွန်တော်တို့ရဲ့  Facebook Page ( https://cutt.ly/xmcjGzd ) နဲ့ Special Deals တွေ ဖော်ပြပေးနေတဲ့ Yangon Directory Website ( https://cutt.ly/OmcjZsU ) ကို အမြဲဝင်ကြည့်ဖို့ကိုလည်း မမေ့နဲ့ဦးနော်။ 

ကျွန်တော်တို့ MMRD Office Living ကနေ ရောင်းချပေးနေတဲ့ Product တွေနဲ့ ဝန်ဆောင်မှုတွေအကြောင်းကို ပိုမိုသိရှိလိုတယ်ဆိုရင်လည်း အသေးစိတ် သေချာရှင်းပြပေးမှာဖြစ်လို့ ဖုန်းနံပါတ် 09448627776 ကို ဆက်သွယ်လိုက်ပါ။

⇐ Previous Next

Read 5478 times